တာခ်ီလိတ္ခရိုင္ရိွ ျမန္မာ - လာအိုနယ္စပ္ဝင္ထြက္ေပါက္ဖြင့္လွစ္ၿပီး (၁၇)ရက္အတြင္း လာအိုႏုိင္ငံသား (၁၁၄)ဦး ဝင္ေရာက္လည္ပတ္

တာခ်ီလိတ္ခရိုင္ရိွ ျမန္မာ - လာအိုနယ္စပ္ဝင္ထြက္ေပါက္ဖြင့္လွစ္ၿပီး (၁၇)ရက္အတြင္း လာအိုႏုိင္ငံသား (၁၁၄)ဦး ဝင္ေရာက္လည္ပတ္
အောက်တိုဘာ 9, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္တြင္ တတိယေျမာက္ အျပည္ျပည္ဆိုင္ရာ နယ္စပ္ဝင္ထြက္ေပါက္ ျဖစ္သည့္ ျမန္မာ - လာအိုနယ္စပ္ဝင္ထြက္ေပါက္စတင္ဖြင့္လွစ္လိုက္သည့္ေန႔မွစ၍ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၇)ရက္ေန႔အထိ လာအိုႏုိင္ငံသား (၁၁၄)ဦး ဝင္ေရာက္လည္ပတ္ေၾကာင္း သိရသည္။

အဆိုပါ နယ္စပ္ဝင္ထြက္ေပါက္ကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၀)ရက္ေန႔တြင္ စတင္ဖြင့္လွစ္လိုက္ၿပီးေနာက္ စက္တင္ဘာလ (၂၇)ရက္ေန႔မွစ၍ လာအိုႏုိင္ငံသားမ်ား စတင္ဝင္ေရာက္လာျခင္းျဖစ္ကာ ေအာက္တိုဘာလ (၇)ရက္ေန႔အထိ လာအိုႏုိင္ငံသား (၁၁၄)ဦး ဝင္ေရာက္ခဲ့ၿပီးျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန၏ စာရင္းအရ သိရသည္။

ျမန္မာႏုိင္ငံဘက္မွ တာခ်ီလိတ္ခရိုင္ က်ိဳင္းလပ္ၿမိဳ႕ႏွင့္ လာအိုႏုိင္ငံ စီအင္ေကာက္ၿမိဳ႕တို႔ကို ဆက္သြယ္ထားသည့္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးတံတားမွ နယ္စပ္ဝင္ထြက္ေပါက္မွေန၍ ႏွစ္ႏုိင္ငံသားမ်ားအား နယ္စပ္ျဖတ္ေက်ာ္ခြင့္လက္မွတ္ျဖင့္ (၁၃)ညအိပ္ (၁၄)ရက္ခရီး ခြင့္ျပဳထားျခင္းျဖစ္ကာ ျမန္မာႏုိင္ငံသားမ်ားကို လာအိုႏုိင္ငံ ေလာင္နန္သာခရိုင္ ေမာင္စင္ၿမိဳ႕ႏွင့္ ေမာင္ေလာင္ၿမိဳ႕မ်ားအထိ ခြင့္ျပဳထားၿပီး လာအိုႏုိင္ငံသားမ်ားကို တာခ်ီလိတ္ၿမိဳ႕ႏွင့္ မုိင္းေယာင္းၿမိဳ႕မ်ားအထိ သြားလာခြင့္ျပဳထားေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္အတြင္း ျမန္မာ - လာအိုနယ္စပ္ျဖစ္သည့္ မဲေခါင္ျမစ္ေၾကာင္း အျပည္ျပည္ဆုိင္ရာ ျပည္တြင္းဆိပ္ကမ္း (ဝမ္ပံု) မွေန၍ နယ္စပ္ျဖတ္ေက်ာ္ခြင့္လက္မွတ္ျဖင့္ (၆)ညအိပ္ (၇)ရက္ခရီး ခြင့္ျပဳေပးထားၿပီး ျမန္မာႏုိင္ငံသားမ်ားကို လာအိုႏိုင္ငံ လံုတုိင္းထားျပည္နယ္အတြင္း ကီလိုမီတာ (၃၀)ခန္႔အထိလည္းေကာင္း၊ လာအိုႏုိင္ငံသားမ်ားကို တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းလည္းေကာင္း ခြင့္ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏိုင္ငံ၊ လာအိုႏိုင္ငံတုိ႔ျဖင့္ နယ္နမိတ္ထိစပ္ေနသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္း တာခ်ီလိတ္ - မယ္ဆိုင္ကို ဆက္သြယ္ထားသည့္ ျမန္မာ - ထုိင္းနယ္စပ္ဝင္ထြက္ေပါက္၊ ဝမ္ပံု - လံုတားထိုင္းဆက္သြယ္ထားသည့္ ဝမ္ပံုဆိပ္ကမ္းႏွင့္ က်ိဳင္းလပ္ - စီအင္ေကာက္ဆက္သြယ္ထားသည့္ ျမန္မာ - လာအိုနယ္စပ္ဝင္ထြက္ေပါက္မ်ား ဖြင့္လွစ္ထားျခင္းျဖစ္သည္။

သတင္း #ဇာႏွင္း
ဓါတ္ပံု -IMG

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်ရှိ မြန်မာ - လာအိုနယ်စပ်ဝင်ထွက်ပေါက်ဖွင့်လှစ်ပြီး (၁၇)ရက်အတွင်း လာအိုနိုင်ငံသား (၁၁၄)ဦး ဝင်ရောက်လည်ပတ်
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်တွင် တတိယမြောက် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ပေါက် ဖြစ်သည့် မြန်မာ - လာအိုနယ်စပ်ဝင်ထွက်ပေါက်စတင်ဖွင့်လှစ်လိုက်သည့်နေ့မှစ၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့အထိ လာအိုနိုင်ငံသား (၁၁၄)ဦး ဝင်ရောက်လည်ပတ်ကြောင်း သိရသည်။

အဆိုပါ နယ်စပ်ဝင်ထွက်ပေါက်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီးနောက် စက်တင်ဘာလ (၂၇)ရက်နေ့မှစ၍ လာအိုနိုင်ငံသားများ စတင်ဝင်ရောက်လာခြင်းဖြစ်ကာ အောက်တိုဘာလ (၇)ရက်နေ့အထိ လာအိုနိုင်ငံသား (၁၁၄)ဦး ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။

မြန်မာနိုင်ငံဘက်မှ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နှင့် လာအိုနိုင်ငံ စီအင်ကောက်မြို့တို့ကို ဆက်သွယ်ထားသည့် နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ နယ်စပ်ဝင်ထွက်ပေါက်မှနေ၍ နှစ်နိုင်ငံသားများအား နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် (၁၃)ညအိပ် (၁၄)ရက်ခရီး ခွင့်ပြုထားခြင်းဖြစ်ကာ မြန်မာနိုင်ငံသားများကို လာအိုနိုင်ငံ လောင်နန်သာခရိုင် မောင်စင်မြို့နှင့် မောင်လောင်မြို့များအထိ ခွင့်ပြုထားပြီး လာအိုနိုင်ငံသားများကို တာချီလိတ်မြို့နှင့် မိုင်းယောင်းမြို့များအထိ သွားလာခွင့်ပြုထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း မြန်မာ - လာအိုနယ်စပ်ဖြစ်သည့် မဲခေါင်မြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်း (ဝမ်ပုံ) မှနေ၍ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် (၆)ညအိပ် (၇)ရက်ခရီး ခွင့်ပြုပေးထားပြီး မြန်မာနိုင်ငံသားများကို လာအိုနိုင်ငံ လုံတိုင်းထားပြည်နယ်အတွင်း ကီလိုမီတာ (၃၀)ခန့်အထိလည်းကောင်း၊ လာအိုနိုင်ငံသားများကို တာချီလိတ်မြို့နယ်အတွင်းလည်းကောင်း ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့ဖြင့် နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း တာချီလိတ် - မယ်ဆိုင်ကို ဆက်သွယ်ထားသည့် မြန်မာ - ထိုင်းနယ်စပ်ဝင်ထွက်ပေါက်၊ ဝမ်ပုံ - လုံတားထိုင်းဆက်သွယ်ထားသည့် ဝမ်ပုံဆိပ်ကမ်းနှင့် ကျိုင်းလပ် - စီအင်ကောက်ဆက်သွယ်ထားသည့် မြန်မာ - လာအိုနယ်စပ်ဝင်ထွက်ပေါက်များ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

သတင်း #ဇာနှင်း
ဓါတ်ပုံ -IMG

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~