တာခ်ီလိတ္ခရိုင္စုေပါင္းရံုးတည္ေဆာက္ေရးလုပ္ငန္းခြင္မွ ေျမသယ္ယာဥ္မ်ား ဒဏ္ရိုက္ခံရ

တာခ်ီလိတ္ခရိုင္စုေပါင္းရံုးတည္ေဆာက္ေရးလုပ္ငန္းခြင္မွ ေျမသယ္ယာဥ္မ်ား ဒဏ္ရိုက္ခံရ
အောက်တိုဘာ 16, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ အဓိကလမ္းမႀကီးျဖစ္သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးရိွ ခရိုင္စုေပါင္းရံုးတည္ေဆာက္ေရးလုပ္ငန္းခြင္မွ ေျမသယ္ယာဥ္မ်ား စည္းကမ္းမလုိက္နာမႈျဖင့္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၆)ရက္ေန႔တြင္ စည္ပင္သာယာေရးဌာနက အေရးယူလုိက္ေၾကာင္း သိရသည္။

“ဒီေန႔ လမ္းေပၚေျမႀကီးေတြက်ေနတာေတြ လုိက္ၾကည့္ေတာ့ ခရိုင္စုေပါင္းရံုးက ျဖစ္ေနတယ္။ ဒါနဲ႔ သူတို႔ကို ေသခ်ာဂရုစိုက္သယ္ဖုိ႔လည္း ေျပာၿပီး ဒဏ္ေၾကးလည္းသြင္းခိုင္းထားပါတယ္။ ကၽြန္ေတာ္တို႔ဌာနအေနနဲ႔ အုတ္သဲေက်ာက္လုပ္ငန္းရွင္ေတြဆီကို စာထုတ္ၿပီးလည္း အသိေပးထားတာရိွပါတယ္။ လုပ္ငန္းရွင္ေတြက မႀကီးၾကပ္ႏုိင္တာလား ယာဥ္ေမာင္းေတြကပဲ မလုိက္နာတာလားမသိဘူး။ စည္းကမ္းတက်သယ္တာေတြ မလုပ္ၾကေသးဘူး”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္ရိွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးေဟာင္းေျမေနရာတြင္ တာခ်ီလိတ္ခရိုင္စုေပါင္းရံုးကို ၂၀၁၇ - ၂၀၁၈ ဘ႑ာေရးႏွစ္ ခြင့္ျပဳရန္ပံုေငြ က်ပ္သိန္းေပါင္း (၁၅၀၀၀)ျဖင့္ သံကူကြန္ကရစ္အေဆာက္အဦကို ၀င္းထက္ျမန္မာေဆာက္လုပ္ေရးကုမၸဏီက ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလမွ စတင္တာ၀န္ယူတည္ေဆာက္ေနျခင္းျဖစ္သည္။

အုတ္၊သဲ၊ေက်ာက္၊ ထံုး၊ ေျမသယ္ယာဥ္မ်ားအေနျဖင့္ ပစၥည္းမ်ားသယ္ေဆာင္ရာတြင္ လမ္းေပၚသို႔ ဖိတ္က်မႈမရိွေစရန္ အမိုးအကာမ်ား ျပဳလုပ္တင္ေဆာင္ရန္၊ ယာဥ္၏ေဘးေဘာင္သို႔ေက်ာ္၍ တင္ေဆာင္ျခင္းမျပဳရန္၊ ေနာက္ပိတ္တံခါးဖြင့္၍ ေမာင္းႏွင္ျခင္းမျပဳရန္တို႔ကို လိုက္နာေဆာင္ရြက္ၾကရျခင္းျဖစ္သည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ အုတ္၊သဲ၊ေက်ာက္၊ေျမသယ္ယာဥ္မ်ား ပစၥည္းသယ္ရာ၌ လမ္းေပၚဖိတ္က်မႈမရိွေစဘဲ သယ္ေဆာင္ရန္အျပင္ ယာဥ္စည္းကမ္း၊လမ္းစည္းကမ္းလိုက္နာေရးအတြက္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁)ရက္ေန႔မွ (၂၀)ရက္ေန႔အထိ ရက္ေပါင္း(၂၀)ပညာေပးေဆာင္ရြက္ၿပီးေနာက္
ရွမ္းျပည္နယ္ စည္ပင္သာယာေရး အက္ဥပေဒျဖင့္ အေရးယူမႈမ်ား လုပ္ေဆာင္ေနၿပီျဖစ္သည္။
Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်စုပေါင်းရုံးတည်ဆောက်ရေးလုပ်ငန်းခွင်မှ မြေသယ်ယာဉ်များ ဒဏ်ရိုက်ခံရ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အဓိကလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ခရိုင်စုပေါင်းရုံးတည်ဆောက်ရေးလုပ်ငန်းခွင်မှ မြေသယ်ယာဉ်များ စည်းကမ်းမလိုက်နာမှုဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့တွင် စည်ပင်သာယာရေးဌာနက အရေးယူလိုက်ကြောင်း သိရသည်။

“ဒီနေ့ လမ်းပေါ်မြေကြီးတွေကျနေတာတွေ လိုက်ကြည့်တော့ ခရိုင်စုပေါင်းရုံးက ဖြစ်နေတယ်။ ဒါနဲ့ သူတို့ကို သေချာဂရုစိုက်သယ်ဖို့လည်း ပြောပြီး ဒဏ်ကြေးလည်းသွင်းခိုင်းထားပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ အုတ်သဲကျောက်လုပ်ငန်းရှင်တွေဆီကို စာထုတ်ပြီးလည်း အသိပေးထားတာရှိပါတယ်။ လုပ်ငန်းရှင်တွေက မကြီးကြပ်နိုင်တာလား ယာဉ်မောင်းတွေကပဲ မလိုက်နာတာလားမသိဘူး။ စည်းကမ်းတကျသယ်တာတွေ မလုပ်ကြသေးဘူး”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်းမြေနေရာတွင် တာချီလိတ်ခရိုင်စုပေါင်းရုံးကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်းပေါင်း (၁၅၀၀၀)ဖြင့် သံကူကွန်ကရစ်အဆောက်အဦကို ဝင်းထက်မြန်မာဆောက်လုပ်ရေးကုမ္ပဏီက ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်တာဝန်ယူတည်ဆောက်နေခြင်းဖြစ်သည်။

အုတ်၊သဲ၊ကျောက်၊ ထုံး၊ မြေသယ်ယာဉ်များအနေဖြင့် ပစ္စည်းများသယ်ဆောင်ရာတွင် လမ်းပေါ်သို့ ဖိတ်ကျမှုမရှိစေရန် အမိုးအကာများ ပြုလုပ်တင်ဆောင်ရန်၊ ယာဉ်၏ဘေးဘောင်သို့ကျော်၍ တင်ဆောင်ခြင်းမပြုရန်၊ နောက်ပိတ်တံခါးဖွင့်၍ မောင်းနှင်ခြင်းမပြုရန်တို့ကို လိုက်နာဆောင်ရွက်ကြရခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အုတ်၊သဲ၊ကျောက်၊မြေသယ်ယာဉ်များ ပစ္စည်းသယ်ရာ၌ လမ်းပေါ်ဖိတ်ကျမှုမရှိစေဘဲ သယ်ဆောင်ရန်အပြင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာရေးအတွက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ ရက်ပေါင်း(၂၀)ပညာပေးဆောင်ရွက်ပြီးနောက်
ရှမ်းပြည်နယ် စည်ပင်သာယာရေး အက်ဥပဒေဖြင့် အရေးယူမှုများ လုပ်ဆောင်နေပြီဖြစ်သည်။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~