အာခါတုိင္းရင္းသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ အာခါအမ်ိဳးသားေန႔အခမ္းအနားကို က်ိဳင္းတံုတြင္ ဒီဇင္ဘာလ (၂၇)ရက္ေန႔၌ စတင္က်င္းပမည္

အာခါတုိင္းရင္းသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ အာခါအမ်ိဳးသားေန႔အခမ္းအနားကို က်ိဳင္းတံုတြင္ ဒီဇင္ဘာလ (၂၇)ရက္ေန႔၌ စတင္က်င္းပမည္
ဒီဇင်ဘာ 18, 2018
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ (၄၄)ႀကိမ္ေျမာက္ အာခါတုိင္းရင္းသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္၊ အာခါအမ်ိဳးသားေန႔အခမ္းအနားကို ၿမိဳ႕မကြင္းအတြင္း ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၇)ရက္ေန႔မွစ၍ (၃)ရက္တာက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီပြဲမွာ ေဒသတြင္းက အာခါတိုင္းရင္းသားေတြ စုေပါင္းက်င္းပၾကတာပါ။ ေဒသတြင္းေရာ အိမ္နီးခ်င္း ထုိင္းနဲ႔တရုတ္က အာခါတုိင္းရင္းသားေတြလည္း လာႏုိင္ပါတယ္”ဟု က်ိဳင္းတံု အာခါစာေပႏွင့္ ယဥ္ေက်းမႈအသင္းမွ ဦးခ်စ္သားက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါပြဲေတာ္က်င္းပေရးအတြက္ အာခါတုိင္းရင္းသားအိမ္ေထာင္စုမ်ားထံမွ စုေပါင္းလွဴဒါန္းေငြအျပင္ ကံစမ္းမဲတစ္ေစာင္လွ်င္ က်ပ္(၂၀၀၀)ႏႈန္းျဖင့္ ေရာင္းခ်ေပးေနသည့္ရရိွေငြမွလည္း သံုးစြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

“အာခါတုိင္းရင္းသားေတြေနထုိင္ရာေဒသေတြမွာ လက္မွတ္ေတြ ျဖန္႔ေပးထားပါတယ္။ တစ္ေစာင္ကို က်ပ္(၂၀၀၀)နဲ႔ အိမ္ေထာင္စုတစ္စုကို တစ္ေစာင္ႏႈန္း ေရာင္းခ်မယ္ဆိုေပမဲ့ အတင္းအက်ပ္ ေရာင္းခ်တာေတာ့ မဟုတ္ပါဘူး။ ကံစမ္းမဲေပါက္ရင္လည္းယူ မေပါက္ရင္လည္း အလွဴအျဖစ္ ေရာင္းခ်ေပးတာပါ။ (၄၂)ႀကိမ္ေလာက္အထိေတာ့ ကၽြန္မတုိ႔ စုေပါင္းထည့္ဝင္ေငြနဲ႔ က်င္းပတာျဖစ္ေပမဲ့ အလွဴေငြ ဒီတုိင္းပဲထည့္ရတာ တစ္ခ်ိဳ႕လည္း မထည့္ခ်င္ၾကဘူးဆိုေတာ့ မႏွစ္က (၄၃)ႀကိမ္က စေရာင္းတာပါ။ မႏွစ္က စုစုေပါင္း က်ပ္သိန္း (၅၀၀) ရတာမွာ ဆုအတြက္ က်ပ္သိန္း (၃၀၀)ေက်ာ္ ျပန္ေပးၿပီး က်န္တဲ့ က်ပ္သိန္း (၁၀၀)ေက်ာ္နဲ႔ စုေပါင္းထည့္ဝင္အလွဴေငြေပါင္းၿပီး ပြဲက်င္းပခဲ့တာပါ”ဟု (၄၄)ႀကိမ္ေျမာက္ အာခါတုိင္းရင္းသား စုေပါင္းႏွစ္သစ္ကူးပြဲေတာ္၊ အာခါအမ်ိဳးသားေန႔ က်င္းပေရးဦးစီးေကာ္မတီ ဘ႑ာေရးမွဴး ေဒၚယာမီက ေျပာသည္။

ျမန္မာႏုိင္ငံတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၌ အမ်ားစုေနထုိင္ၾကသည့္ အာခါတုိင္းရင္းသားမ်ား၏ ႏွစ္သစ္ကူးပြဲေတာ္မ်ားကို မိမိတို႔ေနထုိင္ရာေဒသအလုိက္က်င္းပၾကၿပီး က်ိဳင္းတံုၿမိဳ႕တြင္ က်င္းပသည့္ စုေပါင္းႏွစ္သစ္ကူးပြဲေတာ္တြင္ ဒီဇင္ဘာလ (၂၈)ရက္ေန႔တြင္ က်ေရာက္မည့္ အာခါအမ်ိဳးသားေန႔ႏွင့္ တစ္ေပါင္းတည္းက်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စုေပါင္းႏွစ္သစ္ကူးပြဲေတာ္ႏွင့္ အမ်ိဳးသားေန႔အခမ္းအနားကို အာခါတုိင္းရင္းသားေရးရာဝန္ႀကီး ဦးအာေဗလက ႀကီးမွဴးၿပီး အာခါအမ်ိဳးသားစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕က (၄၄)ႀကိမ္ေျမာက္ အာခါတုိင္းရင္းသား စုေပါင္းႏွစ္သစ္ကူးပြဲေတာ္၊ အာခါအမ်ိဳးသားေန႔ က်င္းပေရးဦးစီးေကာ္မတီအျဖစ္ ဦးေဆာင္က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ကိုၿဖဳိး



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် (၄၄)ကြိမ်မြောက် အာခါတိုင်းရင်းသားစုပေါင်းနှစ်သစ်ကူးပွဲတော်၊ အာခါအမျိုးသားနေ့အခမ်းအနားကို မြို့မကွင်းအတွင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့မှစ၍ (၃)ရက်တာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီပွဲမှာ ဒေသတွင်းက အာခါတိုင်းရင်းသားတွေ စုပေါင်းကျင်းပကြတာပါ။ ဒေသတွင်းရော အိမ်နီးချင်း ထိုင်းနဲ့တရုတ်က အာခါတိုင်းရင်းသားတွေလည်း လာနိုင်ပါတယ်”ဟု ကျိုင်းတုံ အာခါစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးချစ်သားက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါပွဲတော်ကျင်းပရေးအတွက် အာခါတိုင်းရင်းသားအိမ်ထောင်စုများထံမှ စုပေါင်းလှူဒါန်းငွေအပြင် ကံစမ်းမဲတစ်စောင်လျှင် ကျပ်(၂၀၀၀)နှုန်းဖြင့် ရောင်းချပေးနေသည့်ရရှိငွေမှလည်း သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
“အာခါတိုင်းရင်းသားတွေနေထိုင်ရာဒေသတွေမှာ လက်မှတ်တွေ ဖြန့်ပေးထားပါတယ်။ တစ်စောင်ကို ကျပ်(၂၀၀၀)နဲ့ အိမ်ထောင်စုတစ်စုကို တစ်စောင်နှုန်း ရောင်းချမယ်ဆိုပေမဲ့ အတင်းအကျပ် ရောင်းချတာတော့ မဟုတ်ပါဘူး။ ကံစမ်းမဲပေါက်ရင်လည်းယူ မပေါက်ရင်လည်း အလှူအဖြစ် ရောင်းချပေးတာပါ။ (၄၂)ကြိမ်လောက်အထိတော့ ကျွန်မတို့ စုပေါင်းထည့်ဝင်ငွေနဲ့ ကျင်းပတာဖြစ်ပေမဲ့ အလှူငွေ ဒီတိုင်းပဲထည့်ရတာ တစ်ချို့လည်း မထည့်ချင်ကြဘူးဆိုတော့ မနှစ်က (၄၃)ကြိမ်က စရောင်းတာပါ။ မနှစ်က စုစုပေါင်း ကျပ်သိန်း (၅၀၀) ရတာမှာ ဆုအတွက် ကျပ်သိန်း (၃၀၀)ကျော် ပြန်ပေးပြီး ကျန်တဲ့ ကျပ်သိန်း (၁၀၀)ကျော်နဲ့ စုပေါင်းထည့်ဝင်အလှူငွေပေါင်းပြီး ပွဲကျင်းပခဲ့တာပါ”ဟု (၄၄)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်၊ အာခါအမျိုးသားနေ့ ကျင်းပရေးဦးစီးကော်မတီ ဘဏ္ဍာရေးမှူး ဒေါ်ယာမီက ပြောသည်။
မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၌ အများစုနေထိုင်ကြသည့် အာခါတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များကို မိမိတို့နေထိုင်ရာဒေသအလိုက်ကျင်းပကြပြီး ကျိုင်းတုံမြို့တွင် ကျင်းပသည့် စုပေါင်းနှစ်သစ်ကူးပွဲတော်တွင် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့် အာခါအမျိုးသားနေ့နှင့် တစ်ပေါင်းတည်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စုပေါင်းနှစ်သစ်ကူးပွဲတော်နှင့် အမျိုးသားနေ့အခမ်းအနားကို အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလက ကြီးမှူးပြီး အာခါအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က (၄၄)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်၊ အာခါအမျိုးသားနေ့ ကျင်းပရေးဦးစီးကော်မတီအဖြစ် ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကိုဖြိုး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~