ရန္ကုန္ - မႏၱေလးအျမန္လမ္းမႀကီးတြင္ သတ္မွတ္မိုင္ႏႈန္းေက်ာ္ေမာင္းႏွင္သည့္ ယာဥ္ေမာင္းမ်ား ဒဏ္ေငြေဆာင္ရန္ One Stop Service စီစဥ္ေပးရန္မရိွ

ရန္ကုန္ - မႏၱေလးအျမန္လမ္းမႀကီးတြင္ သတ္မွတ္မိုင္ႏႈန္းေက်ာ္ေမာင္းႏွင္သည့္ ယာဥ္ေမာင္းမ်ား ဒဏ္ေငြေဆာင္ရန္ One Stop Service စီစဥ္ေပးရန္မရိွ
နိုဝင်ဘာ 28, 2018
By 🌸
ရန္ကုန္ - မႏၱေလးအျမန္လမ္းမႀကီးတြင္ သတ္မွတ္ကီလိုမီတာထက္ ေက်ာ္လြန္ေမာင္းႏွင္သည့္ ေမာ္ေတာ္ယာဥ္မ်ားအား ဖမ္းဆီးအေရးယူျခင္းအား လက္ရိွအတိုင္းဆက္လက္ေဆာင္ရြက္မည္ျဖစ္ၿပီး One Stop Service တရား႐ုံးဖြင့္လွစ္ေဆာင္ရြက္ရန္ အစီအစဥ္မရိွေၾကာင္း ေဆာက္လုပ္ေရး ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းက လႊတ္ေတာ္တြင္ ေျဖၾကားသည္။

ရန္ကုန္ - မႏၱေလးအျမန္လမ္းမႀကီးေပၚ ျဖတ္သန္းသည့္ ေမာ္ေတာ္ယာဥ္မ်ားကို Red Flex(Radar System) စနစ္သုံး ေရြ႕လ်ားတိုင္းတာဖမ္းဆီးသည့္စက္မ်ားျဖင့္ သတ္မွတ္ကီလိုမီတာ (၁၀၀)အထက္ေက်ာ္လြန္သည့္ ေမာ္ေတာ္ယာဥ္မ်ား၏ ပုံရိပ္၊ တည္ေနရာ၊ အခ်ိန္၊ အျမန္ႏႈန္းတို႔ကို မွတ္တမ္းရယူ ဖမ္းဆီးျခင္းကို ၂၀၁၆ ခုႏွစ္ စက္တင္ဘာလ(၁)ရက္ေန႔မွစ၍ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါမွတ္တမ္းဓာတ္ပုံမ်ားကို Viber ျဖင့္ တိုးလ္ဂိတ္မ်ားႏွင့္ မီနီတိုးလ္ဂိတ္မ်ားရွိ အျမန္လမ္းမႀကီး ထိန္းသိမ္းျပဳျပင္ေရးႏွင့္ ႀကီးၾကပ္ေရးအဖြဲ႔၊ အျမန္လမ္းရဲတပ္ဖြဲ႔၊ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔၊ အျမန္လမ္း သက္ဆိုင္ရာ ရပ္ကြက္/ ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴးမ်ား ပါဝင္ေသာ ပူးေပါင္းစစ္ေဆးေရးအဖြဲ႔မ်ားထံသို႔ ေပးပို႔ၿပီး စည္းကမ္းေဖာက္ဖ်က္သည့္ ေမာ္ေတာ္ယာဥ္ေမာင္းမ်ားအား ဒဏ္ေငြ (၅၀၀၀၀)က်ပ္ကို သက္ဆိုင္ရာ တရား႐ုံးမ်ားတြင္ ႐ုံးခ်ိန္အတြင္း ေန႔ခ်င္းၿပီး (သို႔မဟုတ္) ယာဥ္ေမာင္း လိုင္စင္သိမ္းဆည္း၍ ရက္ခ်ိန္းသတ္ မွတ္ကာ တရား႐ုံးတြင္ ဒဏ္ေငြေဆာင္ေစျခင္းျဖင့္ အေရးယူေနေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ဖမ္းဆီးအေရးယူျခင္းမွာ ယာဥ္ေမာင္းမ်ား စည္းကမ္းလုိက္နာရန္အတြက္ လုပ္ေဆာင္ျခင္းျဖစ္သျဖင့္ ၂၀၁၈ ခုႏွစ္၊ နိုဝင္ဘာလ (၂၈) ရက္ေန႔က က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) မဲဆႏၵနယ္မွ ဦးျမစိန္ေမးျမန္းသည့္ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး၌ သတ္မွတ္အရွိန္ႏႈန္းထက္ ပိုမိုေမာင္းႏွင္ေသာ ေမာ္ေတာ္ယာဥ္ေမာင္းမ်ား ဒဏ္ေငြေပးေဆာင္မႈ အခက္အခဲ အဆင္ေျပေစရန္ (One Stop Service) အဖြဲ႔မ်ားဖြဲ႔၍ ေဆာင္႐ြက္ရန္ အစီအစဥ္မရိွေၾကာင္း ဒုတိယ ဝန္ႀကီးက ျပန္လည္ေျဖၾကားသြားသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္မိုးဦး

~~~~~~~~⊰❂ unicode ~~~~~~~~
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် သတ်မှတ်မိုင်နှုန်းကျော်မောင်းနှင်သည့် ယာဉ်မောင်းများ ဒဏ်ငွေဆောင်ရန် One Stop Service စီစဉ်ပေးရန်မရှိ
***********
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် သတ်မှတ်ကီလိုမီတာထက် ကျော်လွန်မောင်းနှင်သည့် မော်တော်ယာဉ်များအား ဖမ်းဆီးအရေးယူခြင်းအား လက်ရှိအတိုင်းဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး One Stop Service တရားရုံးဖွင့်လှစ်ဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်တွင် ဖြေကြားသည်။

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ် ဖြတ်သန်းသည့် မော်တော်ယာဉ်များကို Red Flex(Radar System) စနစ်သုံး ရွေ့လျားတိုင်းတာဖမ်းဆီးသည့်စက်များဖြင့် သတ်မှတ်ကီလိုမီတာ (၁၀၀)အထက်ကျော်လွန်သည့် မော်တော်ယာဉ်များ၏ ပုံရိပ်၊ တည်နေရာ၊ အချိန်၊ အမြန်နှုန်းတို့ကို မှတ်တမ်းရယူ ဖမ်းဆီးခြင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှစ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမှတ်တမ်းဓာတ်ပုံများကို Viber ဖြင့် တိုးလ်ဂိတ်များနှင့် မီနီတိုးလ်ဂိတ်များရှိ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ အမြန်လမ်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များထံသို့ ပေးပို့ပြီး စည်းကမ်းဖောက်ဖျက်သည့် မော်တော်ယာဉ်မောင်းများအား ဒဏ်ငွေ (၅၀၀၀၀)ကျပ်ကို သက်ဆိုင်ရာ တရားရုံးများတွင် ရုံးချိန်အတွင်း နေ့ချင်းပြီး (သို့မဟုတ်) ယာဉ်မောင်း လိုင်စင်သိမ်းဆည်း၍ ရက်ချိန်းသတ် မှတ်ကာ တရားရုံးတွင် ဒဏ်ငွေဆောင်စေခြင်းဖြင့် အရေးယူနေကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးအရေးယူခြင်းမှာ ယာဉ်မောင်းများ စည်းကမ်းလိုက်နာရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဦးမြစိန်မေးမြန်းသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်မောင်းများ ဒဏ်ငွေပေးဆောင်မှု အခက်အခဲ အဆင်ပြေစေရန် (One Stop Service) အဖွဲ့များဖွဲ့၍ ဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်း ဒုတိယ ဝန်ကြီးက ပြန်လည်ဖြေကြားသွားသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်မိုးဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~