တာခ်ီလိတ္ၿမိဳ႕တြင္ အုတ္၊သဲ၊ေက်ာက္၊ထံုးႏွင့္ ေျမႀကီးသယ္ယာဥ္ (၁၀၀)ေက်ာ္ကို ပညာေပး(၂)ႀကိမ္အတြင္း ေတြ႔ရိွသတိေပးထား

တာခ်ီလိတ္ၿမိဳ႕တြင္ အုတ္၊သဲ၊ေက်ာက္၊ထံုးႏွင့္ ေျမႀကီးသယ္ယာဥ္ (၁၀၀)ေက်ာ္ကို ပညာေပး(၂)ႀကိမ္အတြင္း ေတြ႔ရိွသတိေပးထား
အောက်တိုဘာ 19, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အုတ္၊သဲ၊ေက်ာက္၊ထုံးႏွင့္ ေျမႀကီးမ်ား တင္ေဆာင္သည့္ ယာဥ္မ်ားေၾကာင့္ ယာဥ္၊လမ္းအႏၱရာယ္မျဖစ္ေစေရးအတြက္ အဖံုးအကာျဖင့္ စည္းကမ္းတက် သယ္ေဆာင္ရန္ ပညာေပးျခင္းကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၉)ရက္ေန႔က ဒုတိယအႀကိမ္ အျဖစ္ေဆာင္ရြက္သည္ကို ေတြ႔ရသည္။

ပညာေပးလုပ္ငန္းေဆာင္ရြက္ျခင္းကို ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနႏွင့္ အမွတ္(၁၁၉) ယာဥ္ထိန္း ရဲတပ္ဖြဲ႕စု (တာခ်ီလိတ္ခရိုင္) ပူးေပါင္းအဖြဲ႕သည္ ေအာက္တိုဘာလ(၁၆)ရက္ေန႔ႏွင့္  ေအာက္တိုဘာလ (၁၉)ရက္ေန႔ (၂)ရက္တာအတြင္း ေျမသယ္ယာဥ္ အစီးေရ (၁၀၀) ေက်ာ္အား ပညာေပး ေဆာင္ရြက္ ေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ ပညာေပး (၃)ႀကိမ္လုပ္ၿပီးတာနဲ႔ အေရးယူမႈစတင္လုပ္ေဆာင္မွာပါ။ အခု (၂)ႀကိမ္အတြင္းမွာ စုစုေပါင္း အစီးေရ (၁၀၀)ေက်ာ္ကို ပညာေပးလုပ္ေဆာင္ထားပါၿပီ။ စည္းကမ္းမလိုက္နာယာဥ္ေတြကို ဥပေဒအရ ဒဏ္ေငြ က်ပ္(၅၀၀၀၀)အထိ ေပးေဆာင္ခိုင္းလို႔ရပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အုတ္၊သဲ၊ေက်ာက္ႏွင့္ ေျမႀကီးသယ္ယာဥ္မ်ား အမ်ားစုသြားေလ့ရိွသည့္ ပံုလို႔လမ္းဆံုႏွင့္ ပါဆတ္ကားေလးကြင္းအနီး ၿမိဳ႕ျပင္လမ္းမ်ားဆံုရာတို႔တြင္ စစ္ေဆးေနၿပီး အဖံုးအကာမပါသည့္ ေမာ္ေတာ္ယာဥ္မ်ားအား စည္းကမ္းတက်သယ္ေဆာင္ေရးပညာေပးျခင္းကို ေဆာင္ရြက္ ေနျခင္းျဖစ္ေၾကာင္း သိရသည္။

  “ဒီလိုယာဥ္ေတြက စနစ္တက်မသယ္လုိ႔ လမ္းေပၚဖိတ္စင္က်ရင္ လမ္းေတြမွာ ၿမိဳ႕အဂၤါရပ္နဲ႔မညီဘဲ ညစ္ေပတယ္ေပါ့ေနာ္။ ေနာက္ကလုိက္လာတဲ့ယာဥ္ေတြမွာ မ်က္လံုးထဲဝင္ၿပီး ယာဥ္မေတာ္တဆမႈ ျဖစ္တာေတြ ဘာေတြျဖစ္ႏုိင္တယ္။ လမ္းေပၚဖိတ္စင္က်တာေတြေၾကာင့္ ယာဥ္မေတာ္တဆမႈေတြ ျဖစ္ေစႏုိင္တဲ့အတြက္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ လုပ္ေဆာင္ေစတာျဖစ္ပါတယ္” ဟု ပူးေပါင္း ပညာေပးအဖြဲ႕တြင္ပါဝင္သည့္ တာခ်ီလိတ္ခရိုင္ယာဥ္ထိန္းတပ္ဖြဲ႕၏ ေခတၱယာဥ္မႈစစ္အျဖစ္ တာဝန္ယူထားသည့္ ရဲအုပ္ ေအာင္ႏုိင္က ေျပာသည္။

အဆိုပါယာဥ္မ်ားအေနျဖင့္ ပစၥည္းမ်ားသယ္ေဆာင္ရာတြင္ လမ္းေပၚသို႔ ဖိတ္က်မႈမရိွေစရန္ အမိုးအကာမ်ား ျပဳလုပ္တင္ေဆာင္ရန္၊ ယာဥ္၏ေဘးေဘာင္ကိုေက်ာ္၍ တင္ေဆာင္ျခင္း မျပဳရန္၊ ေနာက္ပိတ္တံခါးဖြင့္၍ ေမာင္းႏွင္ျခင္းမျပဳရန္တို႔ကို လုိက္နာရန္လိုအပ္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ စည္းကမ္းမလိုက္နာသည့္ အုတ္၊သဲ၊ေက်ာက္ႏွင့္ ေျမႀကီးသယ္ယာဥ္မ်ားကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလလလယ္မွ စတင္အေရးယူမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ အုတ္၊သဲ၊ေက်ာက္၊ေျမသယ္ယာဥ္မ်ား ပစၥည္းသယ္ရာ၌ လမ္းေပၚဖိတ္က်မႈမရိွေစဘဲ သယ္ေဆာင္ရန္အျပင္ ယာဥ္စည္းကမ္း၊လမ္းစည္းကမ္းလိုက္နာေရးအတြက္ ၂၀၁၈ ခုႏွစ္၊ၾသဂုတ္လ(၁)ရက္ေန႔မွ (၂၀)ရက္ေန႔အထိ ရက္ေပါင္း(၂၀)ပညာေပးေဆာင္ရြက္ၿပီးေနာက္
ရွမ္းျပည္နယ္ စည္ပင္သာယာေရး အက္ဥပေဒျဖင့္ အေရးယူမႈမ်ား လုပ္ေဆာင္ေနၿပီျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် အုတ်၊သဲ၊ကျောက်၊ထုံးနှင့် မြေကြီးသယ်ယာဉ် (၁၀၀)ကျော်ကို ပညာပေး(၂)ကြိမ်အတွင်း တွေ့ရှိသတိပေးထား
**********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အုတ်၊သဲ၊ကျောက်၊ထုံးနှင့် မြေကြီးများ တင်ဆောင်သည့် ယာဉ်များကြောင့် ယာဉ်၊လမ်းအန္တရာယ်မဖြစ်စေရေးအတွက် အဖုံးအကာဖြင့် စည်းကမ်းတကျသယ်ဆောင်ရန်
ပညာပေးခြင်းကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့က ဒုတိယအကြိမ်အဖြစ်ဆောင်ရွက်သည်ကို တွေ့ရသည်။
ပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာနနှင့် အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်) ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ(၁၆)ရက်နေ့နှင့်  အောက်တိုဘာလ (၁၉)ရက်နေ့ (၂)ရက်တာအတွင်း မြေသယ်ယာဉ် အစီးရေ (၁၀၀) ကျော်အား ပညာပေးဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပညာပေး (၃)ကြိမ်လုပ်ပြီးတာနဲ့ အရေးယူမှုစတင်လုပ်ဆောင်မှာပါ။ အခု (၂)ကြိမ်အတွင်းမှာ စုစုပေါင်း အစီးရေ (၁၀၀)ကျော်ကို ပညာပေးလုပ်ဆောင်ထားပါပြီ။ စည်းကမ်းမလိုက်နာယာဉ်တွေကို ဥပဒေအရ ဒဏ်ငွေ ကျပ်(၅၀၀၀၀)အထိ ပေးဆောင်ခိုင်းလို့ရပါတယ်”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အုတ်၊သဲ၊ကျောက်နှင့် မြေကြီးသယ်ယာဉ်များ အများစုသွားလေ့ရှိသည့် ပုံလို့လမ်းဆုံနှင့် ပါဆတ်ကားလေးကွင်းအနီး မြို့ပြင်လမ်းများဆုံရာတို့တွင် စစ်ဆေးနေပြီး အဖုံးအကာမပါသည့် မော်တော်ယာဉ်များအား စည်းကမ်းတကျသယ်ဆောင်ရေးပညာပေးခြင်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
  “ဒီလိုယာဉ်တွေက စနစ်တကျမသယ်လို့ လမ်းပေါ်ဖိတ်စင်ကျရင် လမ်းတွေမှာ မြို့အင်္ဂါရပ်နဲ့မညီဘဲ ညစ်ပေတယ်ပေါ့နော်။ နောက်ကလိုက်လာတဲ့ယာဉ်တွေမှာ မျက်လုံးထဲဝင်ပြီး ယာဉ်မတော်တဆမှုဖြစ်တာတွေ ဘာတွေဖြစ်နိုင်တယ်။ လမ်းပေါ်ဖိတ်စင်ကျတာတွေကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်စေနိုင်တဲ့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်စေတာဖြစ်ပါတယ်” ဟု ပူးပေါင်းပညာပေးအဖွဲ့တွင်ပါဝင်သည့် တာချီလိတ်ခရိုင်ယာဉ်ထိန်းတပ်ဖွဲ့၏ ခေတ္တယာဉ်မှုစစ်အဖြစ် တာဝန်ယူထားသည့် ရဲအုပ် အောင်နိုင်က ပြောသည်။

အဆိုပါယာဉ်များအနေဖြင့် ပစ္စည်းများသယ်ဆောင်ရာတွင် လမ်းပေါ်သို့ ဖိတ်ကျမှုမရှိစေရန် အမိုးအကာများ ပြုလုပ်တင်ဆောင်ရန်၊ ယာဉ်၏ဘေးဘောင်ကိုကျော်၍ တင်ဆောင်ခြင်း မပြုရန်၊ နောက်ပိတ်တံခါးဖွင့်၍
မောင်းနှင်ခြင်းမပြုရန်တို့ကို လိုက်နာရန်လိုအပ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် စည်းကမ်းမလိုက်နာသည့် အုတ်၊သဲ၊ကျောက်နှင့် မြေကြီးသယ်ယာဉ်များကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလလလယ်မှ စတင်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အုတ်၊သဲ၊ကျောက်၊မြေသယ်ယာဉ်များ ပစ္စည်းသယ်ရာ၌ လမ်းပေါ်ဖိတ်ကျမှုမရှိစေဘဲ သယ်ဆောင်ရန်အပြင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာရေးအတွက် ၂၀၁၈ ခုနှစ်၊သြဂုတ်လ(၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ ရက်ပေါင်း(၂၀)ပညာပေးဆောင်ရွက်ပြီးနောက်
ရှမ်းပြည်နယ် စည်ပင်သာယာရေး အက်ဥပဒေဖြင့် အရေးယူမှုများ လုပ်ဆောင်နေပြီဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~