တာချီလိတ်ခရိုင်၊ တာလေတွင် လူ (၂၅)ဦး လိုက်ပါလာသည့် ဘုရားဖူးယာဉ် တိမ်းမှောက်
တာချီလိတ်ခရိုင်၊ တာလေတွင် လူ (၂၅)ဦး လိုက်ပါလာသည့် ဘုရားဖူးယာဉ် တိမ်းမှောက်
ဇနျနဝါရီ 5, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့မှ ပါဟုန်းရွာဘက်အထွက်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့ နံနက်က ဘုရားဖူးများ ပါဝင်သည့် ကားတစ်စီး အရှိန်လွန်တိမ်းမှောက်ရာမှ ဒဏ်ရာပြင်းထန်စွာရထားသူ (၃)ဦးကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ -  တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစု
~~~~~~~~⊰❂Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလမြေို့မှ ပါဟုန်းရွာဘက်အထွက်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့ နံနက်က ဘုရားဖူးများ ပါဝင်သည့် ကားတစ်စီး အရှိန်လွန်တိမ်းမှောက်ရာမှ ဒဏ်ရာပြင်းထန်စွာရထားသူ (၃)ဦးကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“မနက်(၁၀) နာရီခွဲလောက်က ကျွန်တော်တို့ဆီ ဖုန်းလှမ်းဆက်လာတာ။ တာလေ ပါဟုန်းရွာဘက်အထွက် ကွေ့လေးမှာ သူက ကမ်းပါးယံဘက်ကို လဲသွားတာ။ လူက (၂၅)ယောက်လောက် ပါမယ်။ နည်းနည်းပွန်းပဲ့ ဒဏ်ရာရတွေကတော့ မိုင်းဖြတ်ဆေးရုံကို ပို့ပေးတာ (၁၀)ယောက်လောက်ရှိတယ်။ ဒီဘက်ကို နည်းနည်း ဒဏ်ရာပြင်းတဲ့ (၃)ယောက်ကို တာချီလိတ်ဆေးရုံကို လွှဲပေးလိုက်တာ။ ဒဏ်ရာပြင်းတယ်ဆိုပေမဲ့ စိုးရိမ်ရလောက်အောင် ပြင်းထန်တာမျိုး မဟုတ်ပါဘူး”ဟု ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာတွင် သွားရောက် ကူညီပေးထားသည့် တာလမြေို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစုမှ ဦးငြိမ်းသောင်က တာချီလိတ်သတင်း အေဂျင်စီသို့ပြောသည်။
အဆိုပါ မော်တော်ယာဉ်မှာ လမ်းအကွေ့တွင် လဲကျသွားခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများကို မိုင်းဖြတ်ပြည်သူ့ဆေးရုံနှင့် ဒဏ်ရာပြင်းထန်သည့် အမျိုးသမီး (၂)ဦး၊ အမျိုးသား (၁)ဦးကို တာချီလိတ်ပြည်သူ့ ဆေးရုံသို့ လောကပါလလူမှုကူညီရေးအသင်းက မော်တော်ယာဉ်ဖြင့် အသီးသီး ပို့ဆောင်ပေးထားကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - တာလမြေို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစု 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~