ရဲတပ္ဖြဲ႕ေန႔တြင္ အမႈထမ္းေကာင္းဆုမ်ားခ်ီးျမႇင့္လိုက္ၿပီး ဥပေဒႏွင့္မညီသည့္ ရဲတပ္ဖြဲ႕ဝင္မ်ား ျပဳျပင္ၾကရန္ ရဲခ်ဳပ္တုိက္တြန္း

ရဲတပ္ဖြဲ႕ေန႔တြင္ အမႈထမ္းေကာင္းဆုမ်ားခ်ီးျမႇင့္လိုက္ၿပီး ဥပေဒႏွင့္မညီသည့္ ရဲတပ္ဖြဲ႕ဝင္မ်ား ျပဳျပင္ၾကရန္ ရဲခ်ဳပ္တုိက္တြန္း
အောက်တိုဘာ 1, 2018
By 🌸
ရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ဥပေဒႏွင့္မညီသည့္ လုပ္ရပ္မ်ားေၾကာင့္ တပ္ဖြဲ႕ဂုဏ္သိကၡာညိႇးႏြမ္းက်ဆင္းေစသျဖင့္ အျပစ္ေပးအေရးယူရသည့္ ျဖစ္စဥ္မ်ားရိွေနေသး၍ ျပန္လည္ဆင္ျခင္သံုးသပ္ၿပီး ကိုယ္စီျပဳျပင္ ထိန္းသိမ္း သြားၾကရန္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္၊ ဒုတိယရဲဗိုလ္ခ်ဳပ္ႀကီး ေအာင္ဝင္းဦးက တိုက္တြန္းလိုက္သည္။

“ရဲတပ္ဖြဲ႕ဝင္အဆင့္တုိင္းဟာ မိမိရရိွထားတဲ့ ရာထူးလုပ္ပိုင္ခြင့္ကိုအသံုးခ်၍ အဂတိျပဳလုပ္ျခင္းကိုေရွာင္က်ဥ္ၿပီး လုပ္ထံုးလုပ္နည္းမ်ားနဲ႔အညီ ေဆာင္ရြက္ႏုိင္တဲ့ တပ္ဖြဲ႕ဝင္ေကာင္းေတြျဖစ္ေအာင္ ကိုယ္တုိင္ခံယူခ်က္ရိွၾကဖို႔၊ အဆင့္ဆင့္ေသာ ကြပ္ကဲသူမ်ားက ၾကပ္မတ္ၾကဖို႔ မွာၾကားလိုပါတယ္”ဟု ရဲခ်ဳပ္၏သဝဏ္လႊာတြင္ တုိက္တြန္းလုိက္သည္။

၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ က်ေရာက္သည့္ (၅၄)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ႏွစ္ပတ္လည္ေန႔အခမ္းအနားကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၌ က်င္းပရာ တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီးေပၚထြန္းက ရဲခ်ဳပ္၏သဝဏ္လႊာဖတ္ၾကားခဲ့ျခင္းျဖစ္သည္။

“ဝန္ေဆာင္မႈကိုေရွးရႈတဲ့ ရဲလုပ္ငန္းစနစ္ကိုေဖၚေဆာင္ရာမွာ ရဲတပ္ဖြဲ႕ဟာ ျပည္သူမ်ားကို ဝန္ေဆာင္မႈေပးေနျခင္းျဖစ္တယ္ဆိုတဲ့အသိနဲ႔ ႏုိင္ငံသားျပည္သူမ်ားကို အေလးထားဆက္ဆံၿပီး အကူအညီေပးၾကရမွာျဖစ္တယ္။ ဒီလိုေဆာင္ရြက္မႈေတြေၾကာင့္ ရဲတပ္ဖြဲ႕အေပၚ ျပည္သူက အျမင္ၾကည္လင္ၿပီး စစ္မွန္ေကာင္းမြန္တဲ့ တုန္႔ျပန္မႈေတြ ရရိွႏုိင္မယ္ဆိုတာကိုလည္း ရဲတပ္ဖြဲ႕႔ဝင္ေတြ သိရိွထားဖို႔လိုတယ္”ဟု တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီးေပၚထြန္းက အခမ္းအနားသဝဏ္လႊာဖတ္ၾကားခဲ့သည္။

တာခ်ီလိတ္တြင္ က်င္းပသည့္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ႏွစ္ပတ္လည္ေန႔အခမ္းအနားတြင္ ရဲခ်ဳပ္က ခ်ီးျမႇင့္သည့္ အမႈထမ္းေကာင္းလက္မွတ္မ်ားကို တာခ်ီလိတ္ၿမိဳ႕တြင္း ေသနတ္ပစ္ခတ္မႈမ်ားကို အခ်ိန္တိုအတြင္း ေဖၚထုတ္ဖမ္းဆီးမႈႏွစ္ခုမွ ရဲတပ္ဖြဲ႕ဝင္မ်ားအား ခ်ီးျမႇင့္ခဲ့သည္။

တာခ်ီလိတ္ၿမိဳ႕တြင္း ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္မႈေၾကာင့္ တစ္ဦးေသၿပီး တစ္ဦးဒဏ္ရာရသည့္အမႈမွ တရားခံမ်ားကို (၃)နာရီအတြင္း ေဖၚထုတ္ႏုိင္ခဲ့သည့္ တာခ်ီလိတ္ခရိုင္ လံုၿခံဳေရးတပ္ခြဲမွဴး ဒုရဲမွဴးစံသိန္း၊ ရဲအုပ္ ေအးထြန္းသိန္း၊ ရဲအုပ္ေသာင္းေရႊ၊ ရဲအုပ္ခ်မ္းေျမ႕ေအာင္၊ ရဲတပ္ၾကပ္ႀကီး ေက်ာ္စြာေအာင္၊ ရဲတပ္ၾကပ္ ထြန္းဝင္းေဇာ္၊ ရဲတပ္ၾကပ္ ေဇာ္ႏုိင္ထြန္းႏွင့္ ရဲတပ္သားထြန္းလင္းတို႔အားလည္းေကာင္း တာခ်ီလိတ္ၿမိဳ႕တြင္း ေရႊဆိုင္အတြင္း ေသနတ္ျဖင့္ ပစ္ခတ္လုယက္မႈကို ေဖၚထုတ္ဖမ္းဆီးသည့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးမ်ိဳးခုိင္၊ ရဲအုပ္ေအးလြင္၊ ဒုရဲအုပ္ေက်ာ္သူရိန္ထြန္း၊ ရဲတပ္ၾကပ္ႀကီး ေအာင္သန္းဝင္း၊ ရဲတပ္ၾကပ္ထြန္းဝင္းေဇာ္၊ ရဲတပ္ၾကပ္မ်ိဳးေက်ာ္၊ ရဲတပ္ၾကပ္ေမာင္ေဌး၊ ရဲတပ္သားၿငိမ္းျမင့္သူႏွင့္ ရဲတပ္သား ယာဆူတို႔အားလည္းေကာင္း ရဲခ်ဳပ္၏ အမႈထမ္းေကာင္းလက္မွတ္မ်ားကို ခ်ီးျမႇင့္ျခင္းျဖစ္သည္။

ျပည္နယ္ရဲတပ္ဖြဲ႕မွဴးခ်ီးျမႇင့္သည့္ အမႈထမ္းေကာင္းလက္မွတ္ကို တာခ်ီလိတ္ၿမိဳ႕တြင္း ေသနတ္ပစ္ခတ္မႈအား (၃)နာရီအတြင္း ေဖၚထုတ္ရာတြင္ ပူးေပါင္းေဆာင္ရြက္ခဲ့သည့္ တာခ်ီလိတ္ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴး မ်ိဳးခုိင္၊ ရဲအုပ္ေအးလြင္၊ ရဲအုပ္ေအာင္ဆန္းဦး၊ ဒုရဲအုပ္ေဇာ္ေဇာ္၊ ရဲတပ္ၾကပ္ႀကီးသိန္းေဇာ္၊ ရဲတပ္ၾကပ္ႀကီး ေအာင္သန္းဝင္း၊ ရဲတပ္ၾကပ္ထိန္လင္းေအာင္၊ ရဲတပ္ၾကပ္ေမာင္ေဌးႏွင့္ ရဲတပ္သား ၿငိမ္းျမင္သူတို႔အဖြဲ႕၊ အုိက္စ္ကီလို(၂၀၀)ေက်ာ္ကို ဖမ္းဆီးရမိခဲ့သည့္ မူးယစ္တပ္ဖြဲ႕စု(၃၀)မွ ရဲတပ္ၾကပ္ဝဏၰတို႔အား ခ်ီးျမႇင့္ခဲ့သည္။
ရဲတပ္ဖြဲ႕ဝင္ (၃၈)ဦးအား ခရိုင္ရဲတပ္ဖြဲ႕မွဴးက ဆုခ်ီးျမႇင့္ခဲ့ၿပီး မိသားစုစည္းရံုးေရးႏွင့္ စည္းကမ္းထိန္းသိမ္းေရးဆုမ်ားကို ရဲတပ္ဖြဲ႕ဝင္မ်ား၏ မိသားစုဝင္ (၅)ဦးႏွင့္ စိုက္ပ်ိဳးေမြးျမဴေရးဆုကို ရဲတပ္ဖြဲ႕ဝင္မ်ား၏ မိသားစုဝင္ (၅)ဦးတုိ႔အား အသီးသီး ဆုမ်ားခ်ီးျမႇင့္ေပးသည္ကို ေတြ႔ရသည္။

ဂုဏ္ျပဳဆုမ်ားကို တာခ်ီလိတ္စစ္ဗ်ဴဟာ(အေျခခ်) စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေအးမင္းဦး၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္၊ တာခ်ီလိတ္ခရို္င္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး ေပၚထြန္း၊ တာခ်ီလိတ္ခရိုင္ မိသားစုစည္းရံုးေရးႏွင့္ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီ ဥကၠဌ ေဒၚခင္ေရႊရည္ဝင္း၊ တာခ်ီလိ္တ္ခရိုင္ ဒုခရိုင္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးအုန္းလြင္၏ ဇနီး ေဒၚၿငိမ္းၿငိမ္းတို႔က ခ်ီးျမႇင့္ေပးျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု -ေအာင္ေက်ာ္ဝင္းစိန္၊ Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ရဲတပ်ဖွဲ့နေ့တွင် အမှုထမ်းကောင်းဆုများချီးမြှင့်လိုက်ပြီး ဥပဒေနှင့်မညီသည့် ရဲတပ်ဖွဲ့ဝင်များ ပြုပြင်ကြရန် ရဲချုပ်တိုက်တွန်း
*************
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေနှင့်မညီသည့် လုပ်ရပ်များကြောင့် တပ်ဖွဲ့ဂုဏ်သိက္ခာညှိးနွမ်းကျဆင်းစေသဖြင့် အပြစ်ပေးအရေးယူရသည့် ဖြစ်စဉ်များရှိနေသေး၍ ပြန်လည်ဆင်ခြင်သုံးသပ်ပြီး ကိုယ်စီပြုပြင် ထိန်းသိမ်း သွားကြရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက တိုက်တွန်းလိုက်သည်။

“ရဲတပ်ဖွဲ့ဝင်အဆင့်တိုင်းဟာ မိမိရရှိထားတဲ့ ရာထူးလုပ်ပိုင်ခွင့်ကိုအသုံးချ၍ အဂတိပြုလုပ်ခြင်းကိုရှောင်ကျဉ်ပြီး လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်နိုင်တဲ့ တပ်ဖွဲ့ဝင်ကောင်းတွေဖြစ်အောင် ကိုယ်တိုင်ခံယူချက်ရှိကြဖို့၊ အဆင့်ဆင့်သော ကွပ်ကဲသူများက ကြပ်မတ်ကြဖို့ မှာကြားလိုပါတယ်”ဟု ရဲချုပ်၏သဝဏ်လွှာတွင် တိုက်တွန်းလိုက်သည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကျင်းပရာ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးပေါ်ထွန်းက ရဲချုပ်၏သဝဏ်လွှာဖတ်ကြားခဲ့ခြင်းဖြစ်သည်။

“ဝန်ဆောင်မှုကိုရှေးရှုတဲ့ ရဲလုပ်ငန်းစနစ်ကိုဖေါ်ဆောင်ရာမှာ ရဲတပ်ဖွဲ့ဟာ ပြည်သူများကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်တယ်ဆိုတဲ့အသိနဲ့ နိုင်ငံသားပြည်သူများကို အလေးထားဆက်ဆံပြီး အကူအညီပေးကြရမှာဖြစ်တယ်။ ဒီလိုဆောင်ရွက်မှုတွေကြောင့် ရဲတပ်ဖွဲ့အပေါ် ပြည်သူက အမြင်ကြည်လင်ပြီး စစ်မှန်ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေ ရရှိနိုင်မယ်ဆိုတာကိုလည်း ရဲတပ်ဖွဲ့ဝင်တွေ သိရှိထားဖို့လိုတယ်”ဟု တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးပေါ်ထွန်းက အခမ်းအနားသဝဏ်လွှာဖတ်ကြားခဲ့သည်။

တာချီလိတ်တွင် ကျင်းပသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားတွင် ရဲချုပ်က ချီးမြှင့်သည့် အမှုထမ်းကောင်းလက်မှတ်များကို တာချီလိတ်မြို့တွင်း သေနတ်ပစ်ခတ်မှုများကို အချိန်တိုအတွင်း ဖေါ်ထုတ်ဖမ်းဆီးမှုနှစ်ခုမှ ရဲတပ်ဖွဲ့ဝင်များအား ချီးမြှင့်ခဲ့သည်။

တာချီလိတ်မြို့တွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရသည့်အမှုမှ တရားခံများကို (၃)နာရီအတွင်း ဖေါ်ထုတ်နိုင်ခဲ့သည့် တာချီလိတ်ခရိုင် လုံခြုံရေးတပ်ခွဲမှူး ဒုရဲမှူးစံသိန်း၊ ရဲအုပ် အေးထွန်းသိန်း၊ ရဲအုပ်သောင်းရွှေ၊ ရဲအုပ်ချမ်းမြေ့အောင်၊ ရဲတပ်ကြပ်ကြီး ကျော်စွာအောင်၊ ရဲတပ်ကြပ် ထွန်းဝင်းဇော်၊ ရဲတပ်ကြပ် ဇော်နိုင်ထွန်းနှင့် ရဲတပ်သားထွန်းလင်းတို့အားလည်းကောင်း တာချီလိတ်မြို့တွင်း ရွှေဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်လုယက်မှုကို ဖေါ်ထုတ်ဖမ်းဆီးသည့် တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးခိုင်၊ ရဲအုပ်အေးလွင်၊ ဒုရဲအုပ်ကျော်သူရိန်ထွန်း၊ ရဲတပ်ကြပ်ကြီး အောင်သန်းဝင်း၊ ရဲတပ်ကြပ်ထွန်းဝင်းဇော်၊ ရဲတပ်ကြပ်မျိုးကျော်၊ ရဲတပ်ကြပ်မောင်ဌေး၊ ရဲတပ်သားငြိမ်းမြင့်သူနှင့် ရဲတပ်သား ယာဆူတို့အားလည်းကောင်း ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်များကို ချီးမြှင့်ခြင်းဖြစ်သည်။

ပြည်နယ်ရဲတပ်ဖွဲ့မှူးချီးမြှင့်သည့် အမှုထမ်းကောင်းလက်မှတ်ကို တာချီလိတ်မြို့တွင်း သေနတ်ပစ်ခတ်မှုအား (၃)နာရီအတွင်း ဖေါ်ထုတ်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူး မျိုးခိုင်၊ ရဲအုပ်အေးလွင်၊ ရဲအုပ်အောင်ဆန်းဦး၊ ဒုရဲအုပ်ဇော်ဇော်၊ ရဲတပ်ကြပ်ကြီးသိန်းဇော်၊ ရဲတပ်ကြပ်ကြီး အောင်သန်းဝင်း၊ ရဲတပ်ကြပ်ထိန်လင်းအောင်၊ ရဲတပ်ကြပ်မောင်ဌေးနှင့် ရဲတပ်သား ငြိမ်းမြင်သူတို့အဖွဲ့၊ အိုက်စ်ကီလို(၂၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့သည့် မူးယစ်တပ်ဖွဲ့စု(၃၀)မှ ရဲတပ်ကြပ်ဝဏ္ဏတို့အား ချီးမြှင့်ခဲ့သည်။
ရဲတပ်ဖွဲ့ဝင် (၃၈)ဦးအား ခရိုင်ရဲတပ်ဖွဲ့မှူးက ဆုချီးမြှင့်ခဲ့ပြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆုများကို ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် (၅)ဦးနှင့် စိုက်ပျိုးမွေးမြူရေးဆုကို ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် (၅)ဦးတို့အား အသီးသီး ဆုများချီးမြှင့်ပေးသည်ကို တွေ့ရသည်။

ဂုဏ်ပြုဆုများကို တာချီလိတ်စစ်ဗျူဟာ(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်း၊ တာချီလိတ်ခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်ခင်ရွှေရည်ဝင်း၊ တာချီလိတ်ခရိုင် ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအုန်းလွင်၏ ဇနီး ဒေါ်ငြိမ်းငြိမ်းတို့က ချီးမြှင့်ပေးခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -အောင်ကျော်ဝင်းစိန်၊ Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~