တာခ်ီလိတ္ၿမိဳ႕တြင္ အသက္(၆၈)ႏွစ္အရြယ္ အမ်ိဳးသမီးအား ဘိန္းစိမ္း (၂၀၀)ဂရမ္ႏွင့္အတူ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕တြင္ အသက္(၆၈)ႏွစ္အရြယ္ အမ်ိဳးသမီးအား ဘိန္းစိမ္း (၂၀၀)ဂရမ္ႏွင့္အတူ ဖမ္းမိ
နိုဝင်ဘာ 14, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္တြင္ မူးယစ္သတင္းရေနအိမ္အား ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ ဘိန္းစိမ္း (၂၀၀)ဂရမ္ႏွင့္အတူ အသက္(၆၈)ႏွစ္အရြယ္ အိမ္ရွင္အမ်ိဳးသမီးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဝမ္ေကာင္းရပ္ကြက္၊ အားေခေက်းရြာရိွေနအိမ္အား ရဲတပ္ဖြဲ႕က သက္ေသမ်ားႏွင့္အတူ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၁၄)ရက္ေန႔ ညေန(၅)နာရီ (၂၅)မိနစ္ဝန္းက်င္တြင္ ဝင္ေရာက္ရွာေဖြရာ ေနအိမ္ပိုင္ရွင္ မူးခ်ဴအားေတြ႔ရၿပီး ေနအိမ္ခန္းအတြင္း ဘိန္းစိမ္း (၂၀၀)ဂရမ္၊ ဘိန္းရႈကိရိယာမ်ားအား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဘိန္းစိမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ မူးခ်ဴအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၁၈/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် အသက်(၆၈)နှစ်အရွယ် အမျိုးသမီးအား ဘိန်းစိမ်း (၂၀၀)ဂရမ်နှင့်အတူ ဖမ်းမိ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် မူးယစ်သတင်းရနေအိမ်အား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ဘိန်းစိမ်း (၂၀၀)ဂရမ်နှင့်အတူ အသက်(၆၈)နှစ်အရွယ် အိမ်ရှင်အမျိုးသမီးအား ဖမ်းဆီးရမိကြောင်း သိရသည်။

ဝမ်ကောင်းရပ်ကွက်၊ အားခေကျေးရွာရှိနေအိမ်အား ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့ ညနေ(၅)နာရီ (၂၅)မိနစ်ဝန်းကျင်တွင် ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင် မူးချူအားတွေ့ရပြီး နေအိမ်ခန်းအတွင်း ဘိန်းစိမ်း (၂၀၀)ဂရမ်၊ ဘိန်းရှုကိရိယာများအား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် မူးချူအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၁၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~