တာခ်ီလိတ္၌ ဂက္စ္ဆုိင္တြင္ ဂက္စ္အိုးေျပာင္းလဲစဥ္ မီးေလာင္မႈျဖစ္၍ ဝန္ထမ္း(၄)ဦး ဒဏ္ရာရ

တာခ်ီလိတ္၌ ဂက္စ္ဆုိင္တြင္ ဂက္စ္အိုးေျပာင္းလဲစဥ္ မီးေလာင္မႈျဖစ္၍ ဝန္ထမ္း(၄)ဦး ဒဏ္ရာရ
နိုဝင်ဘာ 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ အားကစားရံုလမ္းရွိ ေရႊမဟာမဲေခါင္ ကုမၸဏီလီမိတက္ (SMK) Gas  ဆိုင္တြင္ ဂက္စ္အိုးေျပာင္းလဲစဥ္ မီးေလာင္ကၽြမ္းမႈ ျဖစ္ပြားသျဖင့္ လူငယ္(၄)ဦး ဒဏ္ရာရသြားၿပီး ဆုိင္မန္ေနဂ်ာကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ ထားေၾကာင္း သိရသည္။

အဆိုပါ ဂက္စ္ဆိုင္တြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၈)ရက္ေန႔ နံနက္ (၈)နာရီခြဲဝန္းက်င္က ဂက္စ္အိုး ေျပာင္းလဲျဖည့္တင္းေနစဥ္ ဂက္စ္ယိုစိမ္႔မႈျဖစ္ပြားကာ လွ်ပ္စစ္ေမာ္ေတာမွ မီးပြားထြက္လာသျဖင့္ မီးေလာင္ကၽြမ္းမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္ကၽြမ္းမႈေၾကာင့္ ဆုိင္ဝန္ထမ္းမ်ားျဖစ္သည့္ အသက္(၂၀)ေက်ာ္ဝန္းက်င္အရြယ္ လူငယ္(၄)ဦးမွာ လက္မ်ားတြင္ မီးေလာင္ဒဏ္ရာမ်ား ရသြားေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈႏွင့္ပတ္သက္၍ ဆိုင္မန္ေနဂ်ာ ဦးလြမ္းဟိန္းဆိုသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၃၉၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၆/၃၃၇/၃၃၈ ျဖင့္ အမႈေရးဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အားကစားရုံလမ်းရှိ ရွှေမဟာမဲခေါင်ကုမ္ပဏီလီမိတက် (SMK) Gas  ဆိုင်တွင် ဂက်စ်အိုးပြောင်းလဲစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားသဖြင့် လူငယ်(၄)ဦး ဒဏ်ရာရသွားပြီး ဆိုင်မန်နေဂျာကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သိရသည်။

အဆိုပါ ဂက်စ်ဆိုင်တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်က ဂက်စ်အိုး ပြောင်းလဲဖြည့်တင်းနေစဉ် ဂက်စ်ယိုစိမ့်မှုဖြစ်ပွားကာ လျှပ်စစ်မော်တောမှ မီးပွားထွက်လာသဖြင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ဝန်ထမ်းများဖြစ်သည့် အသက်(၂၀)ကျော်ဝန်းကျင်အရွယ် လူငယ်(၄)ဦးမှာ လက်များတွင် မီးလောင်ဒဏ်ရာများ ရသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်မန်နေဂျာ ဦးလွမ်းဟိန်းဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၉၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၆/၃၃၇/၃၃၈ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~