တာခ်ီလိတ္တြင္ အသက္(၅၀)အရြယ္ အမ်ိဳးသားတစ္ဦးကို ေနအိမ္တြင္းဝင္၍ ဓါးျဖင့္ခုတ္၊ တူမီးေသနတ္ျဖင့္ ပစ္ခတ္

တာခ်ီလိတ္တြင္ အသက္(၅၀)အရြယ္ အမ်ိဳးသားတစ္ဦးကို ေနအိမ္တြင္းဝင္၍ ဓါးျဖင့္ခုတ္၊ တူမီးေသနတ္ျဖင့္ ပစ္ခတ္
အောက်တိုဘာ 31, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ေဂ်ာပေက်းရြာတြင္ အသက္(၅၀)အရြယ္ အမ်ိဳးသားတစ္ဦး ေနအိမ္တြင္ရိွေနစဥ္ တစ္ရြာတည္းေနသူက ေနအိမ္ထဲဝင္လာၿပီး ဓါးျဖင့္ခုတ္၊ တူမီးေသနတ္ျဖင့္ပစ္သျဖင့္ ဒဏ္ရာအျပင္းအထန္ရသြားေၾကာင္း သိရသည္။

ေဂ်ာပေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၃၁)ရက္ေန႔ နံနက္(၉)နာရီဝန္းက်င္က အသက္(၅၀)အရြယ္ ဦးအားေရွာမွာ ေနအိမ္တြင္ရိွေနစဥ္ တစ္ရြာတည္းေန ေကမီးဆိုသူ ေရာက္လာၿပီး ဓါးျဖင့္ခုတ္၊ တူမီးေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ ဦးအားေရွာတြင္ ဒဏ္ရာအျပင္းအထန္ရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရသူကို ၎၏မိသားစုဝင္မ်ားႏွင့္ ေဂ်ာပေက်းရြာသူႀကီးတို႔က တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ တင္ပို႔ေပးခဲ့ၿပီး ေတာင္ယာေတာတြင္ ေရာက္ေနသည့္ ဦးအားေရွာ၏ဇနီးျဖစ္သူ ေဒၚဘူးရီထံ ေက်းရြာမွေဒသခံတစ္ဦးက သြားေရာက္ေျပာျပေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဦးအားေရွာ၏ဇနီးျဖစ္သူက အမႈဖြင့္တုိင္တန္းသျဖင့္ ဓါးျဖင့္ခုတ္၊ တူမီးျဖင့္ပစ္သည့္ ေကမီးကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၃၇၈/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇/၃၂၆ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် အသက်(၅၀)အရွယ် အမျိုးသားတစ်ဦးကို နေအိမ်တွင်းဝင်၍ ဓါးဖြင့်ခုတ်၊ တူမီးသေနတ်ဖြင့် ပစ်ခတ်
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဂျောပကျေးရွာတွင် အသက်(၅၀)အရွယ် အမျိုးသားတစ်ဦး နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်းနေသူက နေအိမ်ထဲဝင်လာပြီး ဓါးဖြင့်ခုတ်၊ တူမီးသေနတ်ဖြင့်ပစ်သဖြင့် ဒဏ်ရာအပြင်းအထန်ရသွားကြောင်း သိရသည်။

ဂျောပကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်က အသက်(၅၀)အရွယ် ဦးအားရှောမှာ နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်းနေ ကေမီးဆိုသူ ရောက်လာပြီး ဓါးဖြင့်ခုတ်၊ တူမီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးအားရှောတွင် ဒဏ်ရာအပြင်းအထန်ရသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူကို ၎င်း၏မိသားစုဝင်များနှင့် ဂျောပကျေးရွာသူကြီးတို့က တာချီလိတ်ပြည်သူ့ဆေးရုံသို့ တင်ပို့ပေးခဲ့ပြီး တောင်ယာတောတွင် ရောက်နေသည့် ဦးအားရှော၏ဇနီးဖြစ်သူ ဒေါ်ဘူးရီထံ ကျေးရွာမှဒေသခံတစ်ဦးက သွားရောက်ပြောပြပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးအားရှော၏ဇနီးဖြစ်သူက အမှုဖွင့်တိုင်တန်းသဖြင့် ဓါးဖြင့်ခုတ်၊ တူမီးဖြင့်ပစ်သည့် ကေမီးကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၃၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~