တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္အတြင္း အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါးဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္အတြင္း အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါးဖမ္းဆီးရမိ
ဇန်နဝါရီ 14, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္အတြင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၃)ရက္ေန႔ ညေန (၃)နာရီခြဲက ဖမ္းဆီးရမိသည့္ စိတ္ၾကြေဆးအေၾကမႈန္႔ (၂၀၀)ဂရမ္ခန္႔ သယ္ေဆာင္လာသူ၏ ေနအိမ္မွ ဘိန္းညိဳႏွင့္ စိတ္ၾကြေဆး အေၾကမႈန္႔မ်ားကို ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႔က ပုန္းထြန္ရပ္ကြက္၊ ေငြေစတီလမ္းမတြင္ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ စိုင္းဆာေအးကို စစ္ေဆးရာ ဆိုင္ကယ္ေရွ႕ျခင္းတြင္ ပလတ္စတစ္အိတ္ျဖင့္ ထည့္၍ သယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပားအေၾကမႈန္႔ (၂၀၀)ဂရမ္ကို စစ္ေဆးေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေဆးေဖၚထုတ္ခ်က္ အရ ၎၏ေနအိမ္ျဖစ္သည့္ ရန္ေအာင္ေျမရပ္ကြက္အတြင္းရွိ ေနအိမ္အား သြားေရာက္ ရွာေဖြရာ   စိတ္ၾကြေဆးအေၾကမႈန္႔ (၁၀၀)ဂရမ္ႏွင့္ ဘိန္းညိဳ ဘေလာက္တံုး (၁၂၀)ဂရမ္တို႔ကို ထပ္မံဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းဆာေအးကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၉/၂၀၁၉၊ မူး/စိတ္ ၁၉(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့ ညနေ (၃)နာရီခွဲက ဖမ်းဆီးရမိသည့် စိတ်ကြွဆေးအကြေမှုန့် (၂၀၀)ဂရမ်ခန့် သယ်ဆောင်လာသူ၏ နေအိမ်မှ ဘိန်းညိုနှင့် စိတ်ကြွဆေး အကြေမှုန့်များကို ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းမတွင် ဆိုင်ကယ်မောင်းနှင်လာသည့် စိုင်းဆာအေးကို စစ်ဆေးရာ ဆိုင်ကယ်ရှေ့ခြင်းတွင် ပလတ်စတစ်အိတ်ဖြင့် ထည့်၍ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြားအကြေမှုန့် (၂၀၀)ဂရမ်ကို စစ်ဆ ေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက် အရ၎င်း၏နေအိမ်ဖြစ်သည့် ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ်အား သွားရောက် ရှာဖွေရာ စိတ်ကြွဆေးအကြေမှုန့် (၁၀၀)ဂရမ်နှင့် ဘိန်းညို ဘလောက်တုံး (၁၂၀)ဂရမ်တို့ကို ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းဆာအေးကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၉/၂၀၁၉၊ မူး/စိတ် ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~