တာခ်ီလိတ္ၿမိဳ႕အဝင္တြင္ ရဲတပ္ဖြဲ႕က ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆး

တာခ်ီလိတ္ၿမိဳ႕အဝင္တြင္ ရဲတပ္ဖြဲ႕က ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆး
နိုဝင်ဘာ 2, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ မႈခင္းႀကိဳတင္ကာကြယ္ေရးႏွင့္ လုံၿခံဳေရးအတြက္ ခရုိင္၊ ၿမိဳ႕နယ္ႏွင့္ ၿမိဳ႕မရဲတပ္ဖြဲ႕မ်ား ပူးေပါင္းၿပီး ၿမိဳ႕အဝင္တြင္ ေရွာင္တခင္ပိတ္ဆို႔ စစ္ေဆးမႈကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁)ရက္ေန႔ ညပိုင္းက လုပ္ေဆာင္ေနၾကၿပီး ပံုမွန္လွည့္ကင္းကိုလည္း ေဆာင္ရြက္ေနေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းပိတ္ဆို႔ စစ္ေဆးမႈကို တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီးေပၚထြန္း ဦးစီးၿပီး ၿမိဳ႕နယ္၊ ၿမိဳ႕မရဲတပ္ဖြဲ႕ဝင္မ်ား၊ ျပည္နယ္မႈ/ကူမွ တပ္ဖြဲ႕ဝင္မ်ား၊ သက္ဆိုင္ရာျပည္သူ႔စစ္အဖြဲ႔၀င္မ်ား ႏွင့္  သက္ေသအျဖစ္ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ရပ္ကြက္တာဝန္ရွိသူမ်ား ပူးေပါင္းပါဝင္သည့္ အဖြဲ႕ျဖင့္ ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးမႈမ်ား လုပ္ေဆာင္ျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယင္းကဲ့သို႔ ပိတ္ဆို႔စစ္ေဆးမႈမ်ား လုပ္ေဆာင္ရာ၌ မူးယစ္ေဆး၊ တရားမဝင္လက္နက္ ကိုင္ေဆာင္မႈတုိ႔ကို ဖမ္းဆီးရမိေလ့ရိွေၾကာင္း သိရၿပီး ရဲတပ္ဖြဲ႕သည္ လမ္းမီးမ်ား မရိွသည့္ ၿမိဳ႕အဝင္ေနရာတြင္  စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့သည္ကို ေတြ႔ရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ခရိုင်၊ မြို့နယ်နှင့် မြို့မရဲတပ်ဖွဲ့များ ပူးပေါင်းပြီး မြို့အဝင်တွင် ရှောင်တခင်ပိတ်ဆို့ စစ်ဆေးမှုကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့ ညပိုင်းက လုပ်ဆောင်နကြပြေီး ပုံမှန်လှည့်ကင်းကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းပိတ်ဆို့ စစ်ဆေးမှုကို တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးပေါ်ထွန်း ဦးစီးပြီး မြို့နယ်၊ မြို့မရဲတပ်ဖွဲ့ဝင်များ၊ ပြည်နယ်မှု/ကူမှ တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် သက်သေအဖြစ် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်းပါဝင်သည့် အဖွဲ့ဖြင့် မော်တော်ယာဉ်များအား စစ်ဆေးမှုများ လုပ်ဆောင်ခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် ယင်းကဲ့သို့ ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ရာ၌ မူးယစ်ဆေး၊ တရားမဝင်လက်နက် ကိုင်ဆောင်မှုတို့ကို ဖမ်းဆီးရမိလေ့ရှိကြောင်း သိရပြီး ရဲတပ်ဖွဲ့သည် လမ်းမီးများ မရှိသည့် မြို့အဝင်နေရာတွင် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~