ျမန္မာ - ရွမ္း ႏွစ္ဘာသာျဖင့္ ေဖာ္ျပထားသည့္ က်ဳိင္းတံုၿမိဳ႕အ၀င္ဆိုင္းဘုတ္အား ဒီဇင္ဘာလ(၈)ရက္ေန႔တြင္ ဖြင့္လွစ္မည္

ျမန္မာ - ရွမ္း ႏွစ္ဘာသာျဖင့္ ေဖာ္ျပထားသည့္ က်ဳိင္းတံုၿမိဳ႕အ၀င္ဆိုင္းဘုတ္အား ဒီဇင္ဘာလ(၈)ရက္ေန႔တြင္ ဖြင့္လွစ္မည္
ဒီဇင်ဘာ 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) က်ိဳင္းတံုၿမိဳ႕တြင္ က်ဳိင္းတံုၿမိဳ႕နယ္ေရွးေဟာင္းအေမြအႏွစ္ႏွင့္ ယဥ္ေက်းမႈ ထိန္းသိမ္းေရးအဖြဲ႕က ေဆာင္ရြက္ေနေသာ ျမန္မာႏွင့္ ရွမ္း ႏွစ္ဘာသာျဖင့္ ေဖၚျပထားသည့္ ၿမိဳ႕အဝင္ ဆုိင္းဘုတ္ကို ၂၀၁၈ ခုနွစ္၊ ဒီဇင္ဘာလ (၈)ရက္ေန႔တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

“ဒီၿမိဳ႕နယ္က တရားဝင္ဖြဲ႕စည္းထားတဲ့ အစိုးမဟုတ္တဲ့ အဖြဲ႕ပါ။ ဒီဆုိင္းဘုတ္အတြက္ကို ကၽြန္ေတာ္တုိ႔ လႊတ္ေတာ္ကိုယ္စားလွယ္(၃)ဦးက လက္မွတ္ေရးထိုးၿပီး ၿမိဳ႕နယ္စီခန္႔ (စီမံခန္႔ခြဲေရးေကာ္မတီ)၊ ခရိုင္စီခန္႔တင္ၿပီးေတာ့ ျပည္နယ္အစိုးရအထိ ခြင့္ျပဳခ်က္ရယူခဲ့တာ။ သူတုိ႔ကလည္း ခြင့္ျပဳပါတယ္။ ဘတ္ဂ်က္ကေတာ့ အစိုးရဘတ္ဂ်က္ မဟုတ္ဘူး။ က်ိဳင္းတံုၿမိဳ႕နယ္ ေရွးေဟာင္းအေမြအႏွစ္ႏွင့္ ယဥ္ေက်းမႈထိန္းသိမ္းေရးအဖြဲ႕က သူတို႔ဘာသာလုပ္တာ။ ကၽြန္ေတာ္တို႔က ခြင့္ျပဳခ်က္အတြက္ လက္မွတ္ထုိးေပး တင္ေပးတာပဲရိွတာ”ဟု က်ိဳင္းတံုမွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ဝဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ဘက္မွ က်ဳိင္းတံုၿမိဳ႕အဝင္တြင္ရိွသည့္ အဆိုပါ ၿမိဳ႕ဝင္ဆုိင္းဘုတ္တည္ေဆာက္ေရးအတြက္ အခ်ိန္ (၁)လဝန္းက်င္ ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Dr Wunna Soe

 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကျိုင်းတုံမြို့နယ်ရှေးဟောင်းအမွေအနှစ်နှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့က ဆောင်ရွက်နေသော မြန်မာနှင့် ရှမ်း နှစ်ဘာသာဖြင့် ဖော်ပြထားသည့် မြို့အဝင် ဆိုင်းဘုတ်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

“ဒီမြို့နယ်က တရားဝင်ဖွဲ့စည်းထားတဲ့ အစိုးမဟုတ်တဲ့ အဖွဲ့ပါ။ ဒီဆိုင်းဘုတ်အတွက်ကို ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက လက်မှတ်ရေးထိုးပြီး မြို့နယ်စီခန့် (စီမံခန့်ခွဲရေးကော်မတီ)၊ ခရိုင်စီခန့်တင်ပြီးတော့ ပြည်နယ်အစိုးရအထိ ခွင့်ပြုချက်ရယူခဲ့တာ။ သူတို့ကလည်း ခွင့်ပြုပါတယ်။ ဘတ်ဂျက်ကတော့ အစိုးရဘတ်ဂျက် မဟုတ်ဘူး။ ကျိုင်းတုံမြို့နယ် ရှေးဟောင်းအမွေအနှစ်နှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့က သူတို့ဘာသာလုပ်တာ။ ကျွန်တော်တို့က ခွင့်ပြုချက်အတွက် လက်မှတ်ထိုးပေး တင်ပေးတာပဲရှိတာ”ဟု ကျိုင်းတုံမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ဘက်မှ ကျိုင်းတုံမြို့အဝင်တွင်ရှိသည့် အဆိုပါ မြို့ဝင်ဆိုင်းဘုတ်တည်ဆောက်ရေးအတွက် အချိန် (၁)လဝန်းကျင် ကြာမြင့်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Dr Wunna Soe

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~