တာခ်ီလိတ္အပါအဝင္ နယ္စပ္ဝင္ထြက္ေပါက္မ်ားႏွင့္ အျပည္ျပည္ဆုိင္ရာေလဆိပ္တို႔မွ ဝင္ေရာက္ လည္ပတ္ႏုိင္မည့္ ျပည္ဝင္ဗီဇာေျဖေလ်ာ့မႈအစီအစဥ္ စတင္

တာခ်ီလိတ္အပါအဝင္ နယ္စပ္ဝင္ထြက္ေပါက္မ်ားႏွင့္ အျပည္ျပည္ဆုိင္ရာေလဆိပ္တို႔မွ ဝင္ေရာက္ လည္ပတ္ႏုိင္မည့္ ျပည္ဝင္ဗီဇာေျဖေလ်ာ့မႈအစီအစဥ္ စတင္
အောက်တိုဘာ 1, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္နယ္စပ္အပါအဝင္ နယ္စပ္ေဒသဝင္ထြက္ေပါက္မ်ားႏွင့္ အျပည္ျပည္ဆုိင္ရာေလဆိပ္မ်ားမွတစ္ဆင့္ ဝင္ထြက္ခြင့္ရမည့္ ဂ်ပန္၊ ေတာင္ကိုရီးယား၊ တ႐ုတ္၊ ေဟာင္ေကာင္ႏွင့္ မကာအိုတို႔မွ ကမၻာလွည့္ခရီးသည္မ်ားအား ျပည္ဝင္ဗီဇာ ေျဖေလ်ာ့မႈကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၁)ရက္ေန႔မွစ၍ စမ္းသပ္ကာလ (၁) ႏွစ္ေဆာင္႐ြက္ေနၿပီျဖစ္သည္။

သာမန္ ႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္ေသာ ဂ်ပန္၊ ေတာင္ကိုရီးယား ႏိုင္ငံသားမ်ား၊ ေဟာင္ေကာင္ႏွင့္ မကာအိုႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ားကို ဗီဇာကင္းလြတ္ခြင့္ႏွင့္ သာမန္ႏိုင္ငံကူး လက္မွတ္ကိုင္ေဆာင္ေသာ တ႐ုတ္ႏိုင္ငံသားမ်ားအတြက္ ဆိုက္ေရာက္ဗီဇာထုတ္ေပးျခင္းကို ၂၀၁၈ခုႏွစ္၊ ေအာက္တိုဘာလ(၁)ရက္ေန႔မွ ၂၀၁၉ ခုႏွစ္ စက္တင္ဘာ(၃၀)ရက္အထိ စမ္းသပ္ကာလအျဖစ္ ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအစီအစဥ္အရ ဂ်ပန္၊ ေတာင္ကိုရီးယား၊ မကာအိုႏွင့္ ေဟာင္ေကာင္တို႔မွ ကမၻာလွည့္ခရီးသည္မ်ားသည္ ဗီဇာကင္းလြတ္ခြင့္ရရိွမည္ျဖစ္ၿပီး အျပည္ျပည္ဆိုင္ရာ ဝင္ထြက္ေပါက္မ်ားျဖစ္သည့္ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မ်ား၊ ရန္ကုန္ အျပည္ျပည္ဆိုင္ရာဆိပ္ကမ္း၊ ျမန္မာ-ထိုင္း နယ္စပ္ရွိ တာခ်ီလိတ္၊ ျမဝတီ၊ ထီးခီးႏွင့္ ေကာ့ေသာင္း အျပည္ျပည္ဆိုင္ရာ ကုန္းတြင္းဝင္ထြက္ ေပါက္မ်ား၊ ျမန္မာ-အိႏၵိယနယ္စပ္ရွိ တမူးႏွင့္ ရိေခါဒါရ္ အျပည္ျပည္ဆိုင္ရာ ကုန္းတြင္းဝင္ထြက္ေပါက္မ်ားမွ ဝင္ေရာက္၊ ထြက္ခြာခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ခြင့္ျပဳရာတြင္ ကမၻာလွည့္ဗီဇာ တစ္မ်ိဳးတည္းျဖင့္ အလည္အပတ္အတြက္သာ ဝင္ေရာက္ခြင့္ျပဳထားျခင္းျဖစ္ၿပီး ဗီဇာကင္းလြတ္ခြင့္ျဖင့္ ရက္ေပါင္း (၃၀) ေနခြင့္ျပဳမည္ျဖစ္ကာ ေနထိုင္ခြင့္သက္တမ္း ထပ္မံတိုးျမႇင့္ခြင့္ရမည္ မဟုတ္ေၾကာင္းသိရသည္။

သာမန္ႏိုင္ငံကူး လက္မွတ္ကိုင္ေဆာင္သူ တ႐ုတ္ ႏိုင္ငံသား ကမၻာလွည့္ခရီးသည္မ်ားအေနျဖင့္ ေလေၾကာင္းခရီးစဥ္ျဖင့္ အျပည္ျပည္ဆိုင္ရာေလဆိပ္မ်ားျဖစ္ေသာ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္အျပည္ျပည္ ဆိုင္ရာေလဆိပ္မ်ားတြင္ ဆိုက္ေရာက္ဗီဇာျဖင့္ ရယူနုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ဆိုက္ေရာက္ဗီဇာကို အေမရိကန္ေဒၚလာ (၅၀) ေကာက္ခံ၍ ရက္ေပါင္း (၃၀) လည္ပတ္ခြင့္ရမည့္ ကမၻာလွည့္ဗီဇာခြင့္ျပဳမည္ျဖစ္ေသာ္လည္း ေနခြင့္သက္တမ္းထပ္မံတိုးျမႇင့္ေပးမည္ မဟုတ္ေၾကာင္း သိရသည္။
အဆိုပါ ခြင့္ျပဳခ်က္မ်ားျဖင့္ ဝင္ေရာက္လည္ပတ္သူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံအတြင္း လုံၿခဳံေရးအရ ကန္႔သတ္ထားေသာ နယ္ေျမမွအပ ႏိုင္ငံျခားသားမ်ား သြားလာခြင့္ ရွိသည့္ ေနရာမ်ားကို သြားလာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်အပါအဝင် နယ်စပ်ဝင်ထွက်ပေါက်များနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ ဝင်ရောက် လည်ပတ်နိုင်မည့် ပြည်ဝင်ဗီဇာဖြေလျော့မှုအစီအစဉ် စတင်
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်အပါအဝင် နယ်စပ်ဒေသဝင်ထွက်ပေါက်များနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှတစ်ဆင့် ဝင်ထွက်ခွင့်ရမည့် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုတို့မှ ကမ္ဘာလှည့်ခရီးသည်များအား ပြည်ဝင်ဗီဇာ ဖြေလျော့မှုကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှစ၍ စမ်းသပ်ကာလ (၁) နှစ်ဆောင်ရွက်နေပြီဖြစ်သည်။

သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သော ဂျပန်၊ တောင်ကိုရီးယား နိုင်ငံသားများ၊ ဟောင်ကောင်နှင့် မကာအိုနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကို ဗီဇာကင်းလွတ်ခွင့်နှင့် သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သော တရုတ်နိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ(၃၀)ရက်အထိ စမ်းသပ်ကာလအဖြစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်အရ ဂျပန်၊ တောင်ကိုရီးယား၊ မကာအိုနှင့် ဟောင်ကောင်တို့မှ ကမ္ဘာလှည့်ခရီးသည်များသည် ဗီဇာကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်များဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်၊ မြဝတီ၊ ထီးခီးနှင့် ကော့သောင်း အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဝင်ထွက် ပေါက်များ၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနှင့် ရိခေါဒါရ် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဝင်ထွက်ပေါက်များမှ ဝင်ရောက်၊ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ခွင့်ပြုရာတွင် ကမ္ဘာလှည့်ဗီဇာ တစ်မျိုးတည်းဖြင့် အလည်အပတ်အတွက်သာ ဝင်ရောက်ခွင့်ပြုထားခြင်းဖြစ်ပြီး ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း (၃၀) နေခွင့်ပြုမည်ဖြစ်ကာ နေထိုင်ခွင့်သက်တမ်း ထပ်မံတိုးမြှင့်ခွင့်ရမည် မဟုတ်ကြောင်းသိရသည်။

သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူ တရုတ် နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် လေကြောင်းခရီးစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်များတွင် ဆိုက်ရောက်ဗီဇာဖြင့် ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆိုက်ရောက်ဗီဇာကို အမေရိကန်ဒေါ်လာ (၅၀) ကောက်ခံ၍ ရက်ပေါင်း (၃၀) လည်ပတ်ခွင့်ရမည့် ကမ္ဘာလှည့်ဗီဇာခွင့်ပြုမည်ဖြစ်သော်လည်း နေခွင့်သက်တမ်းထပ်မံတိုးမြှင့်ပေးမည် မဟုတ်ကြောင်း သိရသည်။
အဆိုပါ ခွင့်ပြုချက်များဖြင့် ဝင်ရောက်လည်ပတ်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရ ကန့်သတ်ထားသော နယ်မြေမှအပ နိုင်ငံခြားသားများ သွားလာခွင့် ရှိသည့် နေရာများကို သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~