ထုိင္းအာဏာပိုင္မ်ားဝင္ေရာက္စစ္ေဆးေနသည့္ စမုစာခြန္ခရိုင္မွ ျမန္မာလုပ္သားမ်ား အခက္အခဲရိွပါက ဆက္သြယ္ရန္ အလုပ္သမားသံအရာရိွရံုးအသိေပးထား

ထုိင္းအာဏာပိုင္မ်ားဝင္ေရာက္စစ္ေဆးေနသည့္ စမုစာခြန္ခရိုင္မွ ျမန္မာလုပ္သားမ်ား အခက္အခဲရိွပါက ဆက္သြယ္ရန္ အလုပ္သမားသံအရာရိွရံုးအသိေပးထား
အောက်တိုဘာ 12, 2018
By 🌸
ထိုင္းနိုင္ငံအတြင္း ျမန္မာလုပ္သားအမ်ားအျပားရိွရာ စမုစာခြန္ခရိုင္၊ မဟာခ်ိဳင္တြင္ ထုိင္းအာဏာပိုင္အဖြဲ႕မွ ၀င္ေရာက္စစ္ေဆးလ်က္ရွိရာ ျမန္မာနိုင္ငံသားအလုပ္သမားမ်ားအေနျဖင့္ အခက္အခဲရိွပါက အလုပ္သမား သံအရာရွိရံုးနွင့္ MOEAF သို႔ မည္သူမဆို လာေရာက္ေနထိုင္ႏုိင္ၿပီး လာေရာက္ရန္အတြက္ အခက္အခဲရွိပါက ေမာ္ေတာ္ယာဥ္ စီစဥ္ေဆာင္ရြက္ေပးမည္ ျဖစ္ေၾကာင္း အလုပ္သမားသံအရာရိွရံုးက အသိေပးထားသည္။

ထိုင္းနုိင္ငံ၊ စမုစာခြန္ခရိုင္၊ မဟာခ်ိဳင္ရွိ AAC ေဂဟာအား ထုိင္းရဲတပ္ဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၀)ရက္ေန႔၌ ၀င္ေရာက္စစ္ေဆးမႈႏွင့္ပတ္သက္၍ ၀င္ေရာက္စစ္ေဆးရသည့္အေၾကာင္းရင္းႏွင့္ အေရးယူ ေဆာင္ရြက္မည့္အေျခအေနမ်ားကို အလုပ္သမားသံအရာရိွရံုးက ထုိင္းႏုိင္ငံမွ သက္ဆိုင္ရာဌာနအသီးသီးသို႔ တင္ျပေမးျမန္းထားၿပီး အဆိုပါေဒသရိွ ျမန္မာလုပ္သားမ်ား၏ ေနရာထိုင္ခင္း၊ ေနစားစရိတ္နွင့္ အလုပ္သမား အခြင့္အေရးမ်ားအတြက္ တာ၀န္ယူေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထုိင္းနိုင္ငံဆိုင္ရာျမန္မာသံအမတ္ႀကီးကလည္း ျမန္မာလုပ္သားမ်ားႏွင့္ ပတ္သက္သည့္ ကိစၥရပ္မ်ားကို ေစာင့္ၾကည့္ေဆာင္ရြက္ေစရန္ သံမွဴးႀကီးတစ္ဦးအား သီးသန္႔တာဝန္ေပးထားေၾကာင္း သိရသည္။

ထုိင္းအာဏာပိုင္မ်ားက ယင္းကဲ့သို႔ စစ္ေဆးျခင္းမွာ အလုပ္သမားမ်ားအား ဝင္ေရာက္စစ္ေဆးျခင္းမဟုတ္ဘဲ စစ္ေဆးသည့္အဖြဲ႕အေနျဖင့္ ရရိွသည့္အခ်က္အလက္မ်ားကို ထုိင္းႏုိင္ငံ အလုပ္သမားဝန္ႀကီးဌာနသို႔ ေပးပို႔သြားမည္ျဖစ္ရာ ဝန္ႀကီးဌာနက ျပန္လည္ျပန္ၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။

စမုစခြန္ေဒသတြင္ ျမန္မာလုပ္သားမ်ားရိွေနရာ နယ္ေျမအတြင္း ျမန္မာလုပ္သားမ်ားႏွင့္ပတ္သက္သည့္ ကိစၥမ်ားရိွပါက စမုစခြန္ရဲတပ္ဖြဲ႔အေနျဖင့္ အလုပ္သမား သံအရာရိွရံုးထံ ဆက္သြယ္အေၾကာင္းၾကားရန္ အလုပ္သမားသံအရာရိွရံုးအေနျဖင့္ ညိႇႏိႈင္းထားၿပီးျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ အလုပ္သမား(၃၆)ဦးကို MOEAF အဖြဲ႕ျဖင့္ ညိႇႏိႈင္းၿပီး ေနရာထုိင္ခင္းစီစဥ္ေပးထားသည့္အျပင္ အလုပ္သမားမ်ားအၽႊြက္ ေတာင္းဆိုေပးရန္ရိွပါက သက္ဆုိင္ရာဌာနမ်ားႏွင့္ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုင္းနုိင္ငံတြင္ ေရာက္ရွိေနေသာ ျမန္မာနိုင္ငံသားမ်ားအေနျဖင့္ အလုပ္သမားေရးရာကိစၥမ်ားအား အလုပ္သံအရာရွိရံုးျဖင့္လည္းေကာင္း၊ အျခားေသာ ေကာင္စစ္ဆို္င္ရာကိစၥရပ္မ်ားနွင့္ပတ္သက္၍ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာနိုင္ငံသံရံုး၏ သက္ဆိုင္ရာဌာန အရာရွိမ်ားျဖင့္ လည္းေကာင္း အခ်ိန္မေရြး လာေရာက္တုိင္ပင္ေဆြးေႏြးႏုိင္ေၾကာင္း အလုပ္သမားသံအရာရိွရံုးက သတင္းထုတ္ျပန္သည္။

ထုိင္းႏုိင္ငံရိွ အလုပ္သမားသံအရာရိွမ်ားထံ ဆက္သြယ္လိုပါက ၀၉ ၄၈ ၈၄ ၅၄ ၈၄၊ ၀၉ ၉၀ ၅၉ ၂၃ ၅၂၊ ၀၆၅ ၂၂၀၆၉၅၁ ႏွင့္ MOEAF ဖုန္းနံပါတ္ ၀၈၃ ၅၄၄ ၆၄၄၂ သို႔လည္းေကာင္း ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု -LA

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းအာဏာပိုင်များဝင်ရောက်စစ်ဆေးနေသည့် စမုစာခွန်ခရိုင်မှ မြန်မာလုပ်သားများ အခက်အခဲရှိပါက ဆက်သွယ်ရန် အလုပ်သမားသံအရာရှိရုံးအသိပေးထား
***************
ထိုင်းနိုင်ငံအတွင်း မြန်မာလုပ်သားအများအပြားရှိရာ စမုစာခွန်ခရိုင်၊ မဟာချိုင်တွင် ထိုင်းအာဏာပိုင်အဖွဲ့မှ ဝင်ရောက်စစ်ဆေးလျက်ရှိရာ မြန်မာနိုင်ငံသားအလုပ်သမားများအနေဖြင့် အခက်အခဲရှိပါက အလုပ်သမား သံအရာရှိရုံးနှင့် MOEAF သို့ မည်သူမဆို လာရောက်နေထိုင်နိုင်ပြီး လာရောက်ရန်အတွက် အခက်အခဲရှိပါက မော်တော်ယာဉ် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက အသိပေးထားသည်။

ထိုင်းနိုင်ငံ၊ စမုစာခွန်ခရိုင်၊ မဟာချိုင်ရှိ AAC ဂေဟာအား ထိုင်းရဲတပ်ဖွဲ့က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့၌ ဝင်ရောက်စစ်ဆေးမှုနှင့်ပတ်သက်၍ ဝင်ရောက်စစ်ဆေးရသည့်အကြောင်းရင်းနှင့် အရေးယူ ဆောင်ရွက်မည့်အခြေအနေများကို အလုပ်သမားသံအရာရှိရုံးက ထိုင်းနိုင်ငံမှ သက်ဆိုင်ရာဌာနအသီးသီးသို့ တင်ပြမေးမြန်းထားပြီး အဆိုပါဒေသရှိ မြန်မာလုပ်သားများ၏ နေရာထိုင်ခင်း၊ နေစားစရိတ်နှင့် အလုပ်သမား အခွင့်အရေးများအတွက် တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကလည်း မြန်မာလုပ်သားများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စောင့်ကြည့်ဆောင်ရွက်စေရန် သံမှူးကြီးတစ်ဦးအား သီးသန့်တာဝန်ပေးထားကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များက ယင်းကဲ့သို့ စစ်ဆေးခြင်းမှာ အလုပ်သမားများအား ဝင်ရောက်စစ်ဆေးခြင်းမဟုတ်ဘဲ စစ်ဆေးသည့်အဖွဲ့အနေဖြင့် ရရှိသည့်အချက်အလက်များကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့သွားမည်ဖြစ်ရာ ဝန်ကြီးဌာနက ပြန်လည်ပြန်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

စမုစခွန်ဒေသတွင် မြန်မာလုပ်သားများရှိနေရာ နယ်မြေအတွင်း မြန်မာလုပ်သားများနှင့်ပတ်သက်သည့် ကိစ္စများရှိပါက စမုစခွန်ရဲတပ်ဖွဲ့အနေဖြင့် အလုပ်သမား သံအရာရှိရုံးထံ ဆက်သွယ်အကြောင်းကြားရန် အလုပ်သမားသံအရာရှိရုံးအနေဖြင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အလုပ်သမား(၃၆)ဦးကို MOEAF အဖွဲ့ဖြင့် ညှိနှိုင်းပြီး နေရာထိုင်ခင်းစီစဉ်ပေးထားသည့်အပြင် အလုပ်သမားများအျွှွက် တောင်းဆိုပေးရန်ရှိပါက သက်ဆိုင်ရာဌာနများနှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် အလုပ်သမားရေးရာကိစ္စများအား အလုပ်သံအရာရှိရုံးဖြင့်လည်းကောင်း၊ အခြားသော ကောင်စစ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၏ သက်ဆိုင်ရာဌာန အရာရှိများဖြင့် လည်းကောင်း အချိန်မရွေး လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိများထံ ဆက်သွယ်လိုပါက ၀၉ ၄၈ ၈၄ ၅၄ ၈၄၊ ၀၉ ၉၀ ၅၉ ၂၃ ၅၂၊ ၀၆၅ ၂၂၀၆၉၅၁ နှင့် MOEAF ဖုန်းနံပါတ် ၀၈၃ ၅၄၄ ၆၄၄၂ သို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ -LA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~