တာခ်ီလိတ္တြင္ စိတ္ၾကြရူးသြပ္ေဆးျပားႏွင့္ လက္နက္ခဲယမ္းမ်ား သယ္ေဆာင္လာသူ(၂)ဦးကို ဖမ္းမိ

တာခ်ီလိတ္တြင္ စိတ္ၾကြရူးသြပ္ေဆးျပားႏွင့္ လက္နက္ခဲယမ္းမ်ား သယ္ေဆာင္လာသူ(၂)ဦးကို ဖမ္းမိ
အောက်တိုဘာ 4, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဖန္မင္ေက်းရြာအုပ္စု၊ ဧဒင္ရြာတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ( ၃) ရက္ေန႔ ည(၆)နာရီ မိနစ္(၅၀)ခန္႔က စိတ္ၾကြရူးသြပ္ေဆးျပားႏွင့္ လက္နက္ခဲယမ္းတို႔ သယ္ေဆာင္လာသူ (၂)ဦးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႕သည္ ဧဒင္ေက်းရြာ ေအးရိပ္ၿမိဳင္လမ္းေပၚတြင္ မူးယစ္သတင္းအရ ပိတ္ဆို႔ရွာေဖြစဥ္  လြယ္စီတံုေက်းရြာဘက္မွ ဖန္မင္ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးအား ရွာေဖြရာ ယာဥ္ေရွ႕ခန္းတြင္ ၉၉၉ စာတမ္းပါ  စိတ္ၾကြေဆးျပား (၃၆၀၀)ျပား၊ ပိြဳင့္(၄၅)က်ည္ (၄၅)ေတာင့္၊ ထိုင္းဘတ္ေငြေရာရာ (၃၀၁၅၀)၊ ျမန္မာေငြက်ပ္(၁၃၀၀၀)တို႔ႏွင့္အတူ ယာဥ္ေနာက္တြင္ တင္ေဆာင္လာသည့္ ဆိုင္ကယ္တစ္စီးတို႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၊ လက္နက္ခဲယမ္းတို႔ႏွင့္အတူ ဖမ္းဆီးရမိသည့္ အားဟိုးႏွင့္ ပီဆာတို႔ (၂)ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၈၅/၂၀၁၈၊ မူး/စိတ္ ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်လာသူ(၂)ဦးကို ဖမ်းမိ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ရွာတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ( ၃) ရက်နေ့ ည(၆)နာရီ မိနစ်(၅၀)ခန့်က စိတ်ကြွရူးသွပ်ဆေးပြားနှင့် လက်နက်ခဲယမ်းတို့ သယ်ဆောင်လာသူ (၂)ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် ဧဒင်ကျေးရွာ အေးရိပ်မြိုင်လမ်းပေါ်တွင် မူးယစ်သတင်းအရ ပိတ်ဆို့ရှာဖွေစဉ်  လွယ်စီတုံကျေးရွာဘက်မှ ဖန်မင်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား ရှာဖွေရာ ယာဉ်ရှေ့ခန်းတွင် ၉၉၉ စာတမ်းပါ  စိတ်ကြွဆေးပြား (၃၆၀၀)ပြား၊ ပွိုင့်(၄၅)ကျည် (၄၅)တောင့်၊ ထိုင်းဘတ်ငွေရောရာ (၃၀၁၅၀)၊ မြန်မာငွေကျပ်(၁၃၀၀၀)တို့နှင့်အတူ ယာဉ်နောက်တွင် တင်ဆောင်လာသည့် ဆိုင်ကယ်တစ်စီးတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေး၊ လက်နက်ခဲယမ်းတို့နှင့်အတူ ဖမ်းဆီးရမိသည့် အားဟိုးနှင့် ပီဆာတို့ (၂)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၈၅/၂၀၁၈၊ မူး/စိတ် ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~