ထိုင်းနိုင်ငံမှ အလိုရှိနေသည့် (၅)မည်ရ ထိုင်းတရားခံအား တာချီလိတ်တွင် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံမှ အလိုရှိနေသည့် (၅)မည်ရ ထိုင်းတရားခံအား တာချီလိတ်တွင် ဖမ်းဆီးရမိ
ဒီဇငျဘာ 8, 2018
By Tachileik News Agency


ရန်ကုန်မြို့အခြေစိုက် ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)နှင့် တာချီလိတ်မြို့မှ ရဲတပ်ဖွဲ့တို့ ဆက်သွယ် ဆောင်ရွက်မှုဖြင့် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရွာ၊ ချယ်ရီလမ်းတွင် နေထိုင်နေပြီး ထိုင်းနိုင်ငံမှ အလိုရှိတရားခံဖြစ်သူ အသက် (၂၈)နှစ်အရွယ် အိုက်ရှဲန်(ခ) အာဖိပိုနို (ခ) တော့နလုံပိုတစ် (ခ) ကျရမ်းဝတ်ချနရန်းချုင်းဖတ် (ခ) အစ်ခရူကို ဒီဇင်ဘာလ (၈)ရက်နေ့ နံနက် (၆)နာရီတွင် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံမှ အလိုရှိတရားခံ (၅)မည်ရ လူငယ်တစ်ဦးကို မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့်အတူ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ရန်ကုန်မြို့အခြေစိုက် ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)နှင့် တာချီလိတ်မြို့မှ ရဲတပ်ဖွဲ့တို့ ဆက်သွယ် ဆောင်ရွက်မှုဖြင့် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရွာ၊ ချယ်ရီလမ်းတွင် နေထိုင်နပြေီး ထိုင်းနိုင်ငံမှ အလိုရှိတရားခံဖြစ်သူ အသက် (၂၈)နှစ်အရွယ် အိုက်ရှဲန်(ခ) အာဖိပိုနို (ခ) တော့နလုံပိုတစ် (ခ) ကျရမ်းဝတ်ချနရန်းချုင်းဖတ် (ခ) အစ်ခရူကို ဒီဇင်ဘာလ (၈)ရက်နေ့ နံနက် (၆)နာရီတွင် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း၏ နေအိမ်ရှေ့တွင် ရပ်ထားသည့် နံပါတ်တပ်ထားသော လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးကိုပါ စစ်ဆေး တွေ့ရှိရကြောင်း သိရသည်။

အိုက်ရှဲန်(ခ) အာဖိပိုနို (ခ) တော့နလုံပိုတစ် (ခ) ကျရမ်းဝတ်ချနရန်းချုင်းဖတ် (ခ) အစ်ခရူကို တရားမဝင်မော်တော်ယာဉ်အား လက်ဝယ်ထားရှိ အသုံးပြုမှုဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၄၂/၂၀၁၈၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~