ဘုရားေစတီ (၅၇)ဆူမွ ေဂါပကအဖြဲ႕မ်ားအား အမ်ားႏွင့္ သက္ဆိုင္ေသာပစၥည္း ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒျဖင့္ ေဆာင္႐ြက္သြားမည္

ဘုရားေစတီ (၅၇)ဆူမွ ေဂါပကအဖြဲ႕မ်ားအား အမ်ားႏွင့္ သက္ဆိုင္ေသာပစၥည္း ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒျဖင့္ ေဆာင္႐ြက္သြားမည္
နိုဝင်ဘာ 15, 2018
By 🌸
ျပည္နယ္ႏွင့္ တုိင္းေဒသႀကီးအသီးသီးရိွ ထင္ရွားေက်ာ္ၾကားေသာ ဘုရားေစတီေပါင္း (၅၇)ဆူမွ ေဂါပကအဖြဲ႕မ်ားအား အမ်ားႏွင့္ သက္ဆိုင္ေသာပစၥည္း ကာကြယ္ေစာင့္ေ႐ွာက္ေရးဥပေဒျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက အမိန္႔ေၾကျငာစာ ထုတ္ျပန္လုိက္သည္။

ယင္းကဲ့သို႔ေၾကျငာလုိက္သည့္ ဘုရားေစတီမ်ားစာရင္းတြင္ ရွမ္းျပည္(အေရွ႕ပိုင္း)ရိွ တာခ်ီလိတ္ရိွ ေရႊတိဂံုေစတီေဂါပကအဖြဲ႕၊ က်ိဳင္းတံုၿမိဳ႕ရိွ မဟာျမတ္မုနိဘုရားေဂါပကအဖြဲ႕၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ရိွ မဟာျမတ္မုနိေဂါပကအဖြဲ႕၊ ရန္ေအာင္ျမင္ေစတီေတာ္ေဂါပကအဖြဲ႕၊ ရန္တုိင္းေအာင္ေစတီေတာ္ေဂါပကအဖြဲ႕၊ မန္ဆူဘုရားႀကီးေဂါပကအဖြဲ႕၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္လံုရိွ မဟာရဌာဘိသာမဂၢီေစတီေတာ္ ေဂါပကအဖြဲ႕၊ ဟိုပံုးရိွ ပန္ဆန္းဂူဘုရားေဂါပကအဖြဲ႕၊ ေတာင္ႀကီးၿမိဳ႕ရိွ စူဠာမုနိေလာကခ်မ္းသာေစတီေဂါပကအဖြဲ႕တို႔ ပါဝင္ေၾကာင္းသိရသည္။

၁၉၆၃ ခုႏွစ္၊ အမ်ားႏွင့္သက္ဆိုင္ေသာပစၥည္း ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒပုဒ္မ ၂၊ ပုဒ္မခြဲ(ဃ)ျဖင့္ အပ္ႏွင္းထားေသာအာဏာမ်ားကို သံုးစြဲလ်က္ ျပည္ထဲေရးဝန္ႀကီးဌာနသည္ အဆိုပါပုဒ္မ ၂၊ ပုဒ္မခြဲ(ဃ)၊ ပုဒ္မခြဲငယ္(၄)တြင္ ရည္ညႊန္းထားသည့္ အျခားအဖြဲ႕အစည္းတစ္ခုခုဆိုသည့္ စကားရပ္တြင္ ဘုရားေစတီ(၅၇)ဆူမွ ေဂါပကအဖြဲ႕မ်ား ေဂါပကအဖြဲ႕ဝင္မ်ားကို ေဂါပကအဖြဲ႕မ်ားပါဝင္သည္ဟု ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၉)ရက္ေန႔တြင္ အမိန္႔ေၾကာ္ျငာစာအမွတ္ (၄၉၉/၂၀၁၈)ျဖင့္ ထုတ္ျပန္အသိေပးေၾကျငာလုိက္ျခင္းျဖစ္သည္။

အဆိုပါေၾကျငာခ်က္အရ ေဖာ္ျပထားသည့္ ဘုရားေစတီမ်ားတြင္ အလွဴေငြ၊ အလွဴပစၥည္းမ်ားႏွင့္ပတ္သက္၍ ခိုးမႈ၊ အလြဲသံုးစားျပဳမႈ၊ လိမ္လည္မႈ က်ဴးလြန္ပါက အဆိုပါဥပေဒအရ ျပစ္ဒဏ္စီရင္ႏုိင္မည္ျဖစ္ၿပီး ယင္းကဲ့သို႔ အေရးယူရန္ ႏိုင္ငံေတာ္အစိုးရ၏ အခြင့္အမိန္႔ရမွ အေရးယူႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ဘုရားစေတီ (၅၇)ဆူမှ ဂေါပကအဖွဲ့များအား အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် ဆောင်ရွက်သွားမည်
**************
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ထင်ရှားကျော်ကြားသော ဘုရားစေတီပေါင်း (၅၇)ဆူမှ ဂေါပကအဖွဲ့များအား အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြေငြာစာ ထုတ်ပြန်လိုက်သည်။

ယင်းကဲ့သို့ကြေငြာလိုက်သည့် ဘုရားစေတီများစာရင်းတွင် ရှမ်းပြည်(အရှေ့ပိုင်း)ရှိ တာချီလိတ်ရှိ ရွှေတိဂုံစေတီဂေါပကအဖွဲ့၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားဂေါပကအဖွဲ့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်ရှိ မဟာမြတ်မုနိဂေါပကအဖွဲ့၊ ရန်အောင်မြင်စေတီတော်ဂေါပကအဖွဲ့၊ ရန်တိုင်းအောင်စေတီတော်ဂေါပကအဖွဲ့၊ မန်ဆူဘုရားကြီးဂေါပကအဖွဲ့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံရှိ မဟာရဌာဘိသာမဂ္ဂီစေတီတော် ဂေါပကအဖွဲ့၊ ဟိုပုံးရှိ ပန်ဆန်းဂူဘုရားဂေါပကအဖွဲ့၊ တောင်ကြီးမြို့ရှိ စူဠာမုနိလောကချမ်းသာစေတီဂေါပကအဖွဲ့တို့ ပါဝင်ကြောင်းသိရသည်။

၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဃ)ဖြင့် အပ်နှင်းထားသောအာဏာများကို သုံးစွဲလျက် ပြည်ထဲရေးဝန်ကြီးဌာနသည် အဆိုပါပုဒ်မ ၂၊ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲငယ်(၄)တွင် ရည်ညွှန်းထားသည့် အခြားအဖွဲ့အစည်းတစ်ခုခုဆိုသည့် စကားရပ်တွင် ဘုရားစေတီ(၅၇)ဆူမှ ဂေါပကအဖွဲ့များ ဂေါပကအဖွဲ့ဝင်များကို ဂေါပကအဖွဲ့များပါဝင်သည်ဟု ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၄၉၉/၂၀၁၈)ဖြင့် ထုတ်ပြန်အသိပေးကြေငြာလိုက်ခြင်းဖြစ်သည်။

အဆိုပါကြေငြာချက်အရ ဖော်ပြထားသည့် ဘုရားစေတီများတွင် အလှူငွေ၊ အလှူပစ္စည်းများနှင့်ပတ်သက်၍ ခိုးမှု၊ အလွဲသုံးစားပြုမှု၊ လိမ်လည်မှု ကျူးလွန်ပါက အဆိုပါဥပဒေအရ ပြစ်ဒဏ်စီရင်နိုင်မည်ဖြစ်ပြီး ယင်းကဲ့သို့ အရေးယူရန် နိုင်ငံတော်အစိုးရ၏ အခွင့်အမိန့်ရမှ အရေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~