တာခ်ီလိတ္ၿမိဳ႕ရိွ ဟိုတယ္တစ္ခုတြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး

တာခ်ီလိတ္ၿမိဳ႕ရိွ ဟိုတယ္တစ္ခုတြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး
ဒီဇင်ဘာ 29, 2018
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ ပိတ္ထားသည့္ဟိုတယ္တစ္ခုတြင္ ႀကိဳးဆြဲခ်ေသဆံုးေနသည့္ အသက္(၂၈)ႏွစ္ အရြယ္ အမ်ိဳးသားတစ္ဦးကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၉)ရက္ေန႔ ညေန (၄)နာရီခြဲအခ်ိန္က ေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕က စစ္ေဆးေနေၾကာင္း သိရသည္။

မကာဟိုခမ္းရပ္ကြက္ရိွ ဟိုတယ္တစ္ခု၏ အေရးေပၚထြက္ေပါက္ေလွကားတြင္ ေဘာင္းဘီရွည္ႏွင့္ မ်က္ႏွာသုတ္ပဝါတို႔ကိုအသံုးျပဳ၍ ႀကိဳးဆြဲခ်ထားသည့္ အမ်ိဳးသားအေလာင္းကိုေတြ႔ရေၾကာင္း သတင္းရသျဖင့္ ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာကို သြားေရာက္စစ္ေဆးၿပီး အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈ အသင္းကားျဖင့္ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္စစ္ေဆးထားေၾကာင္း သိရသည္။

အဆိုပါေသဆံုးမႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၄၆၁/၂၀၁၈၊  ေသမႈေသခင္းအမွတ္စဥ္(၃၇) ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂Unicode Version ~~~~~~~~
တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ကြိုးဆွဲချသေဆုံးနေသည့် အသက်(၂၈)နှစ် အရွယ် ဝန်ထမ်းအမျိုးသားတစ်ဦးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့ ညနေ (၄)နာရီခွဲအချိန်က တွေ့ရသဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

မကာဟိုခမ်းရပ်ကွက်ရှိ ဟိုတယ်တစ်ခု၏ အရေးပေါ်ထွက်ပေါက်လှေကားတွင် ဘောင်းဘီရှည်နှင့် မျက်နှာသုတ်ပဝါတို့ကိုအသုံးပြု၍ ကြိုးဆွဲချထားသည့် အမျိုးသားအလောင်းကိုတွေ့ရကြောင်း သတင်းရသဖြင့် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးပြီး အလောင်းအား တာချီလိတ်နာရေးကူညီမှု အသင်းကားဖြင့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးထားကြောင်း သိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၆၁/၂၀၁၈၊  သေမှုသေခင်းအမှတ်စဉ်(၃၇) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~