တာခ်ီလိတ္တြင္ ဆုိင္ကယ္ႏွင့္ ကား လမ္းလယ္တြင္ မ်က္ႏွာခ်င္းဆိုင္တုိက္၍ တစ္ဦးေသဆံုး

တာခ်ီလိတ္တြင္ ဆုိင္ကယ္ႏွင့္ ကား လမ္းလယ္တြင္ မ်က္ႏွာခ်င္းဆိုင္တုိက္၍ တစ္ဦးေသဆံုး
နိုဝင်ဘာ 30, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဝမ္လံုးေက်းရြာအုပ္စု တာခ်ီလိတ္ - က်ိဳင္းတံုကားလမ္းတြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၃၀)ရက္ေန႔ည (၈)နာရီဝန္းက်င္က ဆိုင္ကယ္ႏွင့္ ကားမ်က္ႏွာခ်င္းဆုိင္ ဝင္တုိက္မိၿပီး ဆုိင္ကယ္ေမာင္းသူေသဆံုးသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ - က်ိဳင္းတံုလမ္းတြင္ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္ဘက္မွ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ အသက္(၂၂)ႏွစ္အရြယ္ စိုင္းေကာင္ေက်ာက္ေမာင္းလာသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ဘက္မွ အသက္(၄၀)အရြယ္ စိုင္းလံုေမာင္းႏွင္လာသည့္ ဆုိင္ကယ္တို႔သည္ လမ္းအလယ္တြင္ မ်က္ႏွာခ်င္းဆိုင္ ဝင္တုိက္မိျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တုိက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းသူ စိုင္းလံုမွာ ေနရာတြင္ ေသဆံုးသြားၿပီး ေမာ္ေတာ္ယာဥ္ေမာင္း စိုင္းေကာင္ေက်ာက္တြင္ ထိခိုက္ဒဏ္ရာရရိွျခင္းမရိွေၾကာင္း သိရသည္။

ေသဆံုးသြားသူ၏အေလာင္းအား အခင္းျဖစ္ေနရာမွ တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ တာခ်ီလိတ္နာေရးကူညီမႈအသင္းက သယ္ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ စိုင္းေကာင္ေက်ာက္ႏွင့္ စိုင္းလံုတို႔အား ယာဥ္ (ပ) ၄၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၀၄ ကျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ဆိုင်ကယ်နှင့် ကား လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်၍ တစ်ဦးသေဆုံး
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်လုံးကျေးရွာအုပ်စု တာချီလိတ် - ကျိုင်းတုံကားလမ်းတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့ည (၈)နာရီဝန်းကျင်က ဆိုင်ကယ်နှင့် ကားမျက်နှာချင်းဆိုင် ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူသေဆုံးသွားကြောင်း သိရသည်။

တာချီလိတ် - ကျိုင်းတုံလမ်းတွင် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်ဘက်မှ တာချီလိတ်မြို့တွင်းသို့ အသက်(၂၂)နှစ်အရွယ် စိုင်းကောင်ကျောက်မောင်းလာသည့် မော်တော်ယာဉ်နှင့် မျက်နှာချင်းဆိုင်ဘက်မှ အသက်(၄၀)အရွယ် စိုင်းလုံမောင်းနှင်လာသည့် ဆိုင်ကယ်တို့သည် လမ်းအလယ်တွင် မျက်နှာချင်းဆိုင် ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ စိုင်းလုံမှာ နေရာတွင် သေဆုံးသွားပြီး မော်တော်ယာဉ်မောင်း စိုင်းကောင်ကျောက်တွင် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

သေဆုံးသွားသူ၏အလောင်းအား အခင်းဖြစ်နေရာမှ တာချီလိတ်ပြည်သူ့ဆေးရုံသို့ တာချီလိတ်နာရေးကူညီမှုအသင်းက သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းတွင် စိုင်းကောင်ကျောက်နှင့် စိုင်းလုံတို့အား ယာဉ် (ပ) ၄၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄ ကဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~