က်ဳိင္းတံုၿမိဳ႕ ေနာင္တံုကန္အတြင္း ငါးဖမ္းလုပ္ငန္းအတြက္ ေလွ်ာက္ထားသူမရွိေသး၍ တတိယအႀကိမ္ေျမာက္ တင္ဒါေခၚယူမည္

က်ဳိင္းတံုၿမိဳ႕ ေနာင္တံုကန္အတြင္း ငါးဖမ္းလုပ္ငန္းအတြက္ ေလွ်ာက္ထားသူမရွိေသး၍ တတိယအႀကိမ္ေျမာက္ တင္ဒါေခၚယူမည္
နိုဝင်ဘာ 9, 2018
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ ေနာင္တုံကန္ငါးဖမ္းလုပ္ငန္းလိုင္စင္ကို ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီက တင္ဒါ (၂)ႀကိမ္ေခၚယူၿပီးသည္အထိ ေလွ်ာက္ထားသူမရိွသျဖင့္ တတိယအႀကိမ္ ထပ္မံ ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ေနာင္တုံကန္ ငါးဖမ္းလုပ္ငန္းလိုင္စင္အတြက္ ကၽြန္ေတာ္တို႔က တင္ဒါကို အႀကိမ္ေရျပည့္ေအာင္ေတာ့ ေခၚရမွာေပါ့။ ပထမအႀကိမ္နဲ႔ ဒုတိယအႀကိမ္မွာ လာေလွ်ာက္တဲ့သူ မရိွေတာ့ ေနာက္တစ္ပတ္ေလာက္မွာ စာထုတ္ၿပီးေတာ့ တတိယအႀကိမ္ ထပ္ေခၚသြားပါမယ္”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္ ငါးဖမ္းလုပ္ငန္းလုပ္ကိုင္ခြင့္တင္ဒါကို ပထမအႀကိမ္အျဖစ္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၉) ရက္ေန႔ႏွင့္ ဒုတိယအႀကိမ္အျဖစ္ ႏိုဝင္ဘာလ (၂) ရက္ေန႔တို႔က ေခၚယူခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

"လက္ရိွမွာေတာ့ ေနာင္တုံကန္ ငါးဖမ္းခြင့္ကို ဒီအတိုင္း ခြင့္ျပဳထားေပးပါတယ္။ ကန္ထဲမွာက ငါးေပါက္ဖြားမႈႏႈန္း အရမ္းမ်ားေတာ့ မဖမ္းခိုင္းဘဲထားရင္ ကန္ၾကပ္ၿပီး ငါးေသတာေတြ ဆက္ျဖစ္ႏိုင္ပါတယ္”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က ေျပာသည္။

အမ်ားျပည္သူ အပန္းေျဖနားေနရာလည္းျဖစ္သည့္ အတြက္ ေနာင္တံုကန္တြင္ ငါးဖမ္းခြင့္ လုပ္ငန္းလုိင္စင္ေပးရာ၌ အမ်ားျပည္သူအေႏွာင့္အယွက္မျဖစ္ေစေရး စည္းကမ္းသတ္မွတ္ခ်က္မ်ားျဖင့္ ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေနာင္တံုကန္ငါးဖမ္းျခင္း လုပ္ငန္းလုိင္စင္ခ်ထားေပးျခင္းကို ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္အထိ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက ခြင့္ျပဳေပးေနခဲ့ျခင္းျဖစ္ၿပီး ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ စည္ပင္သာယာေရးဌာနသို႔ လႊဲေျပာင္းေပးခဲ့ျဖစ္ေသာ္လည္း ငါးဖမ္းလုပ္ငန္းလုိင္စင္ကို ၂၀၁၈ -၂၀၁၉ ဘ႑ာေရးႏွစ္တြင္ စတင္ေခၚယူလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ နောင်တုံကန်ငါးဖမ်းလုပ်ငန်းလိုင်စင်ကို မြို့နယ်စည်ပင်သာယာရေး ကော်မတီက တင်ဒါ (၂)ကြိမ်ခေါ်ယူပြီးသည်အထိ လျှောက်ထားသူမရှိသဖြင့် တတိယအကြိမ် ထပ်မံ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

"နောင်တုံကန် ငါးဖမ်းလုပ်ငန်းလိုင်စင်အတွက် ကျွန်တော်တို့က တင်ဒါကို အကြိမ်ရပြေည့်အောင်တော့ ခေါ်ရမှာပေါ့။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာ လာလျှောက်တဲ့သူ မရှိတော့ နောက်တစ်ပတ်လောက်မှာ စာထုတ်ပြီးတော့ တတိယအကြိမ် ထပ်ခေါ်သွားပါမယ်”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခွင့်တင်ဒါကို ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့နှင့် ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ (၂) ရက်နေ့တို့က ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"လက်ရှိမှာတော့ နောင်တုံကန် ငါးဖမ်းခွင့်ကို ဒီအတိုင်း ခွင့်ပြုထားပေးပါတယ်။ ကန်ထဲမှာက ငါးပေါက်ဖွားမှုနှုန်း အရမ်းများတော့ မဖမ်းခိုင်းဘဲထားရင် ကန်ကြပ်ပြီး ငါးသေတာတွေ ဆက်ဖြစ်နိုင်ပါတယ်”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ပြောသည်။

အများပြည်သူ အပန်းဖြေနားနေရာလည်းဖြစ်သည့် အတွက် နောင်တုံကန်တွင် ငါးဖမ်းခွင့် လုပ်ငန်းလိုင်စင်ပေးရာ၌ အများပြည်သူအနှောင့်အယှက်မဖြစ်စေရေး စည်းကမ်းသတ်မှတ်ချက်များဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်တုံကန်ငါးဖမ်းခြင်း လုပ်ငန်းလိုင်စင်ချထားပေးခြင်းကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အထိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ခွင့်ပြုပေးနေခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းပေးခဲ့ဖြစ်သော်လည်း ငါးဖမ်းလုပ်ငန်းလိုင်စင်ကို ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~