NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သံတမန်များအား ရှင်းလင်း

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သံတမန်များအား ရှင်းလင်း
အောကျတိုဘာ 18, 2018
By Tachileik News Agency


NCA သုံးနှစ်ပြည့်ဖြစ်သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့မှစ၍ နေပြည်တော်တွင် (၂)ရက်ကြာ အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့မှ ခေါင်းဆောင်များ သီးသန့်ဆွေးနွေးခဲ့ကြပြီးနောက် အောက်တိုဘာလ (၁၇)ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္တအစည်းအဝေး ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကိုလည်း ကျင်းပခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အစိုးရဘက်မှ ဒေါက်တာတင်မျိုးဝင်း၊ ဦးအောင်စိုး၊ ဦးဇော်ဌေး၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဗိုလ်ချုပ် တင်မောင်ဝင်း၊ ဗိုလ်ချုပ် စန်းမြင့်နှင့် ဗိုလ်မှူးချုပ် စိန်ထွန်းလှတို့ ပါဝင်သည့်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ပဒိုစောကွယ်ထူးဝင်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ရဲဘော်မျိုးဝင်း၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ နိုင်အောင်မငေးနှင့် ဗိုလ်မှူးကြီး ဆော်လမွန်တို့ပါဝင်သည့်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။




ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ပထမအစည်းအဝေးကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင် လည်းကောင်း၊ ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလတွင်လည်းကောင်း ကျင်းပခဲ့ပြီး ညီလာခံ အစည်းအဝေးများမကျင်းပသည့် အချိန်များတွင်လည်း အလွတ်သဘောအစည်းအဝေးများ၊ NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များဖြင့် ဆွေးနွေးမှုများလည်း လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - NCA-S EAO


~~~~~~~~⊰❂ unicode ~~~~~~~~


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သံတမန်များအား စုစည်းရှင်းလင်းတင်ပြသည့် ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ Best Western Green Hill Hotel တွင်ပြုလုပ်ကြောင်း သိရသည်။

NCA သုံးနှစ်ပြည့်ဖြစ်သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့မှစ၍ နပြေည်တော်တွင် (၂)ရက်ကြာ အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့မှ ခေါင်းဆောင်များ သီးသန့်ဆွေးနွေးခဲ့ကြပြီးနောက် အောက်တိုဘာလ (၁၇)ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္တအစည်းအဝေး ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကိုလည်း ကျင်းပခဲ့ခြင်းဖြစ်သည်။

နပြေည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အစိုးရဘက်မှ ဒေါက်တာတင်မျိုးဝင်း၊ ဦးအောင်စိုး၊ ဦးဇော်ဌေး၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဗိုလ်ချုပ် တင်မောင်ဝင်း၊ ဗိုလ်ချုပ် စန်းမြင့်နှင့် ဗိုလ်မှူးချုပ် စိန်ထွန်းလှတို့ ပါဝင်သည့်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ပဒိုစောကွယ်ထူးဝင်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ရဲဘော်မျိုးဝင်း၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ နိုင်အောင်မငေးနှင့် ဗိုလ်မှူးကြီး ဆော်လမွန်တို့ပါဝင်သည့်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယခု ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များအပြင် လက်မှတ်မထိုးထားသည့်အဖွဲ့များလည်း တက်ရောက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင် ပင်လုံညီလာခံအစည်းအဝေးကို (၃)ကြိမ်ကျင်းပခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း (၁)ကို (၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေး၌ လက်မှတ်ရေးထိုးခဲ့ပြီး တတိယအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း(၂)မှ အခြေခံမူ(၁၄)ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါတက်ရောက်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယညီလာခံတွင် ၂၀၁၈ ခုနှစ်အတွင်း ညီလာခံ(၁)ကြိမ်၊ ၂၀၁၉ ခုနှစ် အတွင်း ညီလာခံ (၂)ကြိမ် ဆက်လက်ကျင်းပသွားရန်၊ ဆက်လက် ကျင်းပသည့် ညီလာခံများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများချမှတ်နိုင်ရေးနှင့် ၂၀၂၀ ပြည့်နှစ်တွင် ညီလာခံကို လိုအပ်သလိုကျင်းပနိုင်ရေးတို့ကို ဆွေးနွေးသဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ပထမအစည်းအဝေးကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင် လည်းကောင်း၊ ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလတွင်လည်းကောင်း ကျင်းပခဲ့ပြီး ညီလာခံ အစည်းအဝေးများမကျင်းပသည့် အချိန်များတွင်လည်း အလွတ်သဘောအစည်းအဝေးများ၊ NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များဖြင့် ဆွေးနွေးမှုများလည်း လုပ်ဆောင်နခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - NCA-S EAO

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~