တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ စိတ္ၾကြေဆးျပားႏွင့္ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ စိတ္ၾကြေဆးျပားႏွင့္ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ
အောက်တိုဘာ 2, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၂)ရက္ေန႔က မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသူတစ္ဦးထံမွ စိတ္ၾကြေဆးျပား (၅၂)ျပားႏွင့္ ဘိန္းျဖဴ(၀.၂)ဂရမ္ခန္႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႕က လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ စစ္ေဆးေနစဥ္ ညေန(၄)နာရီဝန္းက်င္က မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ အားေခ်႕အားရွာေဖြရာ ၎၏ေဘာင္းဘီအိတ္အတြင္းမွ စိတ္ၾကြေဆးျပားမ်ားႏွင့္ ဘိန္းျဖဴတို႔အား စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အားေခ်႕အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၈၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့က မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးထံမှ စိတ်ကြွဆေးပြား (၅၂)ပြားနှင့် ဘိန်းဖြူ(ဝ.၂)ဂရမ်ခန့်ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် စစ်ဆေးနေစဉ် ညနေ(၄)နာရီဝန်းကျင်က မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အားချေ့အားရှာဖွေရာ ၎င်း၏ဘောင်းဘီအိတ်အတွင်းမှ စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူတို့အား စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အားချေ့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၈၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~