တာခ်ီလိတ္တြင္ဖမ္းမိသည့္ ထုိင္းႏုိင္ငံမွအလိုရိွ တရားခံမွာ ႏိုင္ငံသားစိစစ္ေရးကဒ္အတု ကိုင္ေဆာင္ထားသူျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွ

တာခ်ီလိတ္တြင္ဖမ္းမိသည့္ ထုိင္းႏုိင္ငံမွအလိုရိွ တရားခံမွာ ႏိုင္ငံသားစိစစ္ေရးကဒ္အတု ကိုင္ေဆာင္ထားသူျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွ
ဒီဇင်ဘာ 29, 2018
By 🌸
ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ လုိင္စင္မဲ့ကားႏွင့္အတူ ဖမ္းမိသျဖင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၈)ရက္ေန႔က အမႈဖြင့္ခံထားရသည့္ ထုိင္းႏိုင္ငံမွ အလိုရိွတရားခံမွာ ႏိုင္ငံသားစိစစ္ေရးကဒ္ အတုျဖင့္ တာခ်ီလိ္တ္၌အေျခခ်ေနထုိင္သည့္ ထုိင္းႏုိင္ငံသားျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံမူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးအဖြဲ႕(ONCB)ႏွင့္ တာခ်ီလိတ္ၿမိဳ႕မွ ရဲတပ္ဖြဲ႕တို႔ ဆက္သြယ္ ေဆာင္ရြက္မႈျဖင့္ တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(တြင္း)ရြာ၊ ခ်ယ္ရီလမ္း၌ ေနထုိင္သည့္ ထုိင္းႏုိင္ငံမွ အလိုရိွတရားခံျဖစ္သူ အသက္ (၂၈)ႏွစ္အရြယ္ အိုက္ရွဲန္(ခ) အာဖိပိုႏို (ခ) ေတာ့နလံုပိုတစ္ (ခ) က်ရမ္းဝတ္ခ်နရန္းခ်ဳင္းဖတ္ (ခ) အစ္ခရူကို ဒီဇင္ဘာလ (၈)ရက္ေန႔ နံနက္ (၆)နာရီတြင္ တာခ်ီလိတ္ ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

၎အားဖမ္းဆီးစဥ္  နံပါတ္တပ္ထားေသာ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္တစ္စီးကိုပါ စစ္ေဆးေတြ႔ရိွရသျဖင့္ အိုက္ရွဲန္(ခ) အာဖိပိုႏို (ခ) ေတာ့နလံုပိုတစ္ (ခ) က်ရမ္းဝတ္ခ်နရန္းခ်ဳင္းဖတ္ (ခ) အစ္ခရူကို တရားမဝင္ေမာ္ေတာ္ယာဥ္အား လက္ဝယ္ထားရိွအသံုးျပဳမႈျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၄၄၂/၂၀၁၈၊ ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ (၈)ျဖင့္ အမႈဖြင့္စစ္ေဆးထားၿပီး ၎ထံမွ သိမ္းဆည္းရမိသည့္ ႏိုင္ငံသားစိစစ္ေရးကဒ္ကို ဆက္လက္စစ္ေဆးေဖၚထုတ္ရာ ျမန္မာႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္ေနထုိင္ေနသည့္ ထုိင္းႏုိင္ငံသားျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

၎သည္ တာခ်ီလိတ္ဘက္သို႔ လြန္ခဲ့သည့္ (၂)ႏွစ္ခန္႔က မယ္ဆုိင္ေခ်ာင္းအားျဖတ္၍ တရားမဝင္ ဝင္ေရာက္လာခဲ့ျခင္းျဖစ္ၿပီး တာခ်ီလိတ္မွ ျမန္မာႏုိင္ငံသားတစ္ဦး၏အကူအညီျဖင့္ ႏိုင္ငံသားစိစစ္ေရးကဒ္အတု ျပဳလုပ္ကိုင္ေဆာင္ေနျခင္းျဖစ္သည္ကို စစ္ေဆးသိရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္ၿပီး ႏုိင္ငံသားစိစစ္ေရးကဒ္အတုျပဳလုပ္ကိုင္ေဆာင္သည့္ အိုက္ရွဲန္(ခ) အာဖိပိုႏို (ခ) ေတာ့နလံုပိုတစ္ (ခ) က်ရမ္းဝတ္ခ်နရန္းခ်ဳိင္းဖတ္ (ခ) အစ္ခရူကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၉)ရက္ေန႔၌ (ပ)၄၆၀/၂၀၁၈၊ လဝကအက္ဥပေဒ ၁၃(၁)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂Unicode Version ~~~~~~~~
တာချီလိတ်တွင်ဖမ်းမိသည့် ထိုင်းနိုင်ငံမှအလိုရှိ တရားခံမှာ နိုင်ငံသားစိစစ်ရေးကဒ်အတု ကိုင်ဆောင်ထားသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ
***********
မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် လိုင်စင်မဲ့ကားနှင့်အတူ ဖမ်းမိသဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့က အမှုဖွင့်ခံထားရသည့် ထိုင်းနိုင်ငံမှ အလိုရှိတရားခံမှာ နိုင်ငံသားစိစစ်ရေးကဒ် အတုဖြင့် တာချီလိတ်၌အခြေချနေထိုင်သည့် ထိုင်းနိုင်ငံသားဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)နှင့် တာချီလိတ်မြို့မှ ရဲတပ်ဖွဲ့တို့ ဆက်သွယ် ဆောင်ရွက်မှုဖြင့် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရွာ၊ ချယ်ရီလမ်း၌ နေထိုင်သည့် ထိုင်းနိုင်ငံမှ အလိုရှိတရားခံဖြစ်သူ အသက် (၂၈)နှစ်အရွယ် အိုက်ရှဲန်(ခ) အာဖိပိုနို (ခ) တော့နလုံပိုတစ် (ခ) ကျရမ်းဝတ်ချနရန်းချုင်းဖတ် (ခ) အစ်ခရူကို ဒီဇင်ဘာလ (၈)ရက်နေ့ နံနက် (၆)နာရီတွင် တာချီလိတ် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းအားဖမ်းဆီးစဉ်  နံပါတ်တပ်ထားသော လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးကိုပါ စစ်ဆေးတွေ့ရှိရသဖြင့် အိုက်ရှဲန်(ခ) အာဖိပိုနို (ခ) တော့နလုံပိုတစ် (ခ) ကျရမ်းဝတ်ချနရန်းချုင်းဖတ် (ခ) အစ်ခရူကို တရားမဝင်မော်တော်ယာဉ်အား လက်ဝယ်ထားရှိအသုံးပြုမှုဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၄၂/၂၀၁၈၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈)ဖြင့် အမှုဖွင့်စစ်ဆေးထားပြီး ၎င်းထံမှ သိမ်းဆည်းရမိသည့် နိုင်ငံသားစိစစ်ရေးကဒ်ကို ဆက်လက်စစ်ဆေးဖေါ်ထုတ်ရာ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေထိုင်နေသည့် ထိုင်းနိုင်ငံသားဖြစ်သည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် တာချီလိတ်ဘက်သို့ လွန်ခဲ့သည့် (၂)နှစ်ခန့်က မယ်ဆိုင်ချောင်းအားဖြတ်၍ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး တာချီလိတ်မှ မြန်မာနိုင်ငံသားတစ်ဦး၏အကူအညီဖြင့် နိုင်ငံသားစိစစ်ရေးကဒ်အတု ပြုလုပ်ကိုင်ဆောင်နေခြင်းဖြစ်သည်ကို စစ်ဆေးသိရှိရခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး နိုင်ငံသားစိစစ်ရေးကဒ်အတုပြုလုပ်ကိုင်ဆောင်သည့် အိုက်ရှဲန်(ခ) အာဖိပိုနို (ခ) တော့နလုံပိုတစ် (ခ) ကျရမ်းဝတ်ချနရန်းချိုင်းဖတ် (ခ) အစ်ခရူကို တာချီလိတ်မြို့မရဲစခန်းတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့၌ (ပ)၄၆၀/၂၀၁၈၊ လဝကအက်ဥပဒေ ၁၃(၁)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~