ဘူးသီးေတာင္ၿမိဳ႕နယ္ရိွ ရဲကင္းစခန္း(၄)ခု တုိက္ခုိက္ခံရမႈတြင္ က်ဆံုးသြားသည့္ က်ိဳင္းတံုၿမိဳ႕မွ ရဲတပ္သားအတြက္ ေထာက္ပံံ့ေငြေပးအပ္

ဘူးသီးေတာင္ၿမိဳ႕နယ္ရိွ ရဲကင္းစခန္း(၄)ခု တုိက္ခုိက္ခံရမႈတြင္ က်ဆံုးသြားသည့္ က်ိဳင္းတံုၿမိဳ႕မွ ရဲတပ္သားအတြက္ ေထာက္ပံံ့ေငြေပးအပ္
ဇန်နဝါရီ 5, 2019
By Tachileik News Agency

ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ရိွ နယ္ေျမရဲကင္းစခန္း (၄)ခု တုိက္ခုိက္ခံရမႈတြင္ က်ဆံုးခဲ့သည့္ ရဲတပ္သား ဖားဖာ့အတြက္ ေထာက္ပံ့ေငြကို ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္ရွိ ၎၏ မိဘမ်ားထံ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၅)ရက္ေန႔ ေန႔လယ္ (၁၁)နာရီေက်ာ္တြင္ သြားေရာက္ေပးအပ္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕နယ္၊ လြယ္ေမြေက်းရြာအုပ္စု၊ ေနာင္လ်န္(၂)ေက်းရြာတြင္ ေနထုိင္သည့္ ရဲတပ္သား ဖားဖာ့၏ မိဘမ်ားျဖစ္သည့္ ဦးအားေခ်းႏွင့္ ေဒၚမီတီးတို႔ထံသို႔ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္မွ ေထာက္ပံ့ေပးအပ္ေငြ က်ပ္ (၁၀)သိန္း၊ ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွ ေထာက္ပံ့ေပးအပ္ေငြ က်ပ္(၅)သိန္းႏွင့္ က်ိဳင္းတံုခရုိင္ရဲတပ္ဖြဲ႕မွ ေထာက္ပံ့ေပးအပ္ေငြ က်ပ္(၂)သိန္း စုစုေပါင္း က်ပ္ (၁၇)သိန္းကို က်ိဳင္းတံုၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး သန္းေဌး ဦးေဆာင္သည့္အဖြဲ႕က သြားေရာက္ေပးအပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

နယ္ေျမ(၁၀)၊ အမွတ္(၃)နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ခြဲ ကြပ္ကဲမႈေအာက္ရွိ ရဲကင္းစခန္း(၄)ခုျဖစ္သည့္ ဘူးသီးေတာင္ၿမိဳ႕နယ္ရိွ ငျမင္းေဘာ္ရဲကင္းစခန္းအား AA အင္အား (၁၀၀)ဦးခန္႔ျဖင့္လည္းေကာင္း၊ ေက်ာင္းေတာင္ရဲကင္းစခန္းအား AA အင္အား(၁၀၀)ဦးခန႔္မွ လည္းေကာင္း၊ ဂုပၸိရဲကင္းစခန္းအား AA အင္အား(၅၀)ဦးခန႔္ျဖင့္ လည္းေကာင္း၊ ခထီးလွရဲကင္းစခန္းအား AA အင္အား(၁၀၀)ဦးခန႔္ျဖင့္ လည္းေကာင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၄) ရက္ေန႔ နံနက္ (၆) နာရီခြဲဝန္းက်င္တြင္ ဝင္ေရာက္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဘူးသီးေတာင္ၿမိဳ႕နယ္ရိွ ခထီးလွရဲကင္းစခန္းမွ ရဲတပ္သား သန္႔ဇင္မင္း၊ ရဲတပ္သား ဖားဖာ့၊ ေက်ာင္းေတာင္ရဲကင္းစခန္းမွ ရဲမွဴး စိုင္းဘိုဟန္၊ ရဲတပ္ၾကပ္ႀကီး တင္ထြန္းေအာင္၊ ငျမင္းေဘာ္ရဲကင္း စခန္းမွ ဒုရဲအုပ္ ျမင့္လြင္၊ ရဲတပ္ၾကပ္ မာန္လ်န္းဇမ္၊ ရဲဒုတပ္ၾကပ္ ေအာင္ေဌး၊ ရဲဒုတပ္ၾကပ္ ထြန္းလွ၊ ရဲဒုတပ္ၾကပ္(မဲ့) သန္းေရႊဦး၊ ရဲတပ္ၾကပ္ မ်ိဳးျမင့္၊ ရဲတပ္သား ဂိုးခန္႔ေပါင္၊ ရဲတပ္သား ျမတ္ေက်ာ္ၿငိမ္း၊ ရဲတပ္သား ကိုကိုလတ္တို႔ က်ဆံုးခဲ့ျခင္းျဖစ္သည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ နယ်မြေရဲကင်းစခန်း (၄)ခု တိုက်ခိုက်ခံရမှုတွင် ကျဆုံးခဲ့သည့် ရဲတပ်သား ဖားဖာ့အတွက် ထောက်ပံ့ငွေကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ၎င်း၏ မိဘများထံ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့ နေ့လယ် (၁၁)နာရီကျော်တွင် သွားရောက်ပေးအပ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ နောင်လျန်(၂)ကျေးရွာတွင် နေထိုင်သည့် ရဲတပ်သား ဖားဖာ့၏ မိဘများဖြစ်သည့် ဦးအားချေးနှင့် ဒေါ်မီတီးတို့ထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ထောက်ပံ့ပေးအပ်ငွေ ကျပ် (၁၀)သိန်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်ငွေ ကျပ်(၅)သိန်းနှင့် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်ငွေ ကျပ်(၂)သိန်း စုစုပေါင်း ကျပ် (၁၇)သိန်းကို ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဌေး ဦးဆောင်သည့်အဖွဲ့က သွားရောက်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

နယ်မြေ(၁၀)၊ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုအောက်ရှိ ရဲကင်းစခန်း(၄)ခုဖြစ်သည့် ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော်ရဲကင်းစခန်းအား AA အင်အား (၁၀၀)ဦးခန့်ဖြင့်လည်းကောင်း၊ ကျောင်းတောင်ရဲကင်းစခန်းအား AA အင်အား(၁၀၀)ဦးခန့်မှ လည်းကောင်း၊ ဂုပ္ပိရဲကင်းစခန်းအား AA အင်အား(၅၀)ဦးခန့်ဖြင့် လည်းကောင်း၊ ခထီးလှရဲကင်းစခန်းအား AA အင်အား(၁၀၀)ဦးခန့်ဖြင့် လည်းကောင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ နံနက် (၆) နာရီခွဲဝန်းကျင်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ ခထီးလှရဲကင်းစခန်းမှ ရဲတပ်သား သန့်ဇင်မင်း၊ ရဲတပ်သား ဖားဖာ့၊ ကျောင်းတောင်ရဲကင်းစခန်းမှ ရဲမှူး စိုင်းဘိုဟန်၊ ရဲတပ်ကြပ်ကြီး တင်ထွန်းအောင်၊ ငမြင်းဘော်ရဲကင်း စခန်းမှ ဒုရဲအုပ် မြင့်လွင်၊ ရဲတပ်ကြပ် မာန်လျန်းဇမ်၊ ရဲဒုတပ်ကြပ် အောင်ဌေး၊ ရဲဒုတပ်ကြပ် ထွန်းလှ၊ ရဲဒုတပ်ကြပ်(မဲ့) သန်းရွှေဦး၊ ရဲတပ်ကြပ် မျိုးမြင့်၊ ရဲတပ်သား ဂိုးခန့်ပေါင်၊ ရဲတပ်သား မြတ်ကျော်ငြိမ်း၊ ရဲတပ်သား ကိုကိုလတ်တို့ ကျဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~