Writen by
Cherry Htike
2:41:00 PM
-
0
Comments
ပြည်ထောင်စုဝန်ကြီးဌာနသစ်အဖြစ် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကို တိုးချဲ့ ဖွဲ့စည်းနိုင်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားမှုကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ရင်းနှီးမြုပ်နံှမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနသစ် တိုးချဲ့ဖွဲ့စည်းရေး နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဆွေးနွေးမည်
****************
ပြည်ထောင်စုဝန်ကြီးဌာနသစ်အဖြစ် ရင်းနှီးမြုပ်နံှမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကို တိုးချဲ့ ဖွဲ့စည်းနိုင်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားမှုကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်လုပ်ငန်းများဖြစ်စေရေးအပါအဝင် နိုင်ငံခြားစီးပွားရေးဆိုင်ရာကိစ္စများအား ဆက်သွယ်ဆောင်ရွက်ရေးတို့အတွက် အဆိုပါဝန်ကြီးဌာနသစ်အား ဖွဲ့စည်းလိုကြောင်း ပေးပို့ထားခြင်းဖြစ်ပြီး အဆိုပါဝန်ကြီးဌာနသစ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုဝင်ဘာလ (၁၄)ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်းပေးပို့ကြရမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ဒသမ ပုံမှန်အစည်းအဝေး ပထမနေ့အဖြစ် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့က ကျင်းပရာတွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးဌာနသစ် တိုးချဲ့ဖွဲ့စည်းရေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးခန့်ထားရေးတို့ကို ပေးပို့ထားခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနပေါင်း (၂၄)ခုရှိနေခြင်းဖြစ်သည်။

No comments
Post a Comment
:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::