တာခ်ီလိတ္ ျပည္သူ႔ဝန္ေဆာင္မႈရံုးတြင္ လယ္ယာေျမစီမံခန္႕ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနက လုပ္ငန္းမ်ားကို အနည္းဆံုး(၅)ရက္မွ အမ်ားဆံုး(၁)လအတြင္း ေဆာင္ရြက္ေပးမည္

တာခ်ီလိတ္ ျပည္သူ႔ဝန္ေဆာင္မႈရံုးတြင္ လယ္ယာေျမစီမံခန္႕ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနက လုပ္ငန္းမ်ားကို အနည္းဆံုး(၅)ရက္မွ အမ်ားဆံုး(၁)လအတြင္း ေဆာင္ရြက္ေပးမည္
နိုဝင်ဘာ 30, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ခရိုင္၊ၿမိဳ႕နယ္စုေပါင္းရံုးသစ္တြင္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ(၂၇)ရက္ေန႔က စတင္ဖြင့္လွစ္ထားသည့္ ျပည္သူ႔ဝန္ေဆာင္မႈရံုး (OSS)တြင္ တာခ်ီလိတ္ၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႕ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနက လုပ္ငန္းမ်ားကို (၅)ရက္မွ ကန္႔ကြက္လႊာတင္သြင္းရန္ လိုအပ္သည့္ကိစၥမ်ားတြင္ (၁)လအတြင္း လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

“ ကၽြန္ေတာ္တုိ႔ဌာနက OSS မွာ လုပ္ေပးေနတာကေတာ့ ေျမငွားဂရမ္ေလွ်ာက္တာ၊ စာခ်ဳပ္စာတမ္းမွတ္ပံုတင္တာ၊ လယ္ယာေျမကို အျခားနည္းသံုးစြဲခြင့္ေလွ်ာက္ထားတာေတြကို ေဆာင္ရြက္ေပးေနပါတယ္”ဟု ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႕ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန လက္ေထာက္ဦးစီးမွဴး ဦးဝင္းသန္းေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေျမငွားဂရမ္ ေလွ်ာက္ထားျခင္း ၊ စာခ်ဳပ္မွတ္ပုံတင္ျခင္း၊ အေဆာက္အဦးေဆာက္လုပ္ခြင့္တင္ျပျခင္း ၊ အျခားနည္း သုံးစြဲခြင့္ေလွ်ာက္ထားျခင္း၊ ေျမစာရင္း ပုံစံ(၁၀၅) ၊(၁၀၆) ေရးကူးျခင္း ႏွင့္ လယ္ယာေျမအျခားနည္းသုံးခြင့္ေလွ်ာက္ထားျခင္းတို႔အား အခြန္ေငြေပးသြင္းရန္မလိုအပ္ဘဲ ျပဳလုပ္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေျမငွားဂရမ္ ေလွ်ာက္ထားျခင္း ၊ စာခ်ဳပ္မွတ္ပုံတင္ျခင္း ၊ အေဆာက္အဦးေဆာက္လုပ္ခြင့္ တင္ျပျခင္း ၊အျခားနည္း သုံးခြင့္ေလွ်ာက္ထားျခင္း၊ ေျမစာရင္း ပုံစံ(၁၀၅) ၊(၁၀၆) ေရးကူးျခင္း လုပ္ေဆာင္လိုသူမ်ားအေနျဖင့္ ေလွ်ာက္ထားသူမ်ားကိုယ္တိုင္ ပိုင္ဆိုင္ေၾကာင္း၊ သက္ဆိုင္ေၾကာင္း အေထာက္အထား စာရြက္မိတၱဴ တင္ျပရန္နွင့္ ကိုယ္စားေလွ်ာက္ထားပါက တရားဝင္ကိုယ္စားလွယ္လႊဲစာအား ပူးတြဲ တင္ျပရမည္ျဖစ္ၿပီး ေျမစာရင္းပုံစံ (၁၀၅) ၊ (၁၀၆) ေရးကူးထုတ္ေပးျခင္း၊ ေျမရာဇဝင္စိစစ္ျခင္းမ်ားမွာ (၅) ရက္အတြင္း ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

လယ္ယာေျမႏွင့္ အျခားသုံးစြဲခြင့္ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ပုံစံ(၇) မိတၱဴ ၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပား မိတၱဴ၊ စိုက္ပ်ိဳးေရး ၊ဆည္ေျမာင္း ၊စည္ပင္သာယာ ၊ လမ္းဦးစီး၊ မီးသတ္ဌာနေထာက္ခံခ်က္ ၊ ရပ္ကြက္ေက်းရြာအုပ္စု လယ္ယာေျမစီမံခန္႕ခြဲေရး အဖြဲ႕၏ ေထာက္ခံခ်က္မ်ား ယူေဆာင္လာရမည္ျဖစ္ၿပီး ကန္႔ကြက္လႊာတင္သြင္းရန္လိုအပ္သျဖင့္ ရက္ေပါင္း(၃၀)ၾကာမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ခရိုင္၊ ၿမိဳ႕နယ္စုေပါင္းရံုးသစ္တြင္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၂၇)ရက္ေန႔ကစတင္၍ ျပည္သူ႔ဝန္ေဆာင္မႈရံုး (OSS)ကိုဖြင့္လွစ္လိုက္ၿပီး အစိုးရဌာန(၁၀)ခု၏ လုပ္ငန္းမ်ားကို တစ္ေနရာထဲတြင္ ေဆာင္ရြက္ေပးေနၿပီျဖစ္သည္။

OSS တြင္ ခရိုင္၊ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ိဳးသားမွတ္ပံုတင္ေရးဦးစီးဌာန၊ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ လူမႈဝန္ထမ္းဦးစီးဌာန၊ မီးသတ္ဦးစီးဌာန၊ လွ်ပ္စစ္အင္ဂ်င္နီယာဌာန၊ က်န္းမာေရးဦးစီးဌာနႏွင့္ စည္ပင္သာယာေရးဌာနတို႔၏ လုပ္ငန္းမ်ားကို ရံုးဖြင့္ရက္မ်ားတြင္ ရံုးခ်ိန္အတြင္း ေဆာင္ရြက္ေပးသြားမည္ျဖစ္ၿပီး လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားကို ျပည္သူ႔ဝန္ေဆာင္မႈရံုး ႀကီးၾကပ္သူအရာရိွက ႀကီးၾကပ္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက လုပ်ငန်းများကို အနည်းဆုံး(၅)ရက်မှ အများဆုံး(၁)လအတွင်း ဆောင်ရွက်ပေးမည်
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ခရိုင်၊မြို့နယ်စုပေါင်းရုံးသစ်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့က စတင်ဖွင့်လှစ်ထားသည့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)တွင် တာချီလိတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက လုပ်ငန်းများကို (၅)ရက်မှ ကန့်ကွက်လွှာတင်သွင်းရန် လိုအပ်သည့်ကိစ္စများတွင် (၁)လအတွင်း လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“ ကျွန်တော်တို့ဌာနက OSS မှာ လုပ်ပေးနေတာကတော့ မြေငှားဂရမ်လျှောက်တာ၊ စာချုပ်စာတမ်းမှတ်ပုံတင်တာ၊ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်လျှောက်ထားတာတွေကို ဆောင်ရွက်ပေးနေပါတယ်”ဟု မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဝင်းသန်းဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေငှားဂရမ် လျှောက်ထားခြင်း ၊ စာချုပ်မှတ်ပုံတင်ခြင်း၊ အဆောက်အဦးဆောက်လုပ်ခွင့်တင်ပြခြင်း ၊ အခြားနည်း သုံးစွဲခွင့်လျှောက်ထားခြင်း၊ မြေစာရင်း ပုံစံ(၁၀၅) ၊(၁၀၆) ရေးကူးခြင်း နှင့် လယ်ယာမြေအခြားနည်းသုံးခွင့်လျှောက်ထားခြင်းတို့အား အခွန်ငွေပေးသွင်းရန်မလိုအပ်ဘဲ ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
မြေငှားဂရမ် လျှောက်ထားခြင်း ၊ စာချုပ်မှတ်ပုံတင်ခြင်း ၊ အဆောက်အဦးဆောက်လုပ်ခွင့် တင်ပြခြင်း ၊အခြားနည်း သုံးခွင့်လျှောက်ထားခြင်း၊ မြေစာရင်း ပုံစံ(၁၀၅) ၊(၁၀၆) ရေးကူးခြင်း လုပ်ဆောင်လိုသူများအနေဖြင့် လျှောက်ထားသူများကိုယ်တိုင် ပိုင်ဆိုင်ကြောင်း၊ သက်ဆိုင်ကြောင်း အထောက်အထား စာရွက်မိတ္တူ တင်ပြရန်နှင့် ကိုယ်စားလျှောက်ထားပါက တရားဝင်ကိုယ်စားလှယ်လွှဲစာအား ပူးတွဲ တင်ပြရမည်ဖြစ်ပြီး မြေစာရင်းပုံစံ (၁၀၅) ၊ (၁၀၆) ရေးကူးထုတ်ပေးခြင်း၊ မြေရာဇဝင်စိစစ်ခြင်းများမှာ (၅) ရက်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေနှင့် အခြားသုံးစွဲခွင့်လျှောက်ထားလိုသူများအနေဖြင့် ပုံစံ(၇) မိတ္တူ ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ စိုက်ပျိုးရေး ၊ဆည်မြောင်း ၊စည်ပင်သာယာ ၊ လမ်းဦးစီး၊ မီးသတ်ဌာနထောက်ခံချက် ၊ ရပ်ကွက်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့၏ ထောက်ခံချက်များ ယူဆောင်လာရမည်ဖြစ်ပြီး ကန့်ကွက်လွှာတင်သွင်းရန်လိုအပ်သဖြင့် ရက်ပေါင်း(၃၀)ကြာမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်၊ မြို့နယ်စုပေါင်းရုံးသစ်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ကစတင်၍ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)ကိုဖွင့်လှစ်လိုက်ပြီး အစိုးရဌာန(၁၀)ခု၏ လုပ်ငန်းများကို တစ်နေရာထဲတွင် ဆောင်ရွက်ပေးနေပြီဖြစ်သည်။

OSS တွင် ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လျှပ်စစ်အင်ဂျင်နီယာဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့၏ လုပ်ငန်းများကို ရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူ့ဝန်ဆောင်မှုရုံး ကြီးကြပ်သူအရာရှိက ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~