လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း မိုင်းဆတ်တွင် ပြုလုပ်

လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း မိုင်းဆတ်တွင် ပြုလုပ်
ဒီဇငျဘာ 6, 2018
By Tachileik News Agency


ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများကို ရရှိစေရန်၊ စဉ်းစား တွေးခေါ်မှု မြင့်မားလာစေပြီး အစုအဖွဲ့အတွင်း ပါဝင် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းကို သိရှိနားလည်ကာ ရှောင်ရှားနိုင်စေရန် ရည်ရွယ်ကာ ယခုလို ပြည်သူ့စကားဝိုင်းအား ကျင်းပခြင်းဖြစ်ကြောင်း မိုင်းဆတ် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားအဖြင့် ပြောကြားသွားသည်။

အဆိုပါ စကားဝိုင်းတွင် လူငယ်များ မူးယစ်ဆေးဝါးကို ရှောင်ရှားနိုင်ပြီး အနာဂတ် ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာစေရေးကို ရည်ညွှန်း၍ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဝေက လည်းကောင်း၊ လူငယ်များ အနာဂတ် မျှော်မှန်းချက်ထားရှိရေးနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်က လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ကာ ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်၍ မြို့နယ်ဥပဒေအရာရှိ ဦးသူရအောင်က လည်းကောင်း ဦးဆောင်ဆွေးနွေးကြသည်။







~~~~~~~~⊰❂ unicode ~~~~~~~~

လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား မိုင်းဆတ်မြို့တွင် ကျင်းပပြုလုပ်ပြီး ဦးဆောင်ဆွေးနွေးသူများဖြင့် ကျောင်းသား ကျောင်းသူများ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအနဖြေင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများကို ရရှိစေရန်၊ စဉ်းစား တွေးခေါ်မှု မြင့်မားလာစပြေီး အစုအဖွဲ့အတွင်း ပါဝင် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းကို သိရှိနားလည်ကာ ရှောင်ရှားနိုင်စေရန် ရည်ရွယ်ကာ ယခုလို ပြည်သူ့စကားဝိုင်းအား ကျင်းပခြင်းဖြစ်ကြောင်း မိုင်းဆတ် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားအဖြင့် ပြောကြားသွားသည်။

အဆိုပါ စကားဝိုင်းတွင် လူငယ်များ မူးယစ်ဆေးဝါးကို ရှောင်ရှားနိုင်ပြီး အနာဂတ် ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာစေရေးကို ရည်ညွှန်း၍ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းေဝက လည်းကောင်း၊ လူငယ်များ အနာဂတ် မျှော်မှန်းချက်ထားရှိရေးနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်က လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ကာ ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်၍ မြို့နယ်ဥပဒေအရာရှိ ဦးသူရအောင်က လည်းကောင်း ဦးဆောင်ဆွေးနွေးကြသည်။

ယင်းအပြင် မူးယစ်ဆေးဝါး သမိုင်းကြောင်းနှင့် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေများကို မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ ဒုရဲမှူးမျိုးခိုင်က လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ထိခိုက်လာမည့် ကျန်းမာရေးနှင့် ပတ်သက်၍ မြို့နယ်ကျန်းမာရေးမှူး ဦးသန်းဦးက လည်းကောင်း၊ လူငယ်များ သိရှိလိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ အဖြူရောင်လူငယ်အဖွဲ့မှ ဦးစိုင်းမောင်မောင်ချစ်က လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။

ဦးဆောင်ဆွေးနွေးသူများမှ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက၎င်းတို့ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းအား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမတွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~