တာခ်ီလိတ္တြင္ ေနအိမ္၌ေစ်းေရာင္းေနသည့္ အမ်ိဳးသမီးအား လူ(၄)ဦးအဖြဲ႔က ေသနတ္မ်ားျဖင့္ ၿခိမ္းေျခာက္ဖမ္းဆီးေခၚေဆာင္သြား

တာခ်ီလိတ္တြင္ ေနအိမ္၌ေစ်းေရာင္းေနသည့္ အမ်ိဳးသမီးအား လူ(၄)ဦးအဖြဲ႔က ေသနတ္မ်ားျဖင့္ ၿခိမ္းေျခာက္ဖမ္းဆီးေခၚေဆာင္သြား
အောက်တိုဘာ 3, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ေဝွေလလန္ေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၃)ရက္ေန႔ နံနက္(၈)နာရီခြဲဝန္းက်င္က ေနအိမ္ေစ်းဆုိင္၌ ေစ်းေရာင္းေနသည့္ အသက္(၅၀)အရြယ္ အမ်ိဳးသမီးတစ္ဦးကို လူ(၄)ဦးအဖြဲ႕က ေသနတ္မ်ားျဖင့္ၿခိမ္းေျခာက္ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း သိရသည္။

“ဒီေန႔မနက္(၈)နာရီခြဲေလာက္မွာ ေဝွေလလန္ေက်းရြာမွာ အသက္(၅၀)ေလာက္ ေဒၚအီနန္းကို အမည္မသိလူ(၄)ေယာက္က ေသနတ္ေတြနဲ႔လာေခၚသြားတယ္။ သူက သူ႔အိမ္ေရွ႕ေစ်းဆုိင္မွာ ေစ်းေရာင္းေနတာ တစ္ေယာက္ထဲ။ သူ႔ေယာက်္ားက အိမ္ေနာက္မွာရိွတယ္။ အသံၾကားလို႔ ထြက္လာေတာ့ သူ႔မိန္းမကို လူႏွစ္ေယာက္က လက္တစ္ဖက္စီက အတင္းဆြဲေခၚသြားတယ္။ က်န္တဲ့လူက သူ႔ေယာက်္ားကို ေသနတ္နဲ႔ ခ်ိန္ထားတယ္။ ကားက အျပာေရာင္။ လာေခၚတဲ့သူေတြက မ်က္ႏွာမွာ ပဝါစည္းထားတယ္၊ ဦးထုပ္ေဆာင္းထားတယ္။ အားလံုးဂ်င္းေဘာင္းဘီဝတ္ထားတယ္။ လူက(၄)ေယာက္ ေသနတ္အရွည္ကိုင္တာ ပါတယ္။ ေသနတ္အတို ကိုင္ထားသူလည္းပါတယ္။ ေျပာက္က်ားဖိနပ္စီးထားတဲ့သူေတြလည္း ပါတယ္။ သတင္းရရခ်င္းမွာပဲ တာခ်ီလိတ္ခရိုင္အတြင္းက ရဲတပ္ဖြဲ႕ေတြ ခ်ိတ္ဆက္ၿပီး စံုစမ္းစစ္ေဆးေနပါတယ္”ဟု ဝမ္ပံုနယ္ေျမရဲစခန္းမွဴး ရဲအုပ္ ေမာင္ေမာင္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဖမ္းဆီးေခၚေဆာင္သြားသူမ်ားအား ေဖၚထုတ္ႏုိင္ေရးအတြက္ ဝမ္ပံုနယ္ေျမရဲစခန္းတြင္ အမႈဖြင့္လွစ္ထားၿပီး ဝမ္ပံုနယ္ေျမရဲစခန္းမွ နယ္ထိန္းအဖြဲ႕၊ ျပည္နယ္မႈ/ကူအဖြဲ႕၊ ေဟာင္လိတ္နယ္ေျမရဲစခန္းမွစခန္းမွဴးႏွင့္အဖြဲ႕၊ တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕မွ နယ္ထိန္းအဖြဲ႕တို႔ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် နေအိမ်၌ဈေးရောင်းနေသည့် အမျိုးသမီးအား လူ(၄)ဦးအဖွဲ့က သေနတ်များဖြင့် ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွား
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်က နေအိမ်ဈေးဆိုင်၌ ဈေးရောင်းနေသည့် အသက်(၅၀)အရွယ် အမျိုးသမီးတစ်ဦးကို လူ(၄)ဦးအဖွဲ့က သေနတ်များဖြင့်ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ဒီနေ့မနက်(၈)နာရီခွဲလောက်မှာ ဝှေလေလန်ကျေးရွာမှာ အသက်(၅၀)လောက် ဒေါ်အီနန်းကို အမည်မသိလူ(၄)ယောက်က သေနတ်တွေနဲ့လာခေါ်သွားတယ်။ သူက သူ့အိမ်ရှေ့ဈေးဆိုင်မှာ ဈေးရောင်းနေတာ တစ်ယောက်ထဲ။ သူ့ယောကျ်ားက အိမ်နောက်မှာရှိတယ်။ အသံကြားလို့ ထွက်လာတော့ သူ့မိန်းမကို လူနှစ်ယောက်က လက်တစ်ဖက်စီက အတင်းဆွဲခေါ်သွားတယ်။ ကျန်တဲ့လူက သူ့ယောကျ်ားကို သေနတ်နဲ့ ချိန်ထားတယ်။ ကားက အပြာရောင်။ လာခေါ်တဲ့သူတွေက မျက်နှာမှာ ပဝါစည်းထားတယ်၊ ဦးထုပ်ဆောင်းထားတယ်။ အားလုံးဂျင်းဘောင်းဘီဝတ်ထားတယ်။ လူက(၄)ယောက် သေနတ်အရှည်ကိုင်တာ ပါတယ်။
သေနတ်အတို ကိုင်ထားသူလည်းပါတယ်။ ပြောက်ကျားဖိနပ်စီးထားတဲ့သူတွေလည်း ပါတယ်။ သတင်းရရချင်းမှာပဲ တာချီလိတ်ခရိုင်အတွင်းက ရဲတပ်ဖွဲ့တွေ ချိတ်ဆက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်”ဟု ဝမ်ပုံနယ်မြေရဲစခန်းမှူး ရဲအုပ် မောင်မောင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားသူများအား ဖေါ်ထုတ်နိုင်ရေးအတွက် ဝမ်ပုံနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး ဝမ်ပုံနယ်မြေရဲစခန်းမှ နယ်ထိန်းအဖွဲ့၊ ပြည်နယ်မှု/ကူအဖွဲ့၊ ဟောင်လိတ်နယ်မြေရဲစခန်းမှစခန်းမှူးနှင့်အဖွဲ့၊ တာချီလိတ်မြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~