ဗိုလ္ခ်ဳပ္ေၾကးရုပ္တုအား ေရစႀကိဳၿမိဳ႕ ၿမိဳ႕အ၀င္ေရႊဂူႀကီးလမ္းဆံု၌ ထား႐ွိေပးေရး ေဒသခံျပည္သူမ်ား ဆႏၵေဖာ္ထုတ္ကာ ေတာင္းဆို

ဗိုလ္ခ်ဳပ္ေၾကးရုပ္တုအား ေရစႀကိဳၿမိဳ႕ ၿမိဳ႕အ၀င္ေရႊဂူႀကီးလမ္းဆံု၌ ထား႐ွိေပးေရး ေဒသခံျပည္သူမ်ား ဆႏၵေဖာ္ထုတ္ကာ ေတာင္းဆို
ဇန်နဝါရီ 24, 2019
By Tachileik News Agency

ေရစႀကိဳၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တုအား ရံုးေပါင္းစံုဝန္း အတြင္း ထားရိွရန္ ေဆာင္ရြက္ေနမႈ အေပၚ ကန္႔ကြက္လိုက္ၿပီး ေရစႀကိဳၿမိဳ႕အ၀င္ ေရႊဂူႀကီးလမ္းဆံု၌ ထားရိွေပးရန္အတြက္ ၂၀၁၉ခုႏွစ္ ဇန္ဝါရီလ(၂၃) ရက္ နံနက္ပိုင္းတြင္ ေဒသခံ ျပည္သူ အင္အား(၃၀၀)ေက်ာ္၀န္းက်င္က ဆႏၵေဖာ္ထုတ္ခဲ့ေၾကာင္း သိရသည္။

“ဗိုလ္ခ်ဳပ္ေၾကးရုပ္ကို ကၽြန္ေတာ္တို႔ ေတြ႕ဖူးသေလာက္ကေတာ့ အမ်ားျမင္သာထင္သာရိွတဲ့ လမ္းဆံု၊ လမ္းမ ေနရာေတြမွာပဲ ထားရိွတယ္။ ေရစႀကိဳမွာ ပန္းျခံေတြရိွေပမယ့္ ပန္းျခံေတြဘဝကေန အမိႈက္ျခံေတြ ဘဝေရာက္ေနၾကတယ္။ ဗိုလ္ခ်ဳပ္ေၾကးရုပ္ကို ရံုးေပါင္းစံုဝန္းထဲမွာ ထားရိွဖို႔ကေတာ့ ဘယ္လို မွ မသင့္ေတာ္ဘူးလို႔ ယူဆၾကတဲ့အတြက္ အခုလို ဆႏၵေဖာ္ထုတ္ၾကတာပါ”ဟု ဆႏၵေဖာ္ထုတ္ပဲြတြင္ ပါဝင္သည့္ အမွတ္(၂)ေတာင္သာရပ္ကြက္ေန ကိုသိန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တုအား ေရစႀကိဳၿမိဳ႕အ၀င္ ေရႊဂူႀကီးလမ္းဆံု၌ ထား႐ွိေပးေရး၊ ၿမိဳ႕လူထု ဆႏၵအား အေလးမထားသည့္ ႐ုပ္တုျဖစ္ေျမာက္ေရးအဖြဲ႕အား ဖ်က္သိမ္းေပးေရး၊ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တု ေနရာခ်ထားေရး ေကာ္မတီအသစ္ အျမန္ဖြဲ႕စည္းေပးေရး၊ ႐ွိေနေသာ ျပည္သူ႔ပန္းျခံမ်ားအား အဆင့္ျမႇင့္တင္ ေပးေရး၊ ၿမိဳ႕လူထုဆႏၵႏွင့္ မကိုက္ညီသည့္လုပ္ငန္းမ်ား လုပ္ေဆာင္ေနသည့္ စည္ပင္သာယာေရးေကာ္မတီ အလိုမ႐ွိ စသည့္ ေၾကြး ေၾကာ္သံမ်ားျဖင့္ ၿမိဳ႕တြင္း လွည့္လည္ ဆႏၵေဖာ္ထုတ္ခဲ့ၾကေၾကာင္း သိရသည္။

ဆႏၵေဖာ္ထုတ္ျခင္းမ်ား ျပဳလုပ္ေသာ္လည္း မူလအစီအစဥ္အတိုင္း ဆက္လက္လုပ္ေဆာင္ သြားမည္ျဖစ္ၿပီး လြန္ခဲ့သည့္ (၃)ႏွစ္ကတည္းက ၿမိဳ႕လူထုထံမွေကာက္ခံရရိွသည့္ ေငြေၾကးမ်ားျဖင့္ ရုပ္တု စတင္ျပဳလုပ္ ခဲ့ရာတြင္ ရုပ္တုၿပီးခဲ့သည္မွာ (၂)ႏွစ္ခြဲခန္႔ရိွခဲ့သလို လက္ရိွစည္ေပါင္းရံုးႀကီးမွာ ယခင္က အားကစား၀န္း အေဟာင္းႀကီးျဖစ္ခဲ့ၿပီး စစ္အစိုးရ လက္ထပ္တြင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိမ္းယူကာ စုေပါင္းရံုးအျဖစ္ အသြင္ေျပာင္းခဲ့ေၾကာင္း သိရသည္။

စုေပါင္းရံုး၀န္းအတြင္းတြင္ ျမန္မာႏိုင္ငံ၏ ဒုတိယအျမင့္ဆံုး လြတ္လပ္ေရးေက်ာက္တိုင္တည္ရိွသျဖင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္တုကို တြဲဖက္ထားရိွရန္ စီစဥ္ထားၿပီး စုေပါင္းရံုးကိုလည္း မ်ားျပည္သူ အပန္းေျဖရာ ပန္းၿခံတစ္ခုျပဳလုပ္ႏိုင္ရန္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ျပန္လည္ေတာင္းယူခဲ့ေၾကာင္း သိရသည္။

“အဲဒီ  ေနရာက သစ္ပင္တစ္ခ်ိဳ႕ကို ခုတ္ရွင္းတာကစၿပီး သူတို႔ ကန္႔ကြက္ခဲ့ၾကတာ ခုထိပဲေျပာပါေတာ့။ ပုဂၢိဳလ္ ေရးမေက်နပ္ခ်က္ေတြေၾကာင့္ ကန္႔ကြက္ၾကတာျဖစ္လို႔ မူလအစီအစဥ္အတိုင္းပဲ ဆက္လုပ္ သြားၾကမွာပါ”ဟု ဗိုလ္ခ်ဳပ္ေၾကးရုပ္တု ျဖစ္ေျမာက္ေရးေကာ္မတီ ဥကၠ႒ ဦးမ်ိဳးၾကည္က ေျပာသည္။

ဆႏၵေဖာ္ထုတ္ပဲြမတိုင္မီကလည္း မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႕ႏွင့္ ေရစႀကိဳၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတို႔တြင္ ဗိုလ္ခ်ဳပ္ေၾကးရုပ္အား ရံုးေပါင္းစံုဝန္းအတြင္း ထားရိွမည့္ အစီအစဥ္အေပၚ ေဒသခံအင္အား (၁၀၀၀)ေက်ာ္၏ လက္မွတ္မ်ားျဖင့္ ကန္႔ကြက္စာမ်ား ေပးပို႔ ထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရေစကြိုမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား ရုံးပေါင်းစုံဝန်း အတွင်း ထားရှိရန် ဆောင်ရွက်နေမှု အပေါ် ကန့်ကွက်လိုက်ပြီး ရေစကြိုမြို့အဝင် ရွှေဂူကြီးလမ်းဆုံ၌ ထားရှိပေးရန်အတွက် ၂၀၁၉ခုနှစ် ဇန်ဝါရီလ(၂၃) ရက် နံနက်ပိုင်းတွင် ဒေသခံ ပြည်သူ အင်အား(၃၀၀)ကျော်ဝန်းကျင်က ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

“ဗိုလ်ချုပ်ကြေးရုပ်ကို ကျွန်တော်တို့ တွေ့ဖူးသလောက်ကတော့ အများမြင်သာထင်သာရှိတဲ့ လမ်းဆုံ၊ လမ်းမ နေရာတွေမှာပဲ ထားရှိတယ်။ ရေစကြိုမှာ ပန်းခြံတွေရှိပေမယ့် ပန်းခြံတွေဘဝကနေ အမှိုက်ခြံတွေ ဘဝရောက်နကြေတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကို ရုံးပေါင်းစုံဝန်းထဲမှာ ထားရှိဖို့ကတော့ ဘယ်လို မှ မသင့်တော်ဘူးလို့ ယူဆကြတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ကြတာပါ”ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သည့် အမှတ်(၂)တောင်သာရပ်ကွက်နေ ကိုသိန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား ရေစကြိုမြို့အဝင် ရွှေဂူကြီးလမ်းဆုံ၌ ထားရှိပေးရေး၊ မြို့လူထု ဆန္ဒအား အလေးမထားသည့် ရုပ်တုဖြစ်မြောက်ရေးအဖွဲ့အား ဖျက်သိမ်းပေးရေး၊ ဗိုလ်ချုပ်ကြေးရုပ်တု နေရာချထားရေး ကော်မတီအသစ် အမြန်ဖွဲ့စည်းပေးရေး၊ ရှိနေသော ပြည်သူ့ပန်းခြံများအား အဆင့်မြှင့်တင် ပေးရေး၊ မြို့လူထုဆန္ဒနှင့် မကိုက်ညီသည့်လုပ်ငန်းများ လုပ်ဆောင်နေသည့် စည်ပင်သာယာရေးကော်မတီ အလိုမရှိ စသည့် ကြွေး ကြော်သံများဖြင့် မြို့တွင်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်သော်လည်း မူလအစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး လွန်ခဲ့သည့် (၃)နှစ်ကတည်းက မြို့လူထုထံမှကောက်ခံရရှိသည့် ငွေကြေးများဖြင့် ရုပ်တု စတင်ပြုလုပ် ခဲ့ရာတွင် ရုပ်တုပြီးခဲ့သည်မှာ (၂)နှစ်ခွဲခန့်ရှိခဲ့သလို လက်ရှိစည်ပေါင်းရုံးကြီးမှာ ယခင်က အားကစားဝန်း အဟောင်းကြီးဖြစ်ခဲ့ပြီး စစ်အစိုးရ လက်ထပ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိမ်းယူကာ စုပေါင်းရုံးအဖြစ် အသွင်ပြောင်းခဲ့ကြောင်း သိရသည်။

စုပေါင်းရုံးဝန်းအတွင်းတွင် မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံး လွတ်လပ်ရေးကျောက်တိုင်တည်ရှိသဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို တွဲဖက်ထားရှိရန် စီစဉ်ထားပြီး စုပေါင်းရုံးကိုလည်း များပြည်သူ အပန်းဖြေရာ ပန်းခြံတစ်ခုပြုလုပ်နိုင်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြန်လည်တောင်းယူခဲ့ကြောင်း သိရသည်။

“အဲဒီ နေရာက သစ်ပင်တစ်ချို့ကို ခုတ်ရှင်းတာကစပြီး သူတို့ ကန့်ကွက်ခဲ့ကြတာ ခုထိပဲပြောပါတော့။ ပုဂ္ဂိုလ် ရေးမကျေနပ်ချက်တွေကြောင့် ကန့်ကွက်ကြတာဖြစ်လို့ မူလအစီအစဉ်အတိုင်းပဲ ဆက်လုပ် သွားကြမှာပါ”ဟု ဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးကြည်က ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲမတိုင်မီကလည်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် ဗိုလ်ချုပ်ကြေးရုပ်အား ရုံးပေါင်းစုံဝန်းအတွင်း ထားရှိမည့် အစီအစဉ်အပေါ် ဒေသခံအင်အား (၁၀၀၀)ကျော်၏ လက်မှတ်များဖြင့် ကန့်ကွက်စာများ ပေးပို့ ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~