ထုိင္းႏိုင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၄)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထုိင္းႏိုင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၄)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
နိုဝင်ဘာ 21, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားျဖစ္သည့္ တရားမဝင္သြားေရာက္သူ(၃)ဦးႏွင့္ ရက္ေက်ာ္ေနထုိင္သူ (၁)ဦးတုိ႔အား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ(၂၁)ရက္ေန႔တြင္ ထုိင္းတာဝန္ရိွသူမ်ားက လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏုိင္ငံသား အမ်ိဳးသား(၄)ဦးမွာ ရွမ္းျပည္နယ္ေတာင္ပိုင္း အပါအ၀င္ ရခုိင္ျပည္နယ္ႏွင့္ မႏၱေလးတုိင္းေဒသႀကီးတုိ႔မွျဖစ္ေၾကာင္း သိရၿပီး ၎တို႔အား ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားအဖြဲ႕က ျမန္မာ -ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၂) တာခ်ီလိတ္ဘက္ျခမ္းသို႔ လာေရာက္လႊဲေျပာင္းေပးျခင္းျဖစ္သည္။

လႊဲေျပာင္းလာသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာႏုိင္ငံဘက္မွ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန ဦးစီးဌာန၊  ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္   ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရး ေကာ္မတီ (CNCMC )တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္နုိင္ေရး ကူညီေဆာင္ရြက္ေပးခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံမွ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ ၂၀၁၈ ခုႏွစ္အတြင္း ဇန္နဝါရီလ (၁)ရက္ေန႔မွ ႏိုဝင္ဘာလ (၂၁)ရက္ေန႔အထိ အမ်ိဳးသား (၇၁၉) ဦး၊ အမ်ိဳးသမီး (၃၁၈)ဦး၊ ကေလး (၃၂)ဦး စုစုေပါင္း (၁၀၆၉)ဦးႏွင့္ သီလရွင္ (၂)ပါးတို႔ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ ရက္ေက်ာ္ေနထုိင္ျခင္း မ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာဘက္သို႔ ျပန္လည္ လႊဲေျပာင္းေပးၿပီး ျမန္မာႏုိင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္သည့္ ထိုင္းႏုိင္ငံသားမ်ားအေနျဖင့္ အျခားျပစ္မႈမ်ား က်ဴးလြန္ျခင္းမရိွပါက ျပည္ႏွင္ဒဏ္ျဖင့္ ျမန္မာဘက္က ထိုင္းႏုိင္ငံသို႔ ျပန္လႊဲေပးေလ့ ရိွေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -CNCMC


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများဖြစ်သည့် တရားမဝင်သွားရောက်သူ(၃)ဦးနှင့် ရက်ကျော်နေထိုင်သူ (၁)ဦးတို့အား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့တွင် ထိုင်းတာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား အမျိုးသား(၄)ဦးမှာ ရှမ်းပြည်နယ်တောင်ပိုင်း အပါအဝင် ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှဖြစ်ကြောင်း သိရပြီး၎င်းတို့အား ထိုင်းနိုင်ငံတာဝန်ရှိသူများအဖွဲ့က မြန်မာ -ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) တာချီလိတ်ဘက်ခြမ်းသို့ လာရောက်လွှဲပြောင်းပေးခြင်းဖြစ်သည်။

လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံဘက်မှ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန ဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC )တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂၀၁၈ ခုနှစ်အတွင်း ဇန်နဝါရီလ (၁)ရက်နေ့မှ နိုဝင်ဘာလ (၂၁)ရက်နေ့အထိ အမျိုးသား (၇၁၉) ဦး၊ အမျိုးသမီး (၃၁၈)ဦး၊ ကလေး (၃၂)ဦး စုစုပေါင်း (၁၀၆၉)ဦးနှင့် သီလရှင် (၂)ပါးတို့ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်သွားရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်း၊ ရက်ကျော်နေထိုင်ခြင်း များကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေးပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများအနဖြေင့် အခြားပြစ်မှုများ ကျူးလွန်ခြင်းမရှိပါက ပြည်နှင်ဒဏ်ဖြင့် မြန်မာဘက်က ထိုင်းနိုင်ငံသို့ ပြန်လွှဲပေးလေ့ ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ -CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~