မေကြးတုိင္းတြင္ ေလအားလွ်ပ္စစ္စမ္းသပ္ထုတ္လုပ္ေရး တုိင္းေဒသႀကီးအစိုးရႏွင့္ စကၤာပူအေျခစိုက္ကုမၸဏီတုိ႔ တစ္ႏွစ္သက္တမ္း MOU ေရးထိုး

မေကြးတုိင္းတြင္ ေလအားလွ်ပ္စစ္စမ္းသပ္ထုတ္လုပ္ေရး တုိင္းေဒသႀကီးအစိုးရႏွင့္ စကၤာပူအေျခစိုက္ကုမၸဏီတုိ႔ တစ္ႏွစ္သက္တမ္း MOU ေရးထိုး
နိုဝင်ဘာ 29, 2018
By 🌸
မဂၢါဝပ္ (၂၆၀) ေက်ာ္ထုတ္လႊတ္ႏိုင္မည့္ ေလအားလွ်ပ္စစ္စီမံကိန္း၏ ကနဦးစီမံခ်က္ကို မေကြးတုိင္းေဒသႀကီးတြင္ အေကာင္အထည္ေဖာ္ရန္ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ စကၤာပူအေျခစိုက္ Infra Capital Myanmar-ReEx ကုမၸဏီတို႔ ၂၀၁၈ ခုနွစ္၊ ႏိုဝင္ဘာလ(၂၈)ရက္ေန႔တြင္ တစ္ႏွစ္သက္တမ္း သေဘာတူစာခၽြန္လႊာ ထပ္မံ လက္မွတ္ေရးထိုးသည္။

 “ကုမၸဏီက မဂၢါဝပ္(၂၆၃)ထုတ္ႏိုင္မယ့့္ ေလအားလွ်ပ္စစ္တည္ေဆာက္ဖို႔ မေကြးတိုင္းကို လာၿပီးကမ္းလွမ္းတယ္။ ျဖစ္ႏိုင္ေခ်ဆန္းစစ္ဖို႔အတြက္ ကၽြန္ေတာ္တုိ႔က တတ္ႏိုင္သမွ် အကူအညီေပးေနပါတယ္။ ၂၀၁၇ ခုႏွစ္ ဧၿပီလ (၄)ရက္ေန႔မွာ MOU သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ၿပီး ျဖစ္ႏိုင္ေခ်စမ္းသပ္ေနတာ တစ္ႏွစ္ခဲြေလာက္ရိွခဲ့ပါၿပီ။ အခု ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုး MOU သေဘာတူစာခၽြန္လႊာ လက္မွတ္ေရးထိုးၾကတာပါ”ဟု မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကုမၸဏီႏွင့္ အစိုးရအဖဲြ႔တို႔ သေဘာတူညီခ်က္အရ ဧရာဝတီျမစ္အေနာက္ဘက္ရိွ မင္းလွ၊ မင္းတုန္း၊ ငဖဲ၊ မင္းဘူး၊ ေခ်ာက္ႏွင့္ နတ္ေမာက္ၿမိဳ႕နယ္တို႔မွ ျဖစ္ႏိုင္ေခ်အမ်ားဆံုးဟုယူဆရသည့္ မင္းလွၿမိဳ႕နယ္၊ မင္းတုန္းၿမိဳ႕နယ္ႏွင့္ ေခ်ာက္ၿမိဳ႕နယ္တို႔တြင္ ေလ့လာမႈမ်ားျပဳလုပ္ေနဆဲျဖစ္ၿပီး  MOU သက္တမ္းတိုးရန္လိုအပ္လာသျဖင့္ သက္တမ္း တစ္ႏွစ္တိုးေပးျခင္းျဖစ္ေၾကာင္း သိရသည္။

“မေကြးတိုင္းအေနနဲ႔ စီမံခန္႔ခဲြႏိုင္တာက (၃၀)မဂၢါဝပ္ပဲ။ မဟာဓာတ္အားလိုင္းကို ေပးမယ္ဆိုရင္ေတာ့ ျပည္ေထာင္စုနဲ႔ ညိႇႏိွဳင္းရတယ္။ ေလအားနဲ႔ထုတ္လုပ္တဲ့လွ်ပ္စစ္ကို မဟာဓာတ္အားလိုင္းကိုေရာင္းမယ္ဆိုရင္ တစ္ယူနစ္ကို ဘယ္ေလာက္ႏွဳန္းနဲ႔ေရာင္းမယ္ဆိုတာ ျပည္ေထာင္စုနဲ႔ တိုင္ပင္ညိႇႏိွဳင္းရမွာ။ ေရွ႕လာမယ့္ ၂၀၁၉ ထဲမွာ တိုင္ပင္ညိွႏိွဳင္းၿပီးၿပီဆိုတာနဲ႔ တည္ေဆာက္ေရးလုပ္ငန္းေတြလုပ္မယ္။ လုပ္ၿပီးရင္ ၂၀၂၁ ခုႏွစ္မွာ စၿပီးေတာ့ မေကြးတိုင္းကေန ေနျပည္ေတာ္အပါအဝင္ ျပည္နယ္ တိုင္း(၁၅)ခုကို Pilot Project အေနနဲ႔ ျဖန္႔ေဝေပးႏိုင္မွာျဖစ္လို႔ တိုင္းအတြက္ ဂုဏ္ယူစရာပါ”ဟု မေကြးတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာသည္။

ေလရဟတ္မ်ားမွာ (၂၂၅)မီတာခန္႔၊ ေပအားျဖင့္ ေပ(၇၅၀)ခန္႔ရိွမည္ျဖစ္ၿပီး အသံဆူညံမႈ၊ ေဆာင္းခိုငွက္မ်ား ပ်ံသန္းရာ လမ္းေၾကာင္းအေပၚ ထိခိုက္ႏိုင္မႈ၊ ေျမအသံုးခ်သည့္အခါတြင္ ေျမယာမ်ား ပ်က္ဆီးႏိုင္မႈ၊ ရာသီဥတု ေျပာင္းလဲ ထိခိုက္ႏိုင္မႈမ်ား ရိွ၊မရိွ အေျခ အေနမ်ားကို ႏိုင္ငံတကာသဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးက အသိအမွတ္ျပဳထားသည့္ ကုမၸဏီမ်ားမွ ႏိုင္ငံျခားသားပညာရွင္မ်ားျဖင့္ ေလ့လာဆန္းစစ္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု-သန္းႏိုင္ဦး

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းတွင် လေအားလျှပ်စစ်စမ်းသပ်ထုတ်လုပ်ရေး တိုင်းဒေသကြီးအစိုးရနှင့် စင်္ကာပူအခြေစိုက်ကုမ္ပဏီတို့ တစ်နှစ်သက်တမ်း MOU ရေးထိုး
***********
မဂ္ဂါဝပ် (၂၆၀) ကျော်ထုတ်လွှတ်နိုင်မည့် လေအားလျှပ်စစ်စီမံကိန်း၏ ကနဦးစီမံချက်ကို မကွေးတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စင်္ကာပူအခြေစိုက် Infra Capital Myanmar-ReEx ကုမ္ပဏီတို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် တစ်နှစ်သက်တမ်း သဘောတူစာချွန်လွှာ ထပ်မံ လက်မှတ်ရေးထိုးသည်။

 “ကုမ္ပဏီက မဂ္ဂါဝပ်(၂၆၃)ထုတ်နိုင်မယ့် လေအားလျှပ်စစ်တည်ဆောက်ဖို့ မကွေးတိုင်းကို လာပြီးကမ်းလှမ်းတယ်။ ဖြစ်နိုင်ချေဆန်းစစ်ဖို့အတွက် ကျွန်တော်တို့က တတ်နိုင်သမျှ အကူအညီပေးနေပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလ (၄)ရက်နေ့မှာ MOU သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်နိုင်ချေစမ်းသပ်နေတာ တစ်နှစ်ခွဲလောက်ရှိခဲ့ပါပြီ။ အခု နောက်ထပ်တစ်နှစ်သက်တမ်းတိုး MOU သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးကြတာပါ”ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကုမ္ပဏီနှင့် အစိုးရအဖွဲ့တို့ သဘောတူညီချက်အရ ဧရာဝတီမြစ်အနောက်ဘက်ရှိ မင်းလှ၊ မင်းတုန်း၊ ငဖဲ၊ မင်းဘူး၊ ချောက်နှင့် နတ်မောက်မြို့နယ်တို့မှ ဖြစ်နိုင်ချေအများဆုံးဟုယူဆရသည့် မင်းလှမြို့နယ်၊ မင်းတုန်းမြို့နယ်နှင့် ချောက်မြို့နယ်တို့တွင် လေ့လာမှုများပြုလုပ်နေဆဲဖြစ်ပြီး  MOU သက်တမ်းတိုးရန်လိုအပ်လာသဖြင့် သက်တမ်း တစ်နှစ်တိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

“မကွေးတိုင်းအနေနဲ့ စီမံခန့်ခွဲနိုင်တာက (၃၀)မဂ္ဂါဝပ်ပဲ။ မဟာဓာတ်အားလိုင်းကို ပေးမယ်ဆိုရင်တော့ ပြည်ထောင်စုနဲ့ ညှိနှိုင်းရတယ်။ လေအားနဲ့ထုတ်လုပ်တဲ့လျှပ်စစ်ကို မဟာဓာတ်အားလိုင်းကိုရောင်းမယ်ဆိုရင် တစ်ယူနစ်ကို ဘယ်လောက်နှုန်းနဲ့ရောင်းမယ်ဆိုတာ ပြည်ထောင်စုနဲ့ တိုင်ပင်ညှိနှိုင်းရမှာ။ ရှေ့လာမယ့် ၂၀၁၉ ထဲမှာ တိုင်ပင်ညှိနှိုင်းပြီးပြီဆိုတာနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်မယ်။ လုပ်ပြီးရင် ၂၀၂၁ ခုနှစ်မှာ စပြီးတော့ မကွေးတိုင်းကနေ နေပြည်တော်အပါအဝင် ပြည်နယ် တိုင်း(၁၅)ခုကို Pilot Project အနေနဲ့ ဖြန့်ဝေပေးနိုင်မှာဖြစ်လို့ တိုင်းအတွက် ဂုဏ်ယူစရာပါ”ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

လေရဟတ်များမှာ (၂၂၅)မီတာခန့်၊ ပေအားဖြင့် ပေ(၇၅၀)ခန့်ရှိမည်ဖြစ်ပြီး အသံဆူညံမှု၊ ဆောင်းခိုငှက်များ ပျံသန်းရာ လမ်းကြောင်းအပေါ် ထိခိုက်နိုင်မှု၊ မြေအသုံးချသည့်အခါတွင် မြေယာများ ပျက်ဆီးနိုင်မှု၊ ရာသီဥတု ပြောင်းလဲ ထိခိုက်နိုင်မှုများ ရှိ၊မရှိ အခြေ အနေများကို နိုင်ငံတကာသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက အသိအမှတ်ပြုထားသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားပညာရှင်များဖြင့် လေ့လာဆန်းစစ်လျှက်ရှိကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ-သန်းနိုင်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~