နတ္ေမာက္တြင္ ခရိုင္ခ်င္းဆက္လမ္းေဖါက္မည့္ေနရာ မဲခြဲဆံုးျဖတ္သည့္ရလဒ္ကို လက္မခံသည့္ ေတာင္သူမ်ားက ဆႏၵထုတ္ေဖၚ

နတ္ေမာက္တြင္ ခရိုင္ခ်င္းဆက္လမ္းေဖါက္မည့္ေနရာ မဲခြဲဆံုးျဖတ္သည့္ရလဒ္ကို လက္မခံသည့္ ေတာင္သူမ်ားက ဆႏၵထုတ္ေဖၚ
အောက်တိုဘာ 25, 2018
By 🌸
မေကြးတုိင္းေဒသႀကီး နတ္ေမာက္ၿမိဳ႕နယ္ သဘြတ္ပင္ေက်းရြာတြင္ မေကြးႏွင့္ ရမည္းသင္း ခရိုင္ခ်င္းဆက္လမ္း ျဖတ္သန္းရန္ေနရာကို ရြာ၏ေတာင္ဘက္ႏွင့္ ေျမာက္ဘက္အား မဲခြဲဆံုးျဖတ္ခဲ့ရာ ရလဒ္ကိုမေက်နပ္သည့္ ေဒသခံ(၈၀)ေက်ာ္က ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၅)ရက္ေန႔တြင္ ဆႏၵထုတ္ေဖၚၾကေၾကာင္း သိရသည္။

အဆိုပါရြာမွ ခရိုင္ခ်င္းဆက္လမ္း ျဖတ္သန္းသြားရမည့္ေနရာအား ေဒသခံမ်ားသေဘာထားရယူသည့္ လူထုေတြ႔ဆံုပြဲကို စက္တင္ဘာလ ( ၂၄ )ရက္ေန႔က လုပ္ေဆာင္ရာ ေဒသခံအခ်ိဳ႕က မဲမေပးဘဲ ျပန္သြားခဲ့ၿပီး က်န္ခဲ့သည့္ မဲဆႏၵရွင္(၁၈၃)ဦးက သေဘာထားဆႏၵေပးရာတြင္ ေက်းရြာ၏ ေတာင္ဘက္မွ ေဖါက္လုပ္ရန္ ဆႏၵမဲ (၁၈၁)မဲ၊ ေက်းရြာေျမာက္ဘက္မွ ေဖါက္လုပ္ရန္ ဆႏၵမဲ (၁)မဲ၊ ပယ္မဲ(၁)မဲျဖင့္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“လူထုေတြ႔ဆံုပြဲမွာ ကၽြန္ေတာ္ပါတယ္။ မေကြးတိုင္းလူမႈေရးဝန္ႀကီး ေဒါက္တာခင္ေမာင္ေအး ပါတယ္။ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေရႊပါတယ္။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ပါတယ္။ ေတာင္သူေတြပါတဲ့ ရြာလူထုနဲ႔ေတြ႔ဆံုၿပီးေတာ့ ဒီမုိကေရစီနည္းလမ္းတက် မဲခဲြခဲ့တာပါ။ မဲဆႏၵရွင္(၁၈၃)ဦးမွာ သဘြတ္ပင္ရြာ ေတာင္ဘက္က(၁၈၁)မဲ၊ ေျမာက္ဘက္က (၁)မဲ၊ ပယ္မဲက (၁)မဲ၊ အဲဒီလိုမဲခဲြၿပီးမွ မဲသာတဲ့ ေတာင္ဘက္က ေဖာက္ဖို႔ ဆံုးျဖတ္ခဲ့တာပါ”ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္တင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယင္းကဲ့သို႔ ဆႏၵသေဘာထားေကာက္ခံရာတြင္ ေတာင္သူမ်ား၏ ဆႏၵသေဘာထားကိုမယူဘဲ လူထုသေဘာထားကို ရယူသည္ဟုဆိုကာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အား ေတာင္သူ (၈၀)ေက်ာ္က ဆႏၵထုတ္ေဖၚၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“တိုင္းေဒသႀကီး လူမႈေရးဝန္ႀကီးနဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးတို႔က လယ္ရွင္ယာရွင္ေတြရဲ႕ဆႏၵကိုအရင္ခံယူပါလို႔ ေျပာတာကိုလည္း လယ္ရွင္ယာရွင္ေတြကိုေမးစရာမလိုဘူး လူထုကေထာက္ခံရင္ၿပီးတာပဲလို႔ ေျပာတာေၾကာင့္ ဆႏၵမဲေပးဖို႔ေရာက္လာၾကတဲ့ ေတာင္ဘက္က ယာမလွဴႏိုင္ဘူးဆိုတဲ့သူေတြေရာ၊ ေျမာက္ဘက္က ေတာင္သူေတြေရာ ျပန္သြားၾကပါတယ္။ က်န္တဲ့သူနဲ႔ ဆႏၵခံယူလိုက္ၿပီး ေတာင္ဘက္က မဲအသာရတယ္ဆိုၿပီး ဦးေအာင္တင္လင္းက ေတာင္ဘက္ကေဖာက္ဖို႔ ဆံုးျဖတ္လိုက္တယ္” ဟု ဆႏၵေဖာ္ထုတ္ပဲြဦးေဆာင္သူ သဘြတ္ပင္ေက်းရြာမွ ဦးညီျမက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သဘြတ္ပင္ေက်းရြာမွ ေတာင္သူ(၈၀)ေက်ာ္က နတ္ေမာက္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တုေရွ႕ ကြင္းျပင္မွ ၿမိဳ႕တြင္းသို႔ စီတန္းလွည့္လည္ဆႏၵေဖာ္ထုတ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
နတ်မောက်တွင် ခရိုင်ချင်းဆက်လမ်းဖေါက်မည့်နေရာ မဲခွဲဆုံးဖြတ်သည့်ရလဒ်ကို လက်မခံသည့် တောင်သူများက ဆန္ဒထုတ်ဖေါ်
**************
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သဘွတ်ပင်ကျေးရွာတွင် မကွေးနှင့် ရမည်းသင်း ခရိုင်ချင်းဆက်လမ်း ဖြတ်သန်းရန်နေရာကို ရွာ၏တောင်ဘက်နှင့် မြောက်ဘက်အား မဲခွဲဆုံးဖြတ်ခဲ့ရာ ရလဒ်ကိုမကျေနပ်သည့် ဒေသခံ(၈၀)ကျော်က ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ဆန္ဒထုတ်ဖေါ်ကြကြောင်း သိရသည်။

အဆိုပါရွာမှ ခရိုင်ချင်းဆက်လမ်း ဖြတ်သန်းသွားရမည့်နေရာအား ဒေသခံများသဘောထားရယူသည့် လူထုတွေ့ဆုံပွဲကို စက်တင်ဘာလ ( ၂၄ )ရက်နေ့က လုပ်ဆောင်ရာ ဒေသခံအချို့က မဲမပေးဘဲ ပြန်သွားခဲ့ပြီး ကျန်ခဲ့သည့် မဲဆန္ဒရှင်(၁၈၃)ဦးက သဘောထားဆန္ဒပေးရာတွင် ကျေးရွာ၏ တောင်ဘက်မှ ဖေါက်လုပ်ရန် ဆန္ဒမဲ (၁၈၁)မဲ၊ ကျေးရွာမြောက်ဘက်မှ ဖေါက်လုပ်ရန် ဆန္ဒမဲ (၁)မဲ၊ ပယ်မဲ(၁)မဲဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လူထုတွေ့ဆုံပွဲမှာ ကျွန်တော်ပါတယ်။ မကွေးတိုင်းလူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး ပါတယ်။ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ပါတယ်။ တောင်သူတွေပါတဲ့ ရွာလူထုနဲ့တွေ့ဆုံပြီးတော့ ဒီမိုကရေစီနည်းလမ်းတကျ မဲခွဲခဲ့တာပါ။ မဲဆန္ဒရှင်(၁၈၃)ဦးမှာ သဘွတ်ပင်ရွာ တောင်ဘက်က(၁၈၁)မဲ၊ မြောက်ဘက်က (၁)မဲ၊ ပယ်မဲက (၁)မဲ၊ အဲဒီလိုမဲခွဲပြီးမှ မဲသာတဲ့ တောင်ဘက်က ဖောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းကဲ့သို့ ဆန္ဒသဘောထားကောက်ခံရာတွင် တောင်သူများ၏ ဆန္ဒသဘောထားကိုမယူဘဲ လူထုသဘောထားကို ရယူသည်ဟုဆိုကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား တောင်သူ (၈၀)ကျော်က ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လယ်ရှင်ယာရှင်တွေရဲ့ဆန္ဒကိုအရင်ခံယူပါလို့ ပြောတာကိုလည်း လယ်ရှင်ယာရှင်တွေကိုမေးစရာမလိုဘူး လူထုကထောက်ခံရင်ပြီးတာပဲလို့ ပြောတာကြောင့် ဆန္ဒမဲပေးဖို့ရောက်လာကြတဲ့ တောင်ဘက်က ယာမလှူနိုင်ဘူးဆိုတဲ့သူတွေရော၊ မြောက်ဘက်က တောင်သူတွေရော ပြန်သွားကြပါတယ်။ ကျန်တဲ့သူနဲ့ ဆန္ဒခံယူလိုက်ပြီး တောင်ဘက်က မဲအသာရတယ်ဆိုပြီး ဦးအောင်တင်လင်းက တောင်ဘက်ကဖောက်ဖို့ ဆုံးဖြတ်လိုက်တယ်” ဟု ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ သဘွတ်ပင်ကျေးရွာမှ ဦးညီမြက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သဘွတ်ပင်ကျေးရွာမှ တောင်သူ(၈၀)ကျော်က နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုရှေ့ ကွင်းပြင်မှ မြို့တွင်းသို့ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~