ထိုင္းႏိုင္ငံအတြင္း နယ္ေျမေက်ာ္သြားေရာက္မႈႏွင့္အတူ ရက္ေက်ာ္ေနထိုင္မႈတို႔ေၾကာင့္ ဖမ္းခံရသည့္ ျမန္မာႏိုင္ငံသား (၅)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ

ထိုင္းႏိုင္ငံအတြင္း နယ္ေျမေက်ာ္သြားေရာက္မႈႏွင့္အတူ ရက္ေက်ာ္ေနထိုင္မႈတို႔ေၾကာင့္ ဖမ္းခံရသည့္ ျမန္မာႏိုင္ငံသား (၅)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ
ဒီဇင်ဘာ 4, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံအတြင္း နယ္ေျမေက်ာ္သြားေရာက္မႈႏွင့္အတူ ရက္ေက်ာ္ေနထိုင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား(၅)ဦးအား ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ(၄)ရက္ေန႔ ညေန(၃)နာရီအခ်ိန္က တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

ထိုင္းဘက္မွ လႊဲေျပာင္းလာသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာႏုိင္ငံဘက္မွ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဌာနဦးစီးဌာန၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္  ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရး ေကာ္မတီ (CNCMC ) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

လႊဲေျပာင္းျခင္းခံရသူမ်ားတြင္ ထိုင္းႏိုင္ငံအတြင္း နယ္ေျမေက်ာ္သြားေရာက္ျခင္းေၾကာင့္ ဖမ္းဆီးခံရသူ (၄)ဦး ႏွင့္ ရက္ေက်ာ္ေနထိုင္ျခင္းတို႔ေၾကာင့္ ဖမ္းဆီးခံရသူ (၁)ဦးျဖစ္ရာ  အမ်ဳိးသား(၄)ဦး ႏွင့္ အမ်ဳိးသမီး (၁)ဦး ပါ၀င္ေၾကာင္း သိရသည္။

၎တို႔ (၅)ဦးသည္ မႏၱေလးတိုင္းေဒသႀကီး အပါအ၀င္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တို႔တြင္ ေနထိုင္သူမ်ားျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ ရက္ေက်ာ္ေနထုိင္ျခင္း မ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာဘက္သို႔ ျပန္လည္ လႊဲေျပာင္းေပးၿပီး ျမန္မာႏုိင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္သည့္ ထိုင္းႏုိင္ငံသားမ်ားအေနျဖင့္ အျခားျပစ္မႈမ်ား က်ဴးလြန္ျခင္းမရိွပါက ျပည္ႏွင္ဒဏ္ျဖင့္ ျမန္မာဘက္က ထိုင္းႏုိင္ငံသို႔ ျပန္လႊဲေပးေလ့ ရိွေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံအတွင်း နယ်မြေကျော်သွားရောက်မှုနှင့်အတူ ရက်ကျော်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား(၅)ဦးအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့ ညနေ(၃)နာရီအချိန်က တာချီလိတ်သို့ လွှဲပြောင်းပေးလာကြောင်း သိရသည်။

ထိုင်းဘက်မှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံဘက်မှ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာနဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC ) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

လွှဲပြောင်းခြင်းခံရသူများတွင် ထိုင်းနိုင်ငံအတွင်း နယ်မြေကျော်သွားရောက်ခြင်းကြောင့် ဖမ်းဆီးခံရသူ (၄)ဦး နှင့် ရက်ကျော်နေထိုင်ခြင်းတို့ကြောင့် ဖမ်းဆီးခံရသူ (၁)ဦးဖြစ်ရာ အမျိုးသား(၄)ဦး နှင့် အမျိုးသမီး (၁)ဦး ပါဝင်ကြောင်း သိရသည်။

၎င်းတို့ (၅)ဦးသည် မန္တလေးတိုင်းဒေသကြီး အပါအဝင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်သွားရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်း၊ ရက်ကျော်နေထိုင်ခြင်း များကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေးပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများအနဖြေင့် အခြားပြစ်မှုများ ကျူးလွန်ခြင်းမရှိပါက ပြည်နှင်ဒဏ်ဖြင့် မြန်မာဘက်က ထိုင်းနိုင်ငံသို့ ပြန်လွှဲပေးလေ့ ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~