သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ နေပြည်တော်တွင် ကျင်းပနေ

သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ နေပြည်တော်တွင် ကျင်းပနေ
ဒီဇငျဘာ 5, 2018
By Tachileik News Agency

သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့တွင် နေပြည်တော် Park Royal Hotel ၌ ကျင်းပနေရာ မြန်မာ့မီဒီယာဖွံ့ဖြိုးရေးအတွက် ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုများ တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် သတင်းသမားများ၊ မီဒီယာဖွံ့ဖြိုးရေးနှင့် ဆက်စပ်အဖွဲ့အစည်းများ ဆွေးနွေးနေကြသည်။

အဆိုပါ ညီလာခံတွင် ဥပဒေပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးမှ လွတ်လပ်စွာ ပြောဆို ထုတ်ဖေါ် ရေးသားခွင့်နှင့် သတင်းအချက်အလက်များ လွတ်လပ်စွာရယူခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုင်းတာမည့် နည်းလမ်းများ၊ မြန်မာနိုင်ငံ၏ ရုပ်သံလွှင့်မီဒီယာများ၊ ဥပဒေ၊ နည်းဥပဒေနှင့် အကောင်အထည် ဖေါ်ဆောင်ရွက်မှုများ၊ မီဒီယာနှင့် သတင်းသမားများ၏ လုံခြုံရေး၊ ဒစ်ဂျစ်တယ် ကူးပြောင်းသည့် အခင်းအကျင်းတွင် ပြည်တွင်းမီဒီယာများ ရှင်သန်ရပ်တည်ရေးနှင့် ရေရှည် တည်တံ့ရေးတို့ကို ဆွေးနွေးကြပြီး မြန်မာ့မီဒီယာဖွံ့ဖြိုးရေးအတွက် ရှေ့ဆက်လုပ်ငန်းစဉ်များ ရရှိရေးဆွေးနွေးနေကြခြင်းဖြစ်သည်။

ညီလာခံတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ယူနက်စကိုရုံးမြန်မာ၏ ဌာနေကိုယ်စားလှယ် Ms.Min Jeong Kim၊ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ် H.E Mr.Staffan Herrstrom တို့က အဖွင့်အမှာစကားပြောကြားကြသည်။

အဆိုပါ ညီလာခံသို့ သတင်းမီဒီယာများ၊ သတင်းမီဒီယာနှင့်ဆက်စပ်အဖွဲ့အစည်းများ၊ မြန်မာ့မီဒီယာဖွံ့ဖြိုးရေး ထောက်ပံ့နေကြသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာသံတမန်များနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့ တက်ရောက်နေကြသည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့တွင် နပြေည်တော် Park Royal Hotel၌ ကျင်းပနေရာ မြန်မာ့မီဒီယာဖွံ့ဖြိုးရေးအတွက် ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုများ တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် သတင်းသမားများ၊ မီဒီယာဖွံ့ဖြိုးရေးနှင့် ဆက်စပ်အဖွဲ့အစည်းများ ဆွေးနွေးနကြေသည်။

အဆိုပါ ညီလာခံတွင် ဥပဒေပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးမှ လွတ်လပ်စွာ ပြောဆို ထုတ်ဖော် ရေးသားခွင့်နှင့် သတင်းအချက်အလက်များ လွတ်လပ်စွာရယူခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုင်းတာမည့် နည်းလမ်းများ၊ မြန်မာနိုင်ငံ၏ ရုပ်သံလွှင့်မီဒီယာများ၊ ဥပဒေ၊ နည်းဥပဒေနှင့် အကောင်အထည် ဖော်ဆောင်ရွက်မှုများ၊ မီဒီယာနှင့် သတင်းသမားများ၏ လုံခြုံရေး၊ ဒစ်ဂျစ်တယ် ကူးပြောင်းသည့် အခင်းအကျင်းတွင် ပြည်တွင်းမီဒီယာများ ရှင်သန်ရပ်တည်ရေးနှင့် ရေရှည် တည်တံ့ရေးတို့ကို ဆွေးနွေးကြပြီး မြန်မာ့မီဒီယာဖွံ့ဖြိုးရေးအတွက် ရှေ့ဆက်လုပ်ငန်းစဉ်များ ရရှိရေးဆွေးနွေးနကြခြေင်းဖြစ်သည်။

ညီလာခံတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖမြေင့်၊ ယူနက်စကိုရုံးမြန်မာ၏ ဌာနေကိုယ်စားလှယ် Ms.Min Jeong Kim၊ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ် H.E Mr.Staffan Herrstrom တို့က အဖွင့်အမှာစကားပြောကြားကြသည်။

အဆိုပါ ညီလာခံသို့ သတင်းမီဒီယာများ၊ သတင်းမီဒီယာနှင့်ဆက်စပ်အဖွဲ့အစည်းများ၊ မြန်မာ့မီဒီယာဖွံ့ဖြိုးရေး ထောက်ပံ့နကြေသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာသံတမန်များနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖမြေင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့ တက်ရောက်နကြေသည်။

ယင်းညီလာခံအား ကြိုဆိုသည့် ဧည့်ခံညစာစားပွဲကို ဒီဇင်ဘာလ(၄)ရက်နေ့က ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် DW Akademie၏ Head of Department Asia & Europe ဖြစ်သူ Mr.Michael Karhausen တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~