မိုင္းဆတ္ၿမိဳ႕တြင္ ျပည္နယ္အစိုးရရန္ပံုေငြျဖင့္ ေဖၚထုတ္ေနသည့္ ကုန္းျမင့္လယ္ယာေျမမ်ားမွ (၅၀)ဧကကို ေတာင္သူ (၂၂)ဦးထံ လႊဲေျပာင္းေပးအပ္

မိုင္းဆတ္ၿမိဳ႕တြင္ ျပည္နယ္အစိုးရရန္ပံုေငြျဖင့္ ေဖၚထုတ္ေနသည့္ ကုန္းျမင့္လယ္ယာေျမမ်ားမွ (၅၀)ဧကကို ေတာင္သူ (၂၂)ဦးထံ လႊဲေျပာင္းေပးအပ္
နိုဝင်ဘာ 30, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕၌ ရွမ္းျပည္နယ္အစိုးရခြင့္ျပဳရန္ပံုေငြျဖင့္ ေဖၚထုတ္ထားသည့္ ကုန္းျမင့္လယ္ယာေျမဧက (၅၀)ကို လယ္မဲ့ယာမဲ့ေတာင္သူ (၂၂)ဦးအား ၂၀၁၈ ခုနွစ္၊ ႏိုဝင္ဘာလ (၂၉)ရက္ေန႔က ဖန္ပုေက်းရြာအုပ္စု၊ မယ္နားေက်းရြာတြင္ ေပးအပ္လိုက္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရခြင့္ျပဳရန္ပုံေငြက်ပ္ သိန္း(၂၃၀၀)ျဖင့္ ကုန္းျမင့္လယ္ယာေျမမ်ားေဖၚထုတ္ေနရာ ၂၀၁၇-၂၀၁၈ဘ႑ာႏွစ္က မယ္နားေက်းရြာတြင္ ဧက(၅၀)၊ ေဟြခတ္ေက်းရြာတြင္ (၆၅)ဧကႏွင့္ ပုံတပ္ေက်းရြာတြင္(၈၅)ဧက  စုစုေပါင္းဧက(၂၀၀) ေဖာ္ထုတ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ေရႊ႕ေျပာင္းေတာင္ယာစိုက္ပ်ိဳးမႈမ်ားသည့္ေဒသမ်ားတြင္ အစိုးရက ကုန္းျမင့္လယ္ယာေျမ ေဖာ္ထုတ္ေပးျခင္းျဖင့္ သစ္ေတာျပဳန္းတီးမႈႏွင့္ သဘာ၀ပတ္၀န္းက်င္ထိခိုက္ပ်က္စီးမႈမ်ား ေလ်ာ့နည္းေစရန္ႏွင့္ ေဒသခံမ်ား လယ္ယာေျမပိုင္ဆုိင္ခြင့္အတြက္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္သူမ်ားအား ကုန္းျမင့္လယ္ယာေျမေပးအပ္သည့္အခမ္းအနားသို႔ ရွမ္းျပည္နယ္ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ဦးခြန္ရဲေထြး၊ ရွမ္းျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း၊ ရွမ္းျပည္နယ္အစိုးရအဖဲြ႔ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္ ရွမ္းျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္းႏွင့္ ရွမ္းျပည္နယ္အစိုးရအဖဲြ႔ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္၊ အမွတ္(၂) ကုန္းျမင့္လယ္ယာေဖာ္ထုတ္ေရးစီမံကိန္း ၫႊန္ၾကားေရးမွဴး ဦးေအာင္မ်ဳိးသြင္တို႔ တက္ေရာက္ေပးအပ္ၾကေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #သန္းေဇာ္(မိုင္းဆတ္)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်မြို့တွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဖေါ်ထုတ်နေသည့် ကုန်းမြင့်လယ်ယာမြေများမှ (၅၀)ဧကကို တောင်သူ (၂၂)ဦးထံ လွှဲပြောင်းပေးအပ်
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဖေါ်ထုတ်ထားသည့် ကုန်းမြင့်လယ်ယာမြေဧက (၅၀)ကို လယ်မဲ့ယာမဲ့တောင်သူ (၂၂)ဦးအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့က ဖန်ပုကျေးရွာအုပ်စု၊ မယ်နားကျေးရွာတွင် ပေးအပ်လိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ် သိန်း(၂၃၀၀)ဖြင့် ကုန်းမြင့်လယ်ယာမြေများဖေါ်ထုတ်နေရာ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်က မယ်နားကျေးရွာတွင် ဧက(၅၀)၊ ဟွေခတ်ကျေးရွာတွင် (၆၅)ဧကနှင့် ပုံတပ်ကျေးရွာတွင်(၈၅)ဧက  စုစုပေါင်းဧက(၂၀၀) ဖော်ထုတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှုများသည့်ဒေသများတွင် အစိုးရက ကုန်းမြင့်လယ်ယာမြေ ဖော်ထုတ်ပေးခြင်းဖြင့် သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ လျော့နည်းစေရန်နှင့် ဒေသခံများ လယ်ယာမြေပိုင်ဆိုင်ခွင့်အတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

တောင်သူများအား ကုန်းမြင့်လယ်ယာမြေပေးအပ်သည့်အခမ်းအနားသို့ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော် ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ အမှတ်(၂) ကုန်းမြင့်လယ်ယာဖော်ထုတ်ရေးစီမံကိန်း ညွှန်ကြားရေးမှူး ဦးအောင်မျိုးသွင်တို့ တက်ရောက်ပေးအပ်ကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်(မိုင်းဆတ်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~