အမ်ဳိးသမီးမ်ားအေပၚ အၾကမ္းဖက္မႈရပ္တန္႔ေရး (၁၆)ရက္တာ လႈပ္ရွားမႈအျဖစ္ လူထုစုေပါင္းလမ္းေလွ်ာက္

အမ်ဳိးသမီးမ်ားအေပၚ အၾကမ္းဖက္မႈရပ္တန္႔ေရး (၁၆)ရက္တာ လႈပ္ရွားမႈအျဖစ္ လူထုစုေပါင္းလမ္းေလွ်ာက္
ဒီဇင်ဘာ 5, 2018
By Tachileik News Agency

အမ်ဳိးသမီးမ်ားအေပၚ အၾကမ္းဖက္မႈရပ္တန္႔ေရး (၁၆)ရက္တာ လႈပ္ရွားမႈအျဖစ္ လူထုစုေပါင္း လမ္းေလွ်ာက္ပဲြကုိ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၅)ရက္ေန႔ နံနက္ပိုင္းက မေကြးၿမိဳ႕တြင္ ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

"အမ်ဳိးသမီးေတြနဲ႔ မိန္းကေလးငယ္ေတြကုိ နည္းမ်ဳိးစံုနဲ႔ အၾကမ္းဖက္မႈမ်ား ရွိေနတာေၾကာင့္ အဲဒီ အၾကမ္းဖက္မႈေတြ ပေပ်ာက္ေစဖုိ႔၊ စိတ္ပုိင္းဆုိင္ရာ၊ ရုပ္ပုိင္းဆုိင္ရာ၊ လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္မႈေတြကုိ သက္ဆုိင္ရာ ဥပေဒေတြနဲ႔  ကာကြယ္ေစာင့္ေရွာက္ႏုိင္ေစဖုိ႔၊ လင္မယား အခ်င္းခ်င္းရန္ျဖစ္ စကားမ်ားေန တာပဲဆိုၿပီး ပတ္၀န္းက်င္က လစ္လ်ဴရႈထားရင္ အၾကမ္းဖက္မႈမွ အကာအကြယ္မဲ့ျခင္းျဖစ္တဲ့ အတြက္ ဥပ ေဒနဲ႔အညီ တားဆီးကာကြယ္မႈ ရႏုိင္ေစဖုိ႔၊ လတ္တေလာအေနနဲ႔ အၾကမ္းဖက္မႈေတြ ေလ်ာ့နည္း သြားေအာင္ လႈံ႔ေဆာ္တဲ့အ ေနနဲ႔ ရည္ရြယ္လုပ္ေဆာင္ၾကတာပါ”ဟု မေကြးတုိင္းေဒသႀကီး ရင္ခြင့္မဲ့ကေလး ငယ္မ်ားေလွ်ာ့ခ်ေရးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေရးအသင္း မွ အေထာက္အကူျပဳအဖဲြ႔ဝင္ ေဒၚႀကီးျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စုေပါင္းလမ္းေလွ်ာက္ပြဲကုိ မေကြးတုိင္းေဒသႀကီးလူမႈ၀န္ထမ္းဦးစီးဌာနႏွင့္ ဌာနဆုိင္ရာ ၀န္ထမ္းမ်ား၊ ရင္ခြင္မဲ့ကေလးငယ္မ်ားေလွ်ာ့ခ်ေရးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေရးအသင္း၊ ၾကက္ေျခနီ၊ အမ်ဳိးသမီး ေရးရာအဖြဲ႕၊ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္း၊ အရပ္ဖက္လူမႈအဖဲြ႕အစည္းမ်ား၊ ေက်ာင္းသား ေက်ာင္းသူမ်ား၊ သူနာျပဳသားဖြားသင္တန္းေက်ာင္းမွ သင္တန္းသူမ်ား၊ ျပည္သူမ်ား စုစုေပါင္းအင္အား (၃၀၀) ေက်ာ္ျဖင့္ မေကြးခရုိင္ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနရံုးေရွ႕မွ ဗုိလ္ခ်ဳပ္ျမင္းစီး ေၾကးရုပ္ပန္းျခံအထိ လမ္းေလွ်ာက္ကာ လူကုန္ကူးမႈတုိက္ဖ်က္ေရး အသိပညာေပး နံရံကပ္စာေစာင္မ်ား ျပသ၍ အသိပညာေပး လက္ကမ္းစာေစာင္မ်ား ျဖန္႔ေ၀ေၾကာင္း သိရသည္။

မေကြးတုိင္းေဒသႀကီးရင္ခြင္မဲ့ကေလးငယ္မ်ားေလွ်ာ့ခ်ေရးႏွင့္ ကာကြယ္ေစာင့္ေရးအသင္း အေနျဖင့္ အမ်ဳိးသမီးမ်ားအေပၚ အၾကမ္းဖက္မႈရပ္တန္႔ေရး (၁၆)ရက္တာ လႈပ္ရွားမႈအျဖစ္ ၂၀၁၈ခုႏွစ္ ႏုိ၀င္ဘာ (၂၅) ရက္ေန႔က ဗုိလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီးေၾကးရုပ္ပန္းၿခံ၌ အသိပညာေပး ေဟာေျပာပဲြျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ဒီဇင္ဘာလ(၇) ရက္ေန႔တြင္ ေမာ္ေတာ္ယာဥ္ျဖင့္ ၿမဳိ႕တြင္းလွည့္လည္ကာ ျပဇာတ္မ်ားကျပ၍ လူထု အသိပညာေပးျခင္း၊ ဒီဇင္ဘာလ(၁၀) ရက္ေန႔တြင္ နတ္ေမာက္ၿမဳိ႕ အေျခခံပညာအထက္တန္း ေက်ာင္း၌  အသိပညာေပး ေဟာေျပာျခင္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - သန္းႏိုင္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းက မကွေးမြို့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

"အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုများ ရှိနေတာကြောင့် အဲဒီ အကြမ်းဖက်မှုတွေ ပပျောက်စေဖို့၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့ ကာကွယ်စောင့်ရှောက်နိုင်စေဖို့၊ လင်မယား အချင်းချင်းရန်ဖြစ် စကားများနေ တာပဲဆိုပြီး ပတ်ဝန်းကျင်က လစ်လျူရှုထားရင် အကြမ်းဖက်မှုမှ အကာအကွယ်မဲ့ခြင်းဖြစ်တဲ့ အတွက် ဥပ ဒေနဲ့အညီ တားဆီးကာကွယ်မှု ရနိုင်စေဖို့၊ လတ်တလောအနေနဲ့ အကြမ်းဖက်မှုတွေ လျော့နည်း သွားအောင် လှုံ့ဆော်တဲ့အ နေနဲ့ ရည်ရွယ်လုပ်ဆောင်ကြတာပါ”ဟု မကွေးတိုင်းဒေသကြီး ရင်ခွင့်မဲ့ကလေး ငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း မှ အထောက်အကူပြုအဖွဲ့ဝင် ဒေါ်ကြီးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စုပေါင်းလမ်းလျှောက်ပွဲကို မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီ၊ အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ကျောင်းသား ကျောင်းသူများ၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ ပြည်သူများ စုစုပေါင်းအင်အား (၃၀၀) ကျော်ဖြင့် မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့မှ ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်ပန်းခြံအထိ လမ်းလျှောက်ကာ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသ၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြနေ့်ဝကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရေးအသင်း အနဖြေင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် ၂၀၁၈ခုနှစ် နိုဝင်ဘာ (၂၅) ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ပန်းခြံ၌ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒီဇင်ဘာလ(၇) ရက်နေ့တွင် မော်တော်ယာဉ်ဖြင့် မြို့တွင်းလှည့်လည်ကာ ပြဇာတ်များကပြ၍ လူထု အသိပညာပေးခြင်း၊ ဒီဇင်ဘာလ(၁၀) ရက်နေ့တွင် နတ်မောက်မြို့ အခြေခံပညာအထက်တန်း ကျောင်း၌ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - သန်းနိုင်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~