တာခ်ီလိတ္တြင္ ေျမာင္းဖံုးမရိွသည့္ လမ္းေဘးေရေျမာင္းအတြင္း ဆုိင္ကယ္ထိုးက် တိမ္းေမွာက္မႈႏွင့္ ဆုိင္ကယ္ကို အေနာက္မွဝင္တုိက္မိၿပီး ထြက္ေျပးမႈတို႔ျဖစ္ပြား

တာခ်ီလိတ္တြင္ ေျမာင္းဖံုးမရိွသည့္ လမ္းေဘးေရေျမာင္းအတြင္း ဆုိင္ကယ္ထိုးက် တိမ္းေမွာက္မႈႏွင့္ ဆုိင္ကယ္ကို အေနာက္မွဝင္တုိက္မိၿပီး ထြက္ေျပးမႈတို႔ျဖစ္ပြား
နိုဝင်ဘာ 28, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၈)ရက္ေန႔က ေျမာင္းဖံုးမရိွသည့္ လမ္းမႀကီးေဘးေရေျမာင္းအတြင္း ဆိုင္ကယ္ထိုးက်တိမ္းေမွာက္မႈႏွင့္ ဆိုင္ကယ္အားအေနာက္မွ ဝင္တုိက္မိၿပီး ထြက္ေျပးမႈတို႔ ျဖစ္ပြားေၾကာင္း သိရသည္။

ဆန္ဆိုင္းရပ္ကြက္ရိွ ဆန္ဆိုင္းေစ်းအနီးတြင္ ေန႔လယ္(၁)နာရီေက်ာ္က အမ်ိဳးသမီး(၂)ဦးစီးနင္းလာသည့္ ဆိုင္ကယ္ကို အေနာက္မွပါသည့္ ဆုိင္ကယ္တစ္စီးက ဝင္တုိက္မိၿပီး ထြက္ေျပးေမာင္းႏွင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦးမွာ လက္က်ိဳးသြားသျဖင့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ေဆးရံုသို႔ ပို႔ေဆာင္ေပးထားကာ ယာဥ္ထိန္းရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာအား စစ္ေဆးၿပီးေနာက္ တုိက္မိ ထြက္ေျပးသြားသည့္ ဆုိင္ကယ္ကို ေဖၚထုတ္ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း သိရသည္။

“တိုက္ေျပးသြားတဲ့ဆုိင္ကယ္ကလူကို အတိုက္ခံရတဲ့မိန္းကေလးေတြက မွတ္မိလိုက္တယ္။ ယာဥ္ထိန္းတပ္ဖြဲ႕က စံုစမ္းၿပီး ဖမ္းမိသြားၿပီလို႔ သိရပါတယ္”ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လြယ္စီတံု ပံုလို႔လမ္းမတြင္ ည (၇)နာရီခြဲဝန္းက်င္က ကားကိုေရွာင္တိမ္းလုိက္သည့္ဆုိင္ကယ္သည္ ေျမာင္းဖံုးမရိွသည့္ လမ္းေဘးေရေျမာင္းအတြင္း ထိုးက်တိမ္းေမွာက္သြားသျဖင့္ ဆုိင္ကယ္ေမာင္းသူမွာ ဦးေခါင္း၌ ဒဏ္ရာရသြားေၾကာငး္ သိရသည္။

ဆိုင္ကယ္တိမ္းေမွာက္မႈျဖစ္ပြားရာသို႔ တာခ်ီလိတ္နာေရးကူညီမႈအသင္းက သြားေရာက္ၿပီး လူနာအား ေဆးရုံပို႔ေဆာင္ေပးခဲ့ကာ အခင္းျဖစ္ေနရာအား ယာဥ္ထိန္းတပ္ဖြဲ႕က စစ္ေဆးခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၃၁)ရက္ေန႔ နံနက္ (၁)နာရီဝန္းက်င္ကလည္း ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့ရြာႏွင့္ မယ္ေခါင္ရပ္ကြက္သြား ကြန္ကရစ္တံတားအနီးလမ္းမတြင္ ေျမာင္းဖံုးမရိွသည့္ လမ္းေဘးေရေျမာင္းအတြင္း ဆိုင္ကယ္ထိုးက်သြားသျဖင့္ လူငယ္တစ္ဦး ေသဆံုးသြားခဲ့သည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် မြောင်းဖုံးမရှိသည့် လမ်းဘေးရေမြောင်းအတွင်း ဆိုင်ကယ်ထိုးကျ တိမ်းမှောက်မှုနှင့် ဆိုင်ကယ်ကို အနောက်မှဝင်တိုက်မိပြီး ထွက်ပြေးမှုတို့ဖြစ်ပွား
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့က မြောင်းဖုံးမရှိသည့် လမ်းမကြီးဘေးရေမြောင်းအတွင်း ဆိုင်ကယ်ထိုးကျတိမ်းမှောက်မှုနှင့် ဆိုင်ကယ်အားအနောက်မှ ဝင်တိုက်မိပြီး ထွက်ပြေးမှုတို့ ဖြစ်ပွားကြောင်း သိရသည်။

ဆန်ဆိုင်းရပ်ကွက်ရှိ ဆန်ဆိုင်းဈေးအနီးတွင် နေ့လယ်(၁)နာရီကျော်က အမျိုးသမီး(၂)ဦးစီးနင်းလာသည့် ဆိုင်ကယ်ကို အနောက်မှပါသည့် ဆိုင်ကယ်တစ်စီးက ဝင်တိုက်မိပြီး ထွက်ပြေးမောင်းနှင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးမှာ လက်ကျိုးသွားသဖြင့် တာချီလိတ်နာရေးကူညီမှုအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးထားကာ ယာဉ်ထိန်းရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးပြီးနောက် တိုက်မိ ထွက်ပြေးသွားသည့် ဆိုင်ကယ်ကို ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

“တိုက်ပြေးသွားတဲ့ဆိုင်ကယ်ကလူကို အတိုက်ခံရတဲ့မိန်းကလေးတွေက မှတ်မိလိုက်တယ်။ ယာဉ်ထိန်းတပ်ဖွဲ့က စုံစမ်းပြီး ဖမ်းမိသွားပြီလို့ သိရပါတယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွယ်စီတုံ ပုံလို့လမ်းမတွင် ည (၇)နာရီခွဲဝန်းကျင်က ကားကိုရှောင်တိမ်းလိုက်သည့်ဆိုင်ကယ်သည် မြောင်းဖုံးမရှိသည့် လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်သွားသဖြင့် ဆိုင်ကယ်မောင်းသူမှာ ဦးခေါင်း၌ ဒဏ်ရာရသွားကြောင်း သိရသည်။

ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ တာချီလိတ်နာရေးကူညီမှုအသင်းက သွားရောက်ပြီး လူနာအား ဆေးရုံပို့ဆောင်ပေးခဲ့ကာ အခင်းဖြစ်နေရာအား ယာဉ်ထိန်းတပ်ဖွဲ့က စစ်ဆေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ နံနက် (၁)နာရီဝန်းကျင်ကလည်း ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ရွာနှင့် မယ်ခေါင်ရပ်ကွက်သွား ကွန်ကရစ်တံတားအနီးလမ်းမတွင် မြောင်းဖုံးမရှိသည့် လမ်းဘေးရေမြောင်းအတွင်း ဆိုင်ကယ်ထိုးကျသွားသဖြင့် လူငယ်တစ်ဦး သေဆုံးသွားခဲ့သည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~