စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသည့် စိုက်ပျိုးရေးသုံးဆေးနှင့် ဓါတ်မြေသြဇာများအား ကျိုင်းတုံမြို့တွင် သိမ်းဆည်း
စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသည့် စိုက်ပျိုးရေးသုံးဆေးနှင့် ဓါတ်မြေသြဇာများအား ကျိုင်းတုံမြို့တွင် သိမ်းဆည်း
ဒီဇငျဘာ 18, 2018
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များကို ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် စစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက် မရှိဘဲ ရောင်းချနေသည့် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် ခရုသတ်ဆေးများကို သိမ်းဆည်းရမိကြောင်း သိရသည်။
ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်(၂)ခုနှင့် ကတ်တောင်ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင် (၁၀)ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ရာမှ  ကျပ်(၄)သိန်းကျော် တန်ဖိုးရှိသော ထောက်ခံချက်မရှိသည့် ဓာတ်မြေသြဇာများနှင့် ကျပ်သိန်း(၄၀)ကျော်တန်ဖိုးရှိ ထောက်ခံချက် မရှိသော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် ခရုသတ်ဆေးများကို စစ်ဆေးတွေ့ရှိခဲ့သည့် အတွက် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၉(င)အရ သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရမိသည့် ဓာတ်မြေသြဇာများနှင့် ပတ်သက်ပြီး ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အစည်းအဝေးတွင်တင်ပြကာ အစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်ချလိုက်ပြီး ရက်ပေါင်း (၆၀)အတွင်း သိမ်းဆည်းထားသည့် ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများအတိုင်း ထောက်ခံချက်ရယူကာ အယူခံဝင်နိုင်ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့်အဖွဲ့ဖြင့်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များကို ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် စစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက် မရှိဘဲ ရောင်းချနေသည့် ဓာတ်မြသြေဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် ခရုသတ်ဆေးများကို သိမ်းဆည်းရမိကြောင်း သိရသည်။
“ဒီဇင်ဘာလ ပထမပတ်တုန်းက စိုက်ပျိုးရေးအရောင်းဆိုင် (၅)ဆိုင်ကို စစ်ဆေးခဲ့တယ်။ အဲဒီတုန်းကတော့ ထောက်ခံချက် မရှိတဲ့ ဓာတ်မြသြေဇာတွေပဲ စစ်ဆေးတွေ့ရှိခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ စစ်ဆေးဖို့ ကျန်နေတဲ့ ဆိုင်(၁၀)ဆိုင်ကို ရှောင်တခင် ဝင်စစ်ခဲ့တာ။ အဲဒီထဲက ဆိုင်(၂)ဆိုင်ကနပြေီးတော့ ဓာတ်မြသြေဇာတွေနဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ ခရုသတ်ဆေးတွေကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်(၂)ခုနှင့် ကတ်တောင်ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင် (၁၀)ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ရာမှ ကျပ်(၄)သိန်းကျော် တန်ဖိုးရှိသော ထောက်ခံချက်မရှိသည့် ဓာတ်မြသြေဇာများနှင့် ကျပ်သိန်း(၄၀)ကျော်တန်ဖိုးရှိ ထောက်ခံချက် မရှိသော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် ခရုသတ်ဆေးများကို စစ်ဆေးတွေ့ရှိခဲ့သည့် အတွက် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၉(င)အရ သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ဒီဓာတ်မြသြေဇာတွေနဲ့ ပတ်သက်ပြီးတော့ သိမ်းဆည်းရမိထားတဲ့ ဓာတ်မြသြေဇာတွေကို စိုက်ပျိုးရေး ဦးစီးဌာနကနေ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးပြီးတော့ အောင်တဲ့အမျိုးအစားတွေကို ပြန်ပြီး လေလံတင် ရောင်းချပေးဖို့ အကြံပေးထားတာရှိတဲ့အတွက် ဒါကို အစည်းအဝေးမှာ ပြန်တင်ပြပေးပြီးတော့ အများရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေနဲ့ ပတ်သက်လို့ကတော့ ဖမ်းဆီးရမိရင် ဖျက်ဆီးဖို့ ပြည်နယ်က ညွှန်ကြားထားတာရှိပါတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။
ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အဆိုပါ စိုက်ပျိုးရေးသုံးပစ္စည်းများကို စစ်ဆေးရာတွင် အဆိုပါ ပစ္စည်းများတွင် လော့နံပါတ်ပါဝင်မှုရှိမရှိ၊ သက်တမ်းကုန်ဆုံးရက်များ ပါဝင်မှုရှိမရှိနှင့် ထောက်ခံချက်ရှိမရှိတို့ကို စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရမိသည့် ဓာတ်မြသြေဇာများနှင့် ပတ်သက်ပြီး ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အစည်းအဝေးတွင်တင်ပြကာ အစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနဖြေင့် အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်ချလိုက်ပြီး ရက်ပေါင်း (၆၀)အတွင်း သိမ်းဆည်းထားသည့် ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများအတို်င်း ထောက်ခံချက်ရယူကာ အယူခံဝင်နိုင်ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရို်င်စက်မှုကြီးကြပ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့်အဖွဲ့ဖြင့်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ - စားသုံးသူရေးရာ
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~