မႏၱေလးၿမိဳ႕ ေ႐ႊနန္းေတာ္ေက်ာင္းအနီး ဓါးျခစ္ပန္းခ်ီကားကို ထုိင္းႏွင့္ျပင္သစ္ ခရီးသြားမ်ား ဝယ္ယူမႈ မ်ားျပား

မႏၱေလးၿမိဳ႕ ေ႐ႊနန္းေတာ္ေက်ာင္းအနီး ဓါးျခစ္ပန္းခ်ီကားကို ထုိင္းႏွင့္ျပင္သစ္ ခရီးသြားမ်ား ဝယ္ယူမႈ မ်ားျပား
နိုဝင်ဘာ 19, 2018
By Tachileik News Agency

မႏၱေလးၿမိဳ႕ ေ႐ႊနန္းေတာ္ေက်ာင္းအနီးရိွ ဓါးျခစ္ပန္းခ်ိီကို ထုိင္းႏွင့္ျပင္သစ္ ႏုိင္ငံျခားသားခရီးသြားမ်ား ဝယ္ယူမႈ မ်ားျပားေၾကာင္း သိရသည္။

"ေဆးသားေတြကို ဘရိတ္ဓါးနဲ႔ လိုက္ျခစ္ၿပီး ပံုေဖာ္ လိုက္ရံုပါပဲ။ ပံုကေတာ့ အစံုဆြဲတယ္။ ယိုးဒယားနဲ႔ ျပင္သစ္ေတြ အဝယ္မ်ားတယ္။ ဂ်ာမန္ေတြလည္း ၀ယ္တယ္။ သူတို႔က သူတို႔ေရွ႕မွာ ဘလိတ္ဓား တစ္ေခ်ာင္းကို သံုးၿပီး ဟိုျခစ္ ဒီျခစ္လုပ္ရင္း ပန္းခ်ီကားတစ္ခ်ပ္ ျဖစ္သြားတာကို သေဘာက်ၾကတယ္။ ေရႊေက်ာင္းကို တ႐ုတ္ေတြ အလာမ်ားေပမဲ့ တ႐ုတ္နဲ႔ ဂ်ပန္ေတြက သိပ္မ၀ယ္ဘူး။  ပံုတစ္ပံုကို အနုစိတ္မႈ အလိုက္ တစ္မိနစ္ကေန ငါးမိနစ္ေလာက္အထိပဲ ၾကာပါတယ္” ဟု အသက္(၅၀)ေက်ာ္အရြယ္ရိွ ဓားျခစ္ပန္းခ်ီဆရာ ဦးဆန္းေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခဲျခစ္ပန္းခ်ီမ်ားကို (၅)လက္မခြဲ၊ (၈)လက္မဆိုဒ္ တစ္ပံုလွ်င္ က်ပ္(၂)ေထာင္ ၊ (၁၁)လက္မ၊ (၁၅)လက္မဆိုဒ္တစ္ပံုလွ်င္ က်ပ္(၇) ေထာင္ ႏွဳန္းျဖင့္ ေရာင္းရၿပီး ဧည့္သည္က်သည့္ ရက္မ်ားတြင္ က်ပ္(၃)ေသာင္းဖိုးခန္႔ ေရာင္းရကာ ပံုမွန္အားျဖင့္ တစ္ရက္လွ်င္ က်ပ္(၁)ေသာင္းခြဲဖိုးခန္႔ ေရာင္းရေၾကာင္း သိရသည္။

မႏၱေလးၿမိဳ႕တြင္ ႏိုင္ငံျခားသား ခရီးသြားမ်ား လာေရာက္လည္ပတ္မႈမ်ားသည့္ ေ႐ႊနန္းေတာ္ေက်ာင္း အနီးတြင္ ခဲျခစ္ပန္းခ်ီေရးဆြဲေနသည့္ အဆိုပါဆုိင္တြင္ အင္းေလး ၊ မႏၱေလးေတာင္ ၊ ပုပၸါးေတာင္ ၊ ဧရာ၀တီျမစ္ ၊ ေတာင္သမန္အင္း ဘုရားေစတီ၊ ေက်ာင္းကန္ပံု ၊ စသည့္ ျမန္မာ႔႐ႈခင္း ႏွင့္ ျမန္မာ့ရိုးရာယဥ္ေက်းမႈမ်ားကို ေရးဆြဲရမႈမ်ားေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~


မန္တလေးမြို့ ရွှေနန်းတော်ကျောင်းအနီးရှိ ဓားခြစ်ပန်းချိီကို ထိုင်းနှင့်ပြင်သစ် နိုင်ငံခြားသားခရီးသွားများ ဝယ်ယူမှု များပြားကြောင်း သိရသည်။

"ဆေးသားတွေကို ဘရိတ်ဓားနဲ့ လိုက်ခြစ်ပြီး ပုံဖော် လိုက်ရုံပါပဲ။ ပုံကတော့ အစုံဆွဲတယ်။ ယိုးဒယားနဲ့ ပြင်သစ်တွေ အဝယ်များတယ်။ ဂျာမန်တွေလည်း ဝယ်တယ်။ သူတို့က သူတို့ရှေ့မှာ ဘလိတ်ဓား တစ်ချောင်းကို သုံးပြီး ဟိုခြစ် ဒီခြစ်လုပ်ရင်း ပန်းချီကားတစ်ချပ် ဖြစ်သွားတာကို သဘောကျကြတယ်။ ရွှေကျောင်းကို တရုတ်တွေ အလာများပေမဲ့ တရုတ်နဲ့ ဂျပန်တွေက သိပ်မဝယ်ဘူး။ ပုံတစ်ပုံကို အနုစိတ်မှု အလိုက် တစ်မိနစ်ကနေ ငါးမိနစ်လောက်အထိပဲ ကြာပါတယ်” ဟု အသက်(၅၀)ကျော်အရွယ်ရှိ ဓားခြစ်ပန်းချီဆရာ ဦးဆန်းကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခဲခြစ်ပန်းချီများကို (၅)လက်မခွဲ၊ (၈)လက်မဆိုဒ် တစ်ပုံလျှင် ကျပ်(၂)ထောင်၊ (၁၁)လက်မ၊ (၁၅)လက်မဆိုဒ်တစ်ပုံလျှင် ကျပ်(၇) ထောင် နှုန်းဖြင့် ရောင်းရပြီး ဧည့်သည်ကျသည့် ရက်များတွင် ကျပ်(၃)သောင်းဖိုးခန့် ရောင်းရကာ ပုံမှန်အားဖြင့် တစ်ရက်လျှင် ကျပ်(၁)သောင်းခွဲဖိုးခန့် ရောင်းရကြောင်း သိရသည်။

မန္တလေးမြို့တွင် နိုင်ငံခြားသား ခရီးသွားများ လာရောက်လည်ပတ်မှုများသည့် ရွှေနန်းတော်ကျောင်း အနီးတွင် ခဲခြစ်ပန်းချီရေးဆွဲနေသည့် အဆိုပါဆိုင်တွင် အင်းလေး၊ မန္တလေးတောင်၊ ပုပ္ပါးတောင်၊ ဧရာဝတီမြစ်၊ တောင်သမန်အင်း ဘုရားစေတီ၊ ကျောင်းကန်ပုံ၊ စသည့် မြန်မာ့ရှုခင်း နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ရေးဆွဲရမှုများကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~