ကျိုင်းတုံတွင် သိမ်းဆည်းရမိထားပြီး ကျပ်(၂၆)သိန်းတန်ဖိုးရှိသည့် စားသုံးရန်မသင့် စားသောက်ကုန်များကို မီးရှို့ဖျက်ဆီး
ကျိုင်းတုံတွင် သိမ်းဆည်းရမိထားပြီး ကျပ်(၂၆)သိန်းတန်ဖိုးရှိသည့် စားသုံးရန်မသင့် စားသောက်ကုန်များကို မီးရှို့ဖျက်ဆီး
နိုဝငျဘာ 9, 2018
By Tachileik News Agency
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလဆန်းအထိ သိမ်းဆည်းရမိထားသည့် စားသုံးရန်မသင့်စားသောက်ကုန် ပစ္စည်းများကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်က မီးရထား ဘူတာရုံဟောင်းဝန်း အတွင်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။
ယနေ့မီးရှို့ဖျက်ဆီးသည့် ကုန်ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ် (၂၆)သိန်းကျော်ဖိုးရှိပြီး ကျိုင်းတုံခရိုင် စားသုံးသုအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့်  ၂၀၁၆  ခုနှစ်မှစ၍  ယနေ့အထိ သိမ်းဆည်းအရေးယူ ဆောင်ရွက်ခဲ့သည့် ကုန်ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၈၀၀)ကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းသည့် စားသောက်ကုန်ပစ္စည်းများရောင်းချနိုင်ရေးအတွက် ရောင်းချသူများကို စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ထားပြီး လိုက်နာမှုမရှိဘဲ ရောင်းချမှုများကိုစစ်ဆေးတွေ့ရှိပါက သိမ်းဆည်းအရေးယူခြင်းဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပို်င်း) ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလဆန်းအထိ သိမ်းဆည်းရမိထားသည့် စားသုံးရန်မသင့်စားသောက်ကုန် ပစ္စည်းများကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်က မီးရထား ဘူတာရုံဟောင်းဝန်း အတွင်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။
“သိမ်းဆည်းဖမ်းဆီးတာနဲ့ ပတ်သက်ပြီးတော့ ဒီလောက်ပဲမိတာလားဆိုပြီး အမေးများကြတယ်။ တကယ်တော့ ဈေးကွက်မှာ အတိုင်းအတာအားဖြင့် ရာခိုင်နှုန်းအားဖြင့် (၈၅) နဲ့ (၉၀) ကြားက ဥပဒေနဲ့ မညီတာတွေချည်းပဲ။ ဒီတော့ ဘယ်လို စိစစ်သလဲဆိုတော့ အစည်းအဝေးထိုင်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း စိစစ် သိမ်းဆည်းရတယ်။ တရုတ်နိုင်ငံက တင်သွင်းတဲ့ပစ္စည်းတွေမှာ လိုင်စင်ရှိတဲ့ဟာ၊ တရားဝင်ထောက်ခံချက်နဲ့ တင်သွင်းတာတွေ ရောင်းချခွင့်ရှိတယ်။ နောက်တစ်ချက်က သက်တမ်းလွန် ကုန်စည်မှန်သမျှ သိမ်းတယ်။ ဒေသထုတ်၊ ပြည်တွင်းထုတ်တွေမှာ ထောက်ခံချက်မရယူဘဲ ထုတ်နေရင် သိမ်းတယ်။ အခုသိမ်းထားတဲ့ အချိုမှုန့်တွေလို ပြန်လည်ထုပ်ပိုးတာတွေကျတော့ စားသုံးသူအတွက် အာမခံချက် မရှိတာတွဖြေစ်လို့ သိမ်းတယ်။ ဒါတွေက အစည်းအဝေးဆုံးဖြတ်ချက်တွေအတိုင်း လုပ်ရတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ယနေ့မီးရှို့ဖျက်ဆီးသည့် ကုန်ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ် (၂၆)သိန်းကျော်ဖိုးရှိပြီး ကျိုင်းတုံခရိုင် စားသုံးသုအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အထိ သိမ်းဆည်းအရေးယူ ဆောင်ရွက်ခဲ့သည့် ကုန်ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၈၀၀)ကျော်ရှိနပြေီ ဖြစ်ကြောင်း သိရသည်။
စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းသည့် စားသောက်ကုန်ပစ္စည်းများရောင်းချနိုင်ရေးအတွက် ရောင်းချသူများကို စားသုံးသူရေးရာဦးစီးဌာနအနဖြေင့် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ထားပြီး လိုက်နာမှုမရှိဘဲ ရောင်းချမှုများကိုစစ်ဆေးတွေ့ရှိပါက သိမ်းဆည်းအရေးယူခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်၊ ဆန်းဖြိုးထွန်း
ဓာတ်ပုံ - စားသုံးသူရေးရာ ကျိုင်းတုံ
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~