လားရိႈးၿမိဳ႕တြင္ မီးပိြဳင့္တပ္ဆင္မႈအေျခအေနမ်ားကို ျပည္သူ႔လႊတ္ေတာ္တြင္ ေမးျမန္း

လားရိႈးၿမိဳ႕တြင္ မီးပိြဳင့္တပ္ဆင္မႈအေျခအေနမ်ားကို ျပည္သူ႔လႊတ္ေတာ္တြင္ ေမးျမန္း
ဒီဇင်ဘာ 1, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လား႐ႈိးၿမိဳ႕တြင္ မီးပြိဳင့္ တပ္ဆင္မႈအေျခအေနမ်ားကို လား႐ႈိးမဲဆႏၵနယ္မွ ေဒါက္တာ စိုင္းေမာက္ခမ္းက ၂၀၁၈ ခုႏွစ္၊ နိုဝင္ဘာလ (၃၀) ရက္ေန႔တြင္ က်င္းပေသာ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ဒသမပံုမွန္အစည္းအေဝး နဝမေျမာက္ေန႔အစည္းအေဝးတြင္ ေမးျမန္းခဲ့သည္။

အဆိုပါေမးခြန္းႏွင့္ပတ္သက္၍ ပို႔ေဆာင္ေရးနွင့္ဆက္သြယ္ေရး ဒုတိယဝန္ႀကီး ဦးေက်ာ္မိ်ဳးက ေျဖၾကားေပးခဲ့ရာတြင္ မီးပိြဳင့္တပ္ဆင္၍မရသည့္ေနရာမ်ားျဖစ္သည့္ လား႐ႈိးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ အဝိုင္းပတ္လမ္းဆုံ (ရပ္ကြက္-၂)ေနရာတြင္ အဝိုင္းပတ္ႏွင့္ စည္းလုံးညီၫြတ္ျခင္း႐ုပ္ထုကို ဖ်က္သိမ္းဖယ္ရွားရန္၊ ကုန္းအဆင္း/အတက္၊ အေကြ႔ေနရာျဖစ္သည့္ သိႏၷီလမ္းႏွင့္ ကြတ္ခိုင္လမ္း ေရပန္းလမ္းဆုံ၊ ရပ္ကြက္-၂ ေနရာတြင္ သိႏၷီလမ္းေထာင့္ရွိ ျမင္ကြင္းကြယ္ေနေသာ ထရမ္စေဖာ္မာကို လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေရးလုပ္ငန္းႏွင့္ညိႇႏႈိင္း၍ ေနရာေ႐ႊ႕ေျပာင္းရန္တို႔ကို လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ေျဖၾကားခဲ့သည္။

အရွိန္ေလွ်ာ့သြားလာေစေရး သတိေပးမွိတ္တုတ္ မီးဝါမ်ားကို ေရကန္လမ္းႏွင့္ ခိုင္ေ႐ႊဝါလမ္းဆုံ (ရပ္ကြက္-၅)၊ သိႏၷီလမ္းႏွင့္ ဟတ္ကာလမ္းဆုံ ရပ္ကြက္-၁၂၊ သိႏၷီလမ္းႏွင့္ ဟူးမြန္ဆည္လမ္းဆုံ (ရပ္ကြက္-၈-၁၂/ပ မန္ဆူအနီး)တို႔တြင္ ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္ ပထမေျခာက္လအတြင္း တပ္ဆင္ေပးမည္ျဖစ္ၿပီး သိႏၷီလမ္းႏွင့္ ဟူးမြန္ဆည္လမ္းဆုံ (ရပ္ကြက္-၈-၁၂/ပမန္ဆူအနီး)တြင္ ရပ္/ၾကည့္/သြား ဆိုင္းဘုတ္တစ္ခုကိုပါ တပ္ဆင္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ျပည္သူ႔လႊတ္ေတာ္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့တွင် မီးပွိုင့်တပ်ဆင်မှုအခြေအနေများကို ပြည်သူ့လွှတ်တော်တွင် မေးမြန်း
***************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မီးပွိုင့် တပ်ဆင်မှုအခြေအနေများကို လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာ စိုင်းမောက်ခမ်းက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး နဝမမြောက်နေ့အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြားပေးခဲ့ရာတွင် မီးပွိုင့်တပ်ဆင်၍မရသည့်နေရာများဖြစ်သည့် လားရှိုးမြို့၊ မြို့တော်ခန်းမ အဝိုင်းပတ်လမ်းဆုံ (ရပ်ကွက်-၂)နေရာတွင် အဝိုင်းပတ်နှင့် စည်းလုံးညီညွတ်ခြင်းရုပ်ထုကို ဖျက်သိမ်းဖယ်ရှားရန်၊ ကုန်းအဆင်း/အတက်၊ အကွေ့နေရာဖြစ်သည့် သိန္နီလမ်းနှင့် ကွတ်ခိုင်လမ်း ရေပန်းလမ်းဆုံ၊ ရပ်ကွက်-၂ နေရာတွင် သိန္နီလမ်းထောင့်ရှိ မြင်ကွင်းကွယ်နေသော ထရမ်စဖော်မာကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့်ညှိနှိုင်း၍ နေရာရွှေ့ပြောင်းရန်တို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အရှိန်လျှော့သွားလာစေရေး သတိပေးမှိတ်တုတ် မီးဝါများကို ရေကန်လမ်းနှင့် ခိုင်ရွှေဝါလမ်းဆုံ (ရပ်ကွက်-၅)၊ သိန္နီလမ်းနှင့် ဟတ်ကာလမ်းဆုံ ရပ်ကွက်-၁၂၊ သိန္နီလမ်းနှင့် ဟူးမွန်ဆည်လမ်းဆုံ (ရပ်ကွက်-၈-၁၂/ပ မန်ဆူအနီး)တို့တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွင်း တပ်ဆင်ပေးမည်ဖြစ်ပြီး သိန္နီလမ်းနှင့် ဟူးမွန်ဆည်လမ်းဆုံ (ရပ်ကွက်-၈-၁၂/ပမန်ဆူအနီး)တွင် ရပ်/ကြည့်/သွား ဆိုင်းဘုတ်တစ်ခုကိုပါ တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ပြည်သူ့လွှတ်တော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~