သစ္တရားမဝင္သယ္လာသည့္ ခရီးသည္တင္ယာဥ္အား ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ဖမ္းဆီးရမိ

သစ္တရားမဝင္သယ္လာသည့္ ခရီးသည္တင္ယာဥ္အား ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ဖမ္းဆီးရမိ
နိုဝင်ဘာ 17, 2018
By 🌸
ျမန္မာ - တရုတ္နယ္စပ္ မူဆယ္ၿမိဳ႕သို႔ မႏၱေလးၿမိဳ႕မွ ထြက္ခြာလာသည့္ ခရီးသည္တင္ယာဥ္တြင္ အံဝွက္ျဖင့္ သယ္လာသည့္ တရားမဝင္သစ္မ်ားကို  ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္း၌ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၇)ရက္ေန႔၏ ဒုတိယေျမာက္အမႈအျဖစ္ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ မူဆယ္ဘက္သုိ႔အတက္ကားမ်ားအား စစ္ေဆးေနစဥ္ ညေန(၄)နာရီဝန္းက်င္က ခရီးသည္(၁၁)ဦးတင္ေဆာင္လာသည့္ Express ေမာ္ေတာ္ယာဥ္၏ ခရီးသည္ပစၥည္းမ်ားတင္ေဆာင္ရာေနရာတြင္ အံဝွက္ျဖင့္ သိုဝွက္၍သယ္လာသည့္ သစ္ခြဲသားမ်ားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ သစ္အမ်ိဳးအစားႏွင့္ တန္ခ်ိန္တို႔ကို စစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရၿပီး နံနက္ (၁၀)ဝန္းက်င္ကလည္း အဆုိပါစစ္ေဆးေရးဂိတ္တြင္ မူဆယ္ဘက္သို႔ တရားမဝင္သယ္လာသည့္ ေက်ာက္စိမ္းျဖတ္စမ်ားကို ဖမ္းဆီးရမိထားျခင္းျဖစ္သည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ပံုမွန္စစ္ေဆးေရးစခန္းမ်ားရိွေနၿပီး သိန္းနီၿမိဳ႕နယ္အတြင္း ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း၌လည္း သက္ဆုိင္ရာဌာနေပါင္းစံုပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ျဖတ္သန္းသြားလာသည့္ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးမႈမ်ားလုပ္ေဆာင္ရာ တရုတ္နုိင္ငံသို႔ တရားမဝင္ တင္ပို႔မည့္ပစၥည္းမ်ား၊ တရုတ္ႏုိင္ငံမွ တရားမဝင္တင္သြင္းလာသည့္ ကုန္ပစၥည္းမ်ားကို ဖမ္းဆီးရမိေလ့ရိွေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု- အေကာက္ခြန္ဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
သစ်တရားမဝင်သယ်လာသည့် ခရီးသည်တင်ယာဉ်အား ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိ
***********
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့သို့ မန္တလေးမြို့မှ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်တွင် အံဝှက်ဖြင့် သယ်လာသည့် တရားမဝင်သစ်များကို  ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့၏ ဒုတိယမြောက်အမှုအဖြစ် ဖမ်းဆီးရမိထားကြောင်း သိရသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် မူဆယ်ဘက်သို့အတက်ကားများအား စစ်ဆေးနေစဉ် ညနေ(၄)နာရီဝန်းကျင်က ခရီးသည်(၁၁)ဦးတင်ဆောင်လာသည့် Express မော်တော်ယာဉ်၏ ခရီးသည်ပစ္စည်းများတင်ဆောင်ရာနေရာတွင် အံဝှက်ဖြင့် သိုဝှက်၍သယ်လာသည့် သစ်ခွဲသားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် သစ်အမျိုးအစားနှင့် တန်ချိန်တို့ကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရပြီး နံနက် (၁၀)ဝန်းကျင်ကလည်း အဆိုပါစစ်ဆေးရေးဂိတ်တွင် မူဆယ်ဘက်သို့ တရားမဝင်သယ်လာသည့် ကျောက်စိမ်းဖြတ်စများကို ဖမ်းဆီးရမိထားခြင်းဖြစ်သည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ပုံမှန်စစ်ဆေးရေးစခန်းများရှိနေပြီး သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌လည်း သက်ဆိုင်ရာဌာနပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာသည့်မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ရာ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိလေ့ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ- အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~