ႏွစ္သစ္ကူးေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ရိွ နယ္စပ္တံတားကို နံနက္(၂)နာရီအထိ အခ်ိန္တိုးျမႇင့္ဖြင့္ေပးမည္

ႏွစ္သစ္ကူးေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ရိွ နယ္စပ္တံတားကို နံနက္(၂)နာရီအထိ အခ်ိန္တိုးျမႇင့္ဖြင့္ေပးမည္
ဒီဇင်ဘာ 30, 2018
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္(၁)ကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃၁)ရက္ေန႔တြင္ ပံုမွန္တံတားပိတ္ခ်ိန္ ျမန္မာစံေတာ္ခ်ိန္ ည(၈)နာရီခြဲအစား ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ(၁)ရက္ေန႔ နံနက္ (၂)နာရီအထိ တိုးျမႇင့္ဖြင့္ေပးမည္ျဖစ္ၿပီး နံနက္ (၇)နာရီခြဲတြင္လည္း ႏွစ္ႏုိင္ငံ စုေပါင္းႏွစ္သစ္ကူးဆြမ္းေလာင္းလွဴမည္ျဖစ္ေၾကာင္း သိရသည္။

“ႏွစ္သစ္ကူးေန႔မွာ ႏွစ္ႏုိင္ငံသားေတြ သြားလာ လည္ပတ္ႏုိင္ဖို႔အတြက္ တံတားပိတ္ခ်ိန္ကို မနက္(၂)နာရီအထိ တိုးၿပီးဖြင့္ေပးဖို႔နဲ႔ မနက္ပိုင္းမွာ တံတားေပၚႏွစ္ႏုိင္ငံ ဆြမ္းဆန္စိမ္းေလာင္းလွဴဖို႔ ျပည္ေထာင္စု အစိုးရကေရာ၊ ျပည္နယ္အစိုးရကပါ ခြင့္ျပဳခ်က္ေပးလိုက္ပါၿပီ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ႏွင့္ မယ္ဆုိင္ကို ဆက္သြယ္ထားေသာ ႏွစ္ႏုိင္ငံနယ္စပ္တံတားျဖစ္သည့္ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁)ကို ေန႔စဥ္ ျမန္မာစံေတာ္ခ်ိန္ နံနက္(၆)နာရီမွ ည (၈)နာရီခြဲအထိ ဖြင့္လွစ္ေပးေနျခင္းျဖစ္ၿပီး ႏိုင္ငံတကာ ႏွစ္သစ္ကူးေန႔မ်ားတြင္ ႏွစ္စဥ္ အခ်ိန္တိုးျမႇင့္ဖြင့္ေပးေလ့ရိွျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယခင္ႏွစ္မ်ားက ႏွစ္သစ္ကူးပြဲမ်ားက်င္းပေလ့မရိွသျဖင့္ ႏွစ္သစ္ကူးပြဲဆင္ႏႊဲလိုသူမ်ားက မယ္ဆုိင္ၿမိဳ႕သို႔ သြားေရာက္လည္ပတ္ေလ့ရိွၿပီး ယခုႏွစ္တြင္ တာခ်ီလိတ္ၿမိဳ႕၌ ႏွစ္သစ္ကူးႀကိဳမည့္ပြဲေတာ္မ်ား စတင္က်င္းပရန္ ျပင္ဆင္လာၾကသည္ကို ေတြ႔ရသည္။

ယင္းအျပင္ ခ်စ္ၾကည္ေရးတံတားတြင္ ႏွစ္ႏိုင္ငံစုေပါင္း၍ သံဃာေတာ္အပါး(၅၀၀)အား ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲကိုလည္း ယခုႏွစ္တြင္ က်င္းပရန္ျပင္ဆင္ထားသည္ကို ေတြ႔ရသည္။

ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၁)ကို ျမန္မာႏိုင္ငံ စံေတာ္ခ်ိန္ နံနက္(၆)နာရီမွ ညေန(၆)နာရီထိ သတ္မွတ္ထားရာမွ ၂၀၁၄ ႏွစ္၊ ဇန္န၀ါရီလ (၁)ရက္ေန႔မွစ၍ နံနက္(၆)နာရီမွ ညေန(၈)နာရီခြဲအထိ အခ်ိန္တိုးျမႇင့္ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္သည္။

အလားတူ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕တြင္လည္း ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား ျဖတ္သန္းခြင့္ျပဳခ်ိန္ကို နံနက္(၆)နာရီမွ ညေန(၆)နာရီသတ္မွတ္ထားရာမွ ၂၀၁၅ ခုႏွစ္ ဇန္နဝါရီလ(၅)ရက္ေန႔မွစ၍ နံနက္ (၅)နာရီမွ ညေန(၈)နာရီအထိ ႏွစ္ႏုိင္ငံသေဘာတူတိုးျမႇင့္ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။
Tachileik News Agency

~~~~~~~~⊰❂Unicode Version ~~~~~~~~
နှစ်သစ်ကူးနေ့တွင် တာချီလိတ်မြို့ရှိ နယ်စပ်တံတားကို နံနက်(၂)နာရီအထိ အချိန်တိုးမြှင့်ဖွင့်ပေးမည်
**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ပုံမှန်တံတားပိတ်ချိန် မြန်မာစံတော်ချိန် ည(၈)နာရီခွဲအစား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့ နံနက် (၂)နာရီအထိ တိုးမြှင့်ဖွင့်ပေးမည်ဖြစ်ပြီး နံနက် (၇)နာရီခွဲတွင်လည်း နှစ်နိုင်ငံ စုပေါင်းနှစ်သစ်ကူးဆွမ်းလောင်းလှူမည်ဖြစ်ကြောင်း သိရသည်။
“နှစ်သစ်ကူးနေ့မှာ နှစ်နိုင်ငံသားတွေ သွားလာ လည်ပတ်နိုင်ဖို့အတွက် တံတားပိတ်ချိန်ကို မနက်(၂)နာရီအထိ တိုးပြီးဖွင့်ပေးဖို့နဲ့ မနက်ပိုင်းမှာ တံတားပေါ်နှစ်နိုင်ငံ ဆွမ်းဆန်စိမ်းလောင်းလှူဖို့ ပြည်ထောင်စု အစိုးရကရော၊ ပြည်နယ်အစိုးရကပါ ခွင့်ပြုချက်ပေးလိုက်ပါပြီ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကို ဆက်သွယ်ထားသော နှစ်နိုင်ငံနယ်စပ်တံတားဖြစ်သည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)ကို နေ့စဉ် မြန်မာစံတော်ချိန် နံနက်(၆)နာရီမှ ည (၈)နာရီခွဲအထိ ဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီး နိုင်ငံတကာ နှစ်သစ်ကူးနေ့များတွင် နှစ်စဉ် အချိန်တိုးမြှင့်ဖွင့်ပေးလေ့ရှိခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် ယခင်နှစ်များက နှစ်သစ်ကူးပွဲများကျင်းပလေ့မရှိသဖြင့် နှစ်သစ်ကူးပွဲဆင်နွှဲလိုသူများက မယ်ဆိုင်မြို့သို့ သွားရောက်လည်ပတ်လေ့ရှိပြီး ယခုနှစ်တွင် တာချီလိတ်မြို့၌ နှစ်သစ်ကူးကြိုမည့်ပွဲတော်များ စတင်ကျင်းပရန် ပြင်ဆင်လာကြသည်ကို တွေ့ရသည်။
ယင်းအပြင် ချစ်ကြည်ရေးတံတားတွင် နှစ်နိုင်ငံစုပေါင်း၍ သံဃာတော်အပါး(၅၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုလည်း ယခုနှစ်တွင် ကျင်းပရန်ပြင်ဆင်ထားသည်ကို တွေ့ရသည်။

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)ကို မြန်မာနိုင်ငံ စံတော်ချိန် နံနက်(၆)နာရီမှ ညနေ(၆)နာရီထိ သတ်မှတ်ထားရာမှ ၂၀၁၄ နှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ နံနက်(၆)နာရီမှ ညနေ(၈)နာရီခွဲအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့တွင်လည်း မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား ဖြတ်သန်းခွင့်ပြုချိန်ကို နံနက်(၆)နာရီမှ ညနေ(၆)နာရီသတ်မှတ်ထားရာမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့မှစ၍ နံနက် (၅)နာရီမှ ညနေ(၈)နာရီအထိ နှစ်နိုင်ငံသဘောတူတိုးမြှင့်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~