စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော ဓာတ်မြေသြဇာ (၅၇၀)အိတ်ကို ကျိုင်းတုံမြို့နယ်အတွင်းရှိ အရောင်းဆိုင် (၅)ဆိုင်တွင် သိမ်းဆည်းရမိ
စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော ဓာတ်မြေသြဇာ (၅၇၀)အိတ်ကို ကျိုင်းတုံမြို့နယ်အတွင်းရှိ အရောင်းဆိုင် (၅)ဆိုင်တွင် သိမ်းဆည်းရမိ
ဒီဇငျဘာ 5, 2018
By Tachileik News Agency
စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော ဓာတ်မြေသြဇာ (၅၇၀)အိတ်ကို ကျိုင်းတုံမြို့ရှိ စိုက်ပျိုးရေး လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင် (၅)ဆိုင်မှ ပထမဆုံးအဖြစ် ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သည် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းက သိမ်းဆည်းရမိကြောင်း သိရသည်။
ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်(၂)ခုနှင့် ကတ်တောင်ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင် (၅)ဆိုင်ကို ကွင်းဆင်းစစ်ဆေးရာမှ စုစုပေါင်း ကျပ်(၉၅)သိန်းကျော် တန်ဖိုးရှိပြီး ထောက်ခံချက်မရှိသည့် ဓာတ်မြေသြဇာ (၅၇၀)အိတ်ကို စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၉(င)အရ သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရမိသည့် ဓာတ်မြေသြဇာများနှင့် ပတ်သတ်ပြီး ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အစည်းအဝေးတွင် တင်ပြကာ အစည်းအဝေး ဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းရှင်များအနေဖြင့် အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်ချလိုက်ပြီး ရက်ပေါင်း (၆၀)အတွင်း အယူခံဝင်နိုင်သည့် အတွက် အယူခံဝင်သည့် ကာလအတွင်းတွင် သိမ်းဆည်းထားသည့် ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများအတိုင်း ထောက်ခံချက် ရအောင်ဆောင်ရွက်ရမည်ဖြစ်ပြီး မရပါက ဥပဒေအတိုင်း ဖျက်ဆီးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော ဓာတ်မြသြေဇာ (၅၇၀)အိတ်ကို ကျိုင်းတုံမြို့ရှိ စိုက်ပျိုးရေး လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင် (၅)ဆိုင်မှ ပထမဆုံးအဖြစ် ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သည် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းက သိမ်းဆည်းရမိကြောင်း သိရသည်။
“ဒီနေ့ စစ်ဆေးတွေ့ရှိခဲ့တဲ့ ဓာတ်မြသြေဇာတွေက စိုက်ပျိုးရေးဦးစီးဌာနရဲ့ ထောက်ခံချက်တွေ၊ ဓာတ်ခွဲ စစ်ဆေးချက်တွေ မပါဘူး။ ကွင်းဆင်းစစ်ဆေးတဲ့ အထဲမှာလည်း စိုက်ပျိုးရေးက တာဝန်ရှိသူပါတယ်။ အနည်းဆုံး မြန်မာနိုင်ငံမှာ ရောင်းနေတဲ့ စိုက်ပျိုးရေးပစ္စည်းက Register ပါရမယ်၊ လော့နံပါတ်ပါရမယ်၊ သက်တမ်းကုန်ဆုံးရက်တွေ ပါရမယ်။ အခုဟာက ဘာမှမပါဘူး။ တရုတ်စာတွေနဲ့ဘဲရေးထားတာ။ ဒါက ကျိုင်းတုံမြို့မှာ စိုက်ပျိုးရေးသုံး ပစ္စည်းတွေနဲ့ ပတ်သတ်ပြီး ပထမဆုံး ဖမ်းမိတာပါ”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်(၂)ခုနှင့် ကတ်တောင်ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင် (၅)ဆိုင်ကို ကွင်းဆင်းစစ်ဆေးရာမှ စုစုပေါင်း ကျပ်(၉၅)သိန်းကျော် တန်ဖိုးရှိပြီး ထောက်ခံချက်မရှိသည့် ဓာတ်မြသြေဇာ (၅၇၀)အိတ်ကို စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၉(င)အရ သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရမိသည့် ဓာတ်မြသြေဇာများနှင့် ပတ်သတ်ပြီး ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အစည်းအေဝးတွင် တင်ပြကာ အစည်းအေဝး ဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီနေ့ စစ်ဆေးတဲ့ အခါမှာ ဆိုင်တွေတင်ထားတဲ့ ကုန်ပစ္စည်းတွေထဲမှာ မြေဆီမှာ မလိုအပ်တဲ့ ဓာတ်မြသြေဇာတွေကိုလည်း တွေ့နေရတယ်ဆိုပြီး စိုက်ပျိုးရေးက ပြောလာတယ်။ ဒါမျိုးတွေကို တောင်သူက ဈေးချိုတာ့ ဝယ်သုံးတယ်။ ဒီတော့ ပြည်သူဘဲ နစ်နာတယ်။ ဒါတွေအတွက်ကို ကျွန်တော်တို့က ပညာဘယ်လောက်ပေးပေး စီးပွားရေးလုပ်ငန်းရှင်တွေက လုပ်နေတာဘဲဆိုတော့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ တာဝန်တွေအတိုင်း ကွင်းဆင်းစစ်ဆေးတာတွေ ပညာပေးတာတွေ ဆက်လုပ်နေရမှာဘဲ။”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။
လုပ်ငန်းရှင်များအနဖြေင့် အဆိုပါ အစည်းအေဝးဆုံးဖြတ်ချက်ချလိုက်ပြီး ရက်ပေါင်း (၆၀)အတွင်း အယူခံဝင်နိုင်သည့် အတွက် အယူခံဝင်သည့် ကာလအတွင်းတွင် သိမ်းဆည်းထားသည့် ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများအတို်င်း ထောက်ခံချက် ရအောင်ဆောင်ရွက်ရမည်ဖြစ်ပြီး မရပါက ဥပဒေအတိုင်း ဖျက်ဆီးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ - စားသုံးသူရေးရာ ကျိုင်းတုံ
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~