လိုင္စင္မဲ့ယာဥ္ အသံုးျပဳမႈနည္းသည့္ မေကြးတိုင္းအတြင္း ၿမိဳ႕ဝင္ဘီးခြန္ကို ဂိတ္ျဖင့္ေကာက္ခံသည့္စနစ္ ဖ်က္သိမ္း

လိုင္စင္မဲ့ယာဥ္ အသံုးျပဳမႈနည္းသည့္ မေကြးတိုင္းအတြင္း ၿမိဳ႕ဝင္ဘီးခြန္ကို ဂိတ္ျဖင့္ေကာက္ခံသည့္စနစ္ ဖ်က္သိမ္း
အောက်တိုဘာ 2, 2018
By 🌸
လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ အသံုးျပဳမႈနည္းသည့္အတြက္ မေကြးတိုင္းေဒသႀကီးအတြင္း ၿမိဳ႕ဝင္ဘီးခြန္ေကာက္ခံဂိတ္မ်ားဖ်က္သိမ္းျခင္းေၾကာင့္ စည္ပင္သာယာေရးဌာနအေနျဖင့္ အခြန္ရရိွမႈ တိုးလာႏုိင္ဖြယ္ရိွသည္ဟု မေကြးၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက သံုးသပ္ေျပာဆိုလိုက္သည္။

"ၿမိဳ႕ဝင္ေၾကးဂိတ္ေတြဖ်က္သိမ္းလိုက္တာေၾကာင့္ လတ္တေလာေတာ့ စည္ပင္ခြန္ရရိွမႈေလ်ာ့နည္းသြားႏိုင္တယ္ဆိုေပမဲ့ ေရ႐ွည္မွာေတာ့ အခြန္ရရိွမႈက ပိုၿပီးေတာင္ အဆင္ေျပသြားႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကညနမွာ ယာဥ္လိုင္စင္ေတြ သက္တမ္းတိုးတဲ့အခါ ဘီးခြန္ကို တစ္ပါတည္းေကာက္ခံသြားမွာျဖစ္လို႔ ၿမိဳ႕ဝင္ေၾကးဂိတ္ တင္ဒါေပးတာထက္ စည္ပင္ကို အျပည့္အဝ အခြန္ေငြေရာက္ရိွလာမွာျဖစ္လို႔ပါ။ လိုင္စင္မဲ့ ဆိုတာကလည္း ဆိုင္ကယ္တစ္ခ်ိဳ႕ေလာက္ပဲရိွႏိုင္ပါတယ္။ ဒါကိုလည္း ယာဥ္စည္းကမ္း ေ႐ွာင္တခင္စစ္ေဆးမႈေတြနဲ႔ လိုင္စင္မဲ့ေတြကိုေဖာ္ထုတ္ျခင္းနဲ႔ ေလ်ွာ့ခ်သြားႏိုင္မွာပါ"ဟု မေကြးၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးဖိုးနီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတုိင္းေဒသႀကီးၿမိဳ႕နယ္အသီးသီးတြင္ ၿမိဳ႕ဝင္ဘီးခြန္ေကာက္ခံသည့္ဂိတ္မ်ားျဖင့္ ဘီးခြန္ေကာက္သည့္စနစ္ကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁)ရက္ေန႔မွစတင္၍ ဖ်က္သိမ္းလိုက္ၿပီျဖစ္ရာ ေမာ္ေတာ္ယာဥ္ဘီးခြန္ကို လိုင္စင္သက္တမ္းတိုးခ်ိန္တြင္ ေပးေဆာင္သြားရမည္ျဖစ္ေၾကာင္း သိရသည္။

မေကြးတုိင္းေဒသႀကီးတြင္ ၿမိဳ႕ဝင္ဘီးခြန္ေကာက္ခံသည့္ဂိတ္မ်ားအား ေလလံေပးရာမွ ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္တြင္ က်ပ္သိန္းေပါင္း (၁၀၀၀၀) ေက်ာ္ရရိွခဲ့ရာ ဘီးခြန္ဂိတ္ျဖင့္ေကာက္ခံသည့္စနစ္ကို ဖ်က္သိမ္းျခင္းေၾကာင့္ အခြန္ေငြေလ်ာ့သြားႏုိင္ေသာ္လည္း ေမာ္ေတာ္ယာဥ္မ်ားအေနျဖင့္ လိုင္စင္ဝင္ခ်ိန္တြင္ ဘီးခြန္တစ္ေပါင္းတည္း ေပးေဆာင္ျခင္းျဖင့္ ပူးေပါင္းပါဝင္လာရန္ႏွင့္ သက္ဆုိင္ရာဌာနမ်ားအေနျဖင့္ မွန္မွန္ကန္ကန္ၾကပ္မတ္ေဆာင္ရြက္ရန္ ေမွ်ာ္လင့္ထားေၾကာင္း မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ စီမံကိန္း၊ဘ႑ာေရးႏွင့္ စည္ပင္သာယာေရးဝန္ႀကီး ဦးေဇာ္မင္းက ဆုိသည္။

ေမာ္ေတာ္ယာဥ္မ်ား၊ ဆုိင္ကယ္မ်ားအား လမ္းအသံုးျပဳခကို ဘီးခြန္ေကာက္သည့္ဂိတ္မ်ားကို ပုဂၢလိကအား ေလလံေပး၍ ေကာက္ခံေစသည့္စနစ္ကို မေကြးတုိင္းအတြင္း ဖ်က္သိမ္းရန္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၃၁)ရက္ေန႔က က်င္းပသည့္ မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ အစည္းအေဝးတြင္ ဆံုးျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
လိုင်စင်မဲ့ယာဉ် အသုံးပြုမှုနည်းသည့် မကွေးတိုင်းအတွင်း မြို့ဝင်ဘီးခွန်ကို ဂိတ်ဖြင့်ကောက်ခံသည့်စနစ် ဖျက်သိမ်း
***************
လိုင်စင်မဲ့မော်တော်ယာဉ် အသုံးပြုမှုနည်းသည့်အတွက် မကွေးတိုင်းဒေသကြီးအတွင်း မြို့ဝင်ဘီးခွန်ကောက်ခံဂိတ်များဖျက်သိမ်းခြင်းကြောင့် စည်ပင်သာယာရေးဌာနအနေဖြင့် အခွန်ရရှိမှု တိုးလာနိုင်ဖွယ်ရှိသည်ဟု မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီက သုံးသပ်ပြောဆိုလိုက်သည်။

"မြို့ဝင်ကြေးဂိတ်တွေဖျက်သိမ်းလိုက်တာကြောင့် လတ်တလောတော့ စည်ပင်ခွန်ရရှိမှုလျော့နည်းသွားနိုင်တယ်ဆိုပေမဲ့ ရေရှည်မှာတော့ အခွန်ရရှိမှုက ပိုပြီးတောင် အဆင်ပြေသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကညနမှာ ယာဉ်လိုင်စင်တွေ သက်တမ်းတိုးတဲ့အခါ ဘီးခွန်ကို တစ်ပါတည်းကောက်ခံသွားမှာဖြစ်လို့ မြို့ဝင်ကြေးဂိတ် တင်ဒါပေးတာထက် စည်ပင်ကို အပြည့်အဝ အခွန်ငွေရောက်ရှိလာမှာဖြစ်လို့ပါ။ လိုင်စင်မဲ့ ဆိုတာကလည်း ဆိုင်ကယ်တစ်ချို့လောက်ပဲရှိနိုင်ပါတယ်။ ဒါကိုလည်း ယာဉ်စည်းကမ်း ရှောင်တခင်စစ်ဆေးမှုတွေနဲ့ လိုင်စင်မဲ့တွေကိုဖော်ထုတ်ခြင်းနဲ့ လျှော့ချသွားနိုင်မှာပါ"ဟု မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဖိုးနီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးမြို့နယ်အသီးသီးတွင် မြို့ဝင်ဘီးခွန်ကောက်ခံသည့်ဂိတ်များဖြင့် ဘီးခွန်ကောက်သည့်စနစ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှစတင်၍ ဖျက်သိမ်းလိုက်ပြီဖြစ်ရာ မော်တော်ယာဉ်ဘီးခွန်ကို လိုင်စင်သက်တမ်းတိုးချိန်တွင် ပေးဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် မြို့ဝင်ဘီးခွန်ကောက်ခံသည့်ဂိတ်များအား လေလံပေးရာမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း (၁၀၀၀၀) ကျော်ရရှိခဲ့ရာ ဘီးခွန်ဂိတ်ဖြင့်ကောက်ခံသည့်စနစ်ကို ဖျက်သိမ်းခြင်းကြောင့် အခွန်ငွေလျော့သွားနိုင်သော်လည်း မော်တော်ယာဉ်များအနေဖြင့် လိုင်စင်ဝင်ချိန်တွင် ဘီးခွန်တစ်ပေါင်းတည်း ပေးဆောင်ခြင်းဖြင့် ပူးပေါင်းပါဝင်လာရန်နှင့် သက်ဆိုင်ရာဌာနများအနေဖြင့် မှန်မှန်ကန်ကန်ကြပ်မတ်ဆောင်ရွက်ရန် မျှော်လင့်ထားကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ဆိုသည်။

မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား လမ်းအသုံးပြုခကို ဘီးခွန်ကောက်သည့်ဂိတ်များကို ပုဂ္ဂလိကအား လေလံပေး၍ ကောက်ခံစေသည့်စနစ်ကို မကွေးတိုင်းအတွင်း ဖျက်သိမ်းရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့က ကျင်းပသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~