မေကြးတိုင္းအတြင္း ေရသန္႔လုပ္ငန္းမ်ားအေနျဖင့္ ေကာင္းမြန္သည့္ထုတ္လုပ္မႈက်င့္စဥ္အတိုင္း လုိက္နာေဆာင္ရြက္ျခင္းမရိွပါက ပိတ္သိမ္းသည္အထိ အေရးယူေတာ့မည္

မေကြးတိုင္းအတြင္း ေရသန္႔လုပ္ငန္းမ်ားအေနျဖင့္ ေကာင္းမြန္သည့္ထုတ္လုပ္မႈက်င့္စဥ္အတိုင္း လုိက္နာေဆာင္ရြက္ျခင္းမရိွပါက ပိတ္သိမ္းသည္အထိ အေရးယူေတာ့မည္
ဒီဇင်ဘာ 2, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီးအတြင္းရွိ ေရသန္႔လုပ္ငန္းမ်ားကို ေကာင္းမြန္သည့္ ထုတ္လုပ္မႈက်င့္စဥ္(GMP) သင္တန္းမ်ား တစ္နွစ္လွ်င္(၂)ႀကိမ္ ေပးသြားၿပီးေနာက္ စည္းကမ္းႏွင့္ညီညြတ္ျခင္းမရိွပါက စက္ရံု ရပ္နားေစသည္ အထိ အေရးယူသြားမည္ျဖစ္ေၾကာင္း မေကြးတုိင္းေဒသႀကီး အစားအေသာက္နွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနထံမွ သိရသည္။

“အရင္တုန္းကေတာ့ နာရီပုိင္းသင္တန္းမ်ိိဳးသာ အခါအားေလ်ာ္စြာ ေပးနုိင္ခဲ့ပါတယ္။ အခုကစၿပီး တစ္ရက္တာ သင္တန္းမ်ိဳး တစ္နွစ္ကိုနွစ္ႀကိမ္ ျပဳလုပ္ေပးသြားမွာျဖစ္လုိ႔ လုပ္ငန္းရွင္ေတြရဲ႕သက္တမ္း (၂) နွစ္အတြင္းမွာ သင္တန္း(၄)ႀကိမ္ တက္ေရာက္နိုင္ၾကမွာျဖစ္ပါတယ္။ ဒါေၾကာင့္ သင္တန္းမတက္လုိက္ရလုိ႔ မသိလုိက္ရပါဘူးဆုိတဲ့ ဆင္ေျခေပးလုိ႔ မရေတာ့ပါဘူး။ စည္းကမ္းနဲ႔ မညီညြတ္ရင္ ျပင္ဆင္ခ်က္ျပန္တင္ခုိင္း တာမ်ိဳး အခြင့္အေရးေပးေတာ့မွာ မဟုတ္ဘဲ စက္ရံုရပ္နားေစမယ့္ အေရးယူမႈမ်ိဳးနဲ႔ ေဆာင္ရြက္သြားေတာ့ မွာျဖစ္ပါတယ္”ဟု FDA မေကြးတုိင္းတာဝန္ခံ ေဒါက္တာျပည့္ထူးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

မေကြးတုိင္းေဒသႀကီး ေရသန္႔လုပ္ငန္းရွင္မ်ားအသင္းနွင့္ အစားအေသာက္နွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာန (FDA)တုိ႔က ဒီဇင္ဘာလ (၂)ရက္ေန႔တြင္  ေကာင္းမြန္သည့္ထုတ္ လုပ္မႈက်င့္စဥ္ (GMP) တစ္ရက္တာ သင္တန္းကို ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

“သင္တန္းမွာ ေကာင္းမြန္တဲ႔ထုတ္လုပ္မႈက်င့္စဥ္ (GMP) ပါမယ္။ အရင္က GMP ပံုစံနဲ႔မတူဘဲနဲ႔ အသစ္ေျပာင္းလဲလာတာေတြလည္း ပါမယ္။ ေရွ႕ေလွ်ာက္ကၽြန္ေတာ္တုိ႔ဌာနက အသင္းနဲ႔ဘယ္လိုု လက္ တြဲသြားမယ္၊ ဘယ္လုိညွိနႈိင္းေဆာင္ရြက္သြားမယ္၊ ညိႇႏိႈင္းလုိ႔မရခဲ့ရင္ ဘယ္လုိအေရးယူထိန္းခ်ဳပ္မႈေတြ လုပ္သြားမလဲဆုိတာေတြ ကၽြန္ေတာ့္အေနနဲ႔ ပို႔ခ်သြားဖုိ႔ရွိပါတယ္” ဟု ေဒါက္တာျပည့္ထူးကေျပာသည္။

မေကြးတိုင္းေဒသႀကီးအတြင္း ေရသန္႔စက္ရံု (၈၀)ခန္႔ရွိသည့္အနက္ လုပ္ငန္းရွင္(၆၀)ဦးခန္႔ အဆိုပါ သင္တန္း တက္ေရာက္ေနၾကျခင္းျဖစ္ေၾကာင္း  သိရသည္။

တုိင္းေဒသႀကီးအတြင္းရွိ ေရသန္႔လုပ္ငန္းမ်ားအား ၂၀၁၈ ခုနွစ္ စက္တင္ဘာလနွင့္ ေအာက္တုိဘာလ တုိ႔တြင္ ေကာင္းမြန္သည့္ ထုတ္လုပ္မႈက်င့္စဥ္မ်ားနွင့္ အညီ FDA မွ သတ္မွတ္ထားေသာ စက္ရံုမ်ား ျဖစ္ေရး၊ တရားမဝင္ေရသန္႔လုပ္ငနး္မ်ား ပေပ်ာက္ေရး၊ ေရွာင္တခင္စစ္ေဆးမႈ မ်ားျပဳလုပ္ခဲ့ရာတြင္ ျပင္ဆင္ခ်က္ ျပန္တင္ေစခဲ့ရသည့္ စက္ရံု(၄)ရံုရွိခဲ့ရာ အမွန္တကယ္ျပင္ဆင္ျခင္း ရွိ မရွိကို ၿမိဳ႕နယ္အစားအေသာက္နွင့္ ေဆးဝါးႀကီးၾကပ္ေရး လုပ္ငန္းေကာ္မတီမ်ားက ကြင္းဆင္း စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေသန့်လုပ်ငန်းများကို ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ်(GMP) သင်တန်းများ တစ်နှစ်လျှင်(၂)ကြိမ် ပေးသွားပြီးနောက် စည်းကမ်းနှင့်ညီညွတ်ခြင်းမရှိပါက စက်ရုံ ရပ်နားစေသည် အထိ အရေးယူသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနထံမှ သိရသည်။

“အရင်တုန်းကတော့ နာရီပိုင်းသင်တန်းမျိုးသာ အခါအားလျော်စွာ ပေးနိုင်ခဲ့ပါတယ်။ အခုကစပြီး တစ်ရက်တာ သင်တန်းမျိုး တစ်နှစ်ကိုနှစ်ကြိမ် ပြုလုပ်ပေးသွားမှာဖြစ်လို့ လုပ်ငန်းရှင်တွေရဲ့သက်တမ်း (၂) နှစ်အတွင်းမှာ သင်တန်း(၄)ကြိမ် တက်ရောက်နိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် သင်တန်းမတက်လိုက်ရလို့ မသိလိုက်ရပါဘူးဆိုတဲ့ ဆင်ခြေပေးလို့ မရတော့ပါဘူး။ စည်းကမ်းနဲ့ မညီညွတ်ရင် ပြင်ဆင်ချက်ပြန်တင်ခိုင်း တာမျိုး အခွင့်အရေးပေးတော့မှာ မဟုတ်ဘဲ စက်ရုံရပ်နားစေမယ့် အရေးယူမှုမျိုးနဲ့ ဆောင်ရွက်သွားတော့ မှာဖြစ်ပါတယ်”ဟု FDA မကွေးတိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး ရေသန့်လုပ်ငန်းရှင်များအသင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)တို့က ဒီဇင်ဘာလ (၂)ရက်နေ့တွင် ကောင်းမွန်သည့်ထုတ် လုပ်မှုကျင့်စဉ် (GMP) တစ်ရက်တာ သင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“သင်တန်းမှာ ကောင်းမွန်တဲ့ထုတ်လုပ်မှုကျင့်စဉ် (GMP) ပါမယ်။ အရင်က GMP ပုံစံနဲ့မတူဘဲနဲ့ အသစ်ပြောင်းလဲလာတာတွေလည်း ပါမယ်။ ရှေ့လျှောက်ကျွန်တော်တို့ဌာနက အသင်းနဲ့ဘယ်လို လက် တွဲသွားမယ်၊ ဘယ်လိုညှိနှိုင်းဆောင်ရွက်သွားမယ်၊ ညှိနှိုင်းလို့မရခဲ့ရင် ဘယ်လိုအရေးယူထိန်းချုပ်မှုတွေ လုပ်သွားမလဲဆိုတာတွေ ကျွန်တော့်အနေနဲ့ ပို့ချသွားဖို့ရှိပါတယ်” ဟု ဒေါက်တာပြည့်ထူးကပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ရေသန့်စက်ရုံ (၈၀)ခန့်ရှိသည့်အနက် လုပ်ငန်းရှင်(၆၀)ဦးခန့် အဆိုပါ သင်တန်း တက်ရောက်နကြခြေင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ ရေသန့်လုပ်ငန်းများအား ၂၀၁၈ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင် ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ်များနှင့် အညီ FDA မှ သတ်မှတ်ထားသော စက်ရုံများ ဖြစ်ရေး၊ တရားမဝင်ရေသန့်လုပ်ငနး်များ ပပျောက်ရေး၊ ရှောင်တခင်စစ်ဆေးမှု များပြုလုပ်ခဲ့ရာတွင် ပြင်ဆင်ချက် ပြန်တင်စေခဲ့ရသည့် စက်ရုံ(၄)ရုံရှိခဲ့ရာ အမှန်တကယ်ပြင်ဆင်ခြင်း ရှိ မရှိကို မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး လုပ်ငန်းကော်မတီများက ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~