တာချီလိတ်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ပြည်တွင်းအခွန်များဦးစီးဌာနက လုပ်ငန်း (၅)ခုကို နေ့ချင်းပြီး ဆောင်ရွက် ပေးနေ

တာချီလိတ်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ပြည်တွင်းအခွန်များဦးစီးဌာနက လုပ်ငန်း (၅)ခုကို နေ့ချင်းပြီး ဆောင်ရွက် ပေးနေ
ဒီဇငျဘာ 2, 2018
By Tachileik News Agency


ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် တာချီလိတ် ခရိုင်၊ မြို့နယ်စုပေါင်းရုံးတွင် ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့ကတည်းက စတင်ဖွင့်လှစ်ပြီး အစိုးရ ဌာန(၁၀)ခုက နေ့ချင်းပြီး လုပ်ဆောင်ပေးနိုင်သည့် လုပ်ငန်းများအား ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

အဆိုပါ စုပေါင်းရုံးတွင် ဌာနတစ်ခုစီမှ ဝန်ထမ်း(၂)ဦးစီဖြင့် လုပ်ငန်းဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ဌာနများမှ ဝန်ဆောင်မှု ရယူရာတွင် ငွေကြေးပေးဆောင်ရခြင်းနှင့် မကျေနပ်မှုများ ရှိပါက ပြည်သူ့ ဝန်ဆောင်မှုရုံး ကြီးကြပ်သူအရာရှိထံ တိုင်ကြားနိုင်မည်ဖြစ်ကာ မကျေနပ်မှုများအား တိုင်ကြားဖြေရှင်းပေးမည့် Complain Center ကိုလည်း ထားရှိပေးထားခြင်းဖြစ်သည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop – OSS)တွင် ပြည်တွင်းအခွန်များဦးစီးဌာနက လုပ်ငန်း (၅)ခုကို နေ့ချင်းပြီးဆောင်ရွက်ပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့ဌာနက နေ့ချင်းပြီးဆောင်ရွက်ပေးနိုင်တဲ့ လုပ်ငန်း(၅)ခုကို OSS မှာ လုပ်ဆောင် ပေးနေပါတယ်။ တန်ဘိုးနည်း အခွန်တံဆိပ်ရောင်းချပေးတာတွေ၊ ပင်ရင်းက ဖြတ်တောက်ပေးသွင်းတဲ့ အခွန်ပေးဆောင်တာ၊ ဝင်ငွေခွန်ကြိုတင်ပေးသွင်းတာ၊ ကုန်သွယ်လုပ်ငန်းခွန်ကြိုတင်ပေးသွင်းတာ၊ မော်တော်ဆိုင်ကယ် တန်ဖိုးဖြတ်တာတွေကို နေ့ချင်းပြီး အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးနေပါတယ်”ဟု OSS တာဝန်ခံ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးသန်းထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် တာချီလိတ် ခရိုင်၊ မြို့နယ်စုပေါင်းရုံးတွင် ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့ကတည်းက စတင်ဖွင့်လှစ်ပြီး အစိုးရ ဌာန(၁၀)ခုက နေ့ချင်းပြီး လုပ်ဆောင်ပေးနိုင်သည့် လုပ်ငန်းများအား ဆောင်ရွက်ပေးနခြေင်းဖြစ်သည်။

အဆိုပါ စုပေါင်းရုံးတွင် ဌာနတစ်ခုစီမှ ဝန်ထမ်း(၂)ဦးစီဖြင့် လုပ်ငန်းဆောင်ရွက်ပေးနခြေင်းဖြစ်ပြီး ဌာနများမှ ဝန်ဆောင်မှု ရယူရာတွင် ငွေကြေးပေးဆောင်ရခြင်းနှင့် မကျေနပ်မှုများ ရှိပါက ပြည်သူ့ ဝန်ဆောင်မှုရုံး ကြီးကြပ်သူအရာရှိထံ တိုင်ကြားနိုင်မည်ဖြစ်ကာ မကျေနပ်မှုများအား တိုင်ကြားဖြေရှင်းပေးမည့် Complain Center ကိုလည်း ထားရှိပေးထားခြင်းဖြစ်သည်။

ပြည်သူ့ဝန်ဆောင်မှုရုံးတွင် လာရောက်သူများအဆင်ပြေစေရေးအတွက် အခမဲ့ကော်ဖီ၊ ရေပူ၊ရေအေး၊ အရေးပေါ် ဆေးသေတ္တာများ စီစဉ်ပေးထားသည်ကိုလည်း တွေ့ရသည်။

Tachileik News Agency
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~