တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ လုပ္ငန္း (၂၀)အတြက္ လႊတ္ေတာ္ဖြံ႕ၿဖိဳးေရး ရန္ပံုေငြ က်ပ္သိန္း (၁,၀၀၀)ေပးအပ္

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ လုပ္ငန္း (၂၀)အတြက္ လႊတ္ေတာ္ဖြံ႕ၿဖိဳးေရး ရန္ပံုေငြ က်ပ္သိန္း (၁,၀၀၀)ေပးအပ္
ဇန်နဝါရီ 8, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားေဆာင္ရြက္ရန္ အတြက္ ၿမိဳ႕နယ္အတြင္းရွိ ၿမိဳ႕(၃)ၿမိဳ႕မွ  ေရရရိွေရး၊ ေက်းလက္လမ္းႏွင့္ တံတားလုပ္ငန္း အခု(၂၀)အတြက္ လႊတ္ေတာ္ဖြံ႕ၿဖိဳး ေရးရန္ပံုေငြ က်ပ္သိန္း (၁,၀၀၀)ကို ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ (၉)ရက္ေန႔တြင္ သက္ဆိုင္ရာတာ၀န္ရိွသူမ်ားကို ေပးအပ္ခဲ့ ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စုတြင္ ေက်းလက္လမ္းႏွင့္တံတားတည္ေဆာက္ေရး လုပ္ငန္း (၂)ခုအတြက္ ေငြက်ပ္သိန္း (၁၀၀)၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုတြင္ ေရရရိွေရးလုပ္ငန္း အတြက္ ေငြက်ပ္သိန္း (၅၀)၊ ၀မ္းလုံေက်းရြာအုပ္စုတြင္ ေက်းလက္လမ္းလုပ္ငန္း (၂)ခုအတြက္ ေငြက်ပ္သိန္း (၁၀၀)၊ မိုင္းကိုးေက်းရြာအုပ္စုတြင္ ေရရရိွေရးလုပ္ငန္း (၂)ခုႏွင့္ ေက်းလက္လမ္းလုပ္ငန္း (၃)ခု အတြက္ က်ပ္သိန္း (၂၅၀)၊ မိုင္းဟဲေက်းရြာအုပ္စု ေရရရိွေရးလုပ္ငန္း (၂)ခုအတြက္ ေငြက်ပ္သိန္း (၁၀၀)ႏွင့္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု ေက်းလက္လမ္းအတြက္ ေငြက်ပ္ သိန္း (၅၀)ေပးအပ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ တာေလၿမိဳ႕ မိုင္းလင္း(ေရွ႕)ေက်းရြာအုပ္စု ေက်းလက္လမ္းအတြက္ ေငြက်ပ္သိန္း (၅၀)၊ မိုင္းလင္း(ေနာက္)ေက်းရြာအုပ္စု ေက်းလက္လမ္းအတြက္ ေငြက်ပ္သိန္း (၅၀)ႏွင့္ နားေယာင္းေက်းရြာအုပ္စု ေက်းလက္လမ္းအတြက္ ေငြက်ပ္သိန္း (၅၀)ေပးအပ္သည္။

တာခ်ီလိတ္ၿမိဳ႕နယ္ က်ိဳင္းလပ္ၿမိဳ႕ ရပ္ကြက္(၁) ေက်းလက္လမ္းအတြက္ ေငြက်ပ္သိန္း(၅၀)၊ နမ့္ခင္းေက်းရြာအုပ္စု ေက်းလက္လမ္းအတြက္ က်ပ္သိန္း(၅၀)၊ ပါလွ်ိဳးအုပ္စု ေက်းလက္လမ္းအတြက္ ေငြက်ပ္သိန္း (၅၀)ႏွင့္ က်ခမ္းေက်ာက္အုပ္စု ေက်းလက္လမ္းအတြက္ က်ပ္သိန္း (၅၀) အသီးသီး ေပးအပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ လႊတ္ေတာ္ရန္ပံုေငြေပးအပ္ပြဲသို႔  ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္  ဦးစိုင္းလံုစံခတ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ ႏွင့္  ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာ ႏွင့္ ဌာနဆိုင္ရာ တာ၀န္ရိွသူမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် အတွက် မြို့နယ်အတွင်းရှိ မြို့(၃)မြို့မှ ရေရရှိရေး၊ ကျေးလက်လမ်းနှင့် တံတားလုပ်ငန်း အခု(၂၀)အတွက် လွှတ်တော်ဖွံ့ဖြိုး ရေးရန်ပုံငွေ ကျပ်သိန်း (၁,ဝဝဝ)ကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများကို ပေးအပ်ခဲ့ ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင် ကျေးလက်လမ်းနှင့်တံတားတည်ဆောက်ရေး လုပ်ငန်း (၂)ခုအတွက် ငွေကျပ်သိန်း (၁၀၀)၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် ရေရရှိရေးလုပ်ငန်း အတွက် ငွေကျပ်သိန်း (၅၀)၊ ဝမ်းလုံကျေးရွာအုပ်စုတွင် ကျေးလက်လမ်းလုပ်ငန်း (၂)ခုအတွက် ငွေကျပ်သိန်း (၁၀၀)၊ မိုင်းကိုးကျေးရွာအုပ်စုတွင် ရေရရှိရေးလုပ်ငန်း (၂)ခုနှင့် ကျေးလက်လမ်းလုပ်ငန်း (၃)ခု အတွက် ကျပ်သိန်း (၂၅၀)၊ မိုင်းဟဲကျေးရွာအုပ်စု ရေရရှိရေးလုပ်ငန်း (၂)ခုအတွက် ငွေကျပ်သိန်း (၁၀၀)နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု ကျေးလက်လမ်းအတွက် ငွေကျပ် သိန်း (၅၀)ပေးအပ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် တာလမြေို့ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု ကျေးလက်လမ်းအတွက် ငွေကျပ်သိန်း (၅၀)၊ မိုင်းလင်း(နောက်)ကျေးရွာအုပ်စု ကျေးလက်လမ်းအတွက် ငွေကျပ်သိန်း (၅၀)နှင့် နားယောင်းကျေးရွာအုပ်စု ကျေးလက်လမ်းအတွက် ငွေကျပ်သိန်း (၅၀)ပေးအပ်သည်။

တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ ရပ်ကွက်(၁) ကျေးလက်လမ်းအတွက် ငွေကျပ်သိန်း(၅၀)၊ နမ့်ခင်းကျေးရွာအုပ်စု ကျေးလက်လမ်းအတွက် ကျပ်သိန်း(၅၀)၊ ပါလျှိုးအုပ်စု ကျေးလက်လမ်းအတွက် ငွေကျပ်သိန်း (၅၀)နှင့် ကျခမ်းကျောက်အုပ်စု ကျေးလက်လမ်းအတွက် ကျပ်သိန်း (၅၀) အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လွှတ်တော်ရန်ပုံငွေပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~