သားျဖစ္သူကို ပစ္သတ္သည့္ တပ္မေတာ္သားတစ္ဦးကို အေရးယူေပးရန္ မိခင္ျဖစ္သူက ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထား

သားျဖစ္သူကို ပစ္သတ္သည့္ တပ္မေတာ္သားတစ္ဦးကို အေရးယူေပးရန္ မိခင္ျဖစ္သူက ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထား
အောက်တိုဘာ 2, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္၊ ေခ်ာင္းေခ်ာက္ေက်းရြာအုပ္စု၊ ေနာင္အန္းေက်းရြာအနီးတြင္ အသက္ (၃၄)ႏွစ္အရြယ္ သားျဖစ္သူကို တပ္မေတာ္သားတစ္ဦးက ပစ္သတ္သည္ဟုသိရသျဖင့္ အေရးယူေပးရန္ ေအာက္တိုဘာလ (၂) ရက္ေန႔  နံနက္(၁)နာရီေက်ာ္က ေက်ာက္မဲၿမိဳ႕မရဲစခန္း၌ အမ်ိဳးသမီးတစ္ဦးက အမႈလာဖြင့္ထားေၾကာင္း သိရသည္။

သီေပါ ၿမိဳ႕နယ္ ေနာင္အန္းေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီး မုိင္တိုင္အမွတ္ ၁၁၈/၇ ႏွင့္ ေပ(၃၀)ခန္႔အရိွ ယာခင္းသြား လွည္းလမ္းေပၚတြင္ ၎၏သားျဖစ္သူ အိုက္ထြန္းမွာ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၁)ရက္ေန႔ ည(၇)နာရီခြဲဝန္းက်င္က ေက်ာကုန္းက်ည္ေဖါက္ဝင္ဒဏ္ရာျဖင့္ ေသဆံုးေနၿပီး အိုက္ထြန္းကို သီေပါၿမိဳ႕ အမွတ္(၅၀၄) ေျချမန္တပ္ရင္းမွ အမည္မသိ တပ္မေတာ္သားတစ္ဦးက ပစ္ခတ္ခဲ့သည္ဟု ေဒသခံတစ္ဦးက အိုက္ထြန္း၏မိခင္ျဖစ္သူထံ လာေျပာသျဖင့္ အမႈဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ေသဆံုးသူကို သီေပါၿမိဳ႕ နယ္စည္းမျခား ပရဟိတအသင္းက ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အမွတ္(၅၀၄)ေျချမန္တပ္ရင္း(သီေပါ)မွ တပ္သားအား စံုစမ္းအေရးယူႏုိင္ရန္ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ)၄၀၆/၁၈၊ ရာဇသတ္ႀကီး ပုဒ္မ-၃၀၂ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ေနာင္အန္းေက်းရြာမွာ ေက်ာက္မဲၿမိဳ႕ႏွင့္ (၁၀)မိုင္ခန္႔အကြာတြင္ တည္ရိွေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - နယ္စည္းမျခား

~~~~~~~~⊰❂ unicode ~~~~~~~~
ားြဖစ်သူကို ပစ်သတ်သည့် တပ်မေတာ်သားတစ်ဦးကို အေရးယူေပးရန် မိခင်ြဖစ်သူက ေကျာက်မဲြမို့မရဲစခန်းတွင် အမှုဖွင့်ထား
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ ချောင်းချောက်ကျေးရွာအုပ်စု၊ နောင်အန်းကျေးရွာအနီးတွင် အသက် (၃၄)နှစ်အရွယ် သားဖြစ်သူကို တပ်မတော်သားတစ်ဦးက ပစ်သတ်သည်ဟုသိရသဖြင့် အရေးယူပေးရန် အောက်တိုဘာလ (၂) ရက်နေ့  နံနက်(၁)နာရီကျော်က ကျောက်မဲမြို့မရဲစခန်း၌ အမျိုးသမီးတစ်ဦးက အမှုလာဖွင့်ထားကြောင်း သိရသည်။

သီပေါ မြို့နယ် နောင်အန်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၁၈/၇ နှင့် ပေ(၃၀)ခန့်အရှိ ယာခင်းသွား လှည်းလမ်းပေါ်တွင် ၎င်း၏သားဖြစ်သူ အိုက်ထွန်းမှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်က ကျောကုန်းကျည်ဖေါက်ဝင်ဒဏ်ရာဖြင့် သေဆုံးနေပြီး အိုက်ထွန်းကို သီပေါမြို့ အမှတ်(၅၀၄) ခြေမြန်တပ်ရင်းမှ အမည်မသိ တပ်မတော်သားတစ်ဦးက ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက အိုက်ထွန်း၏မိခင်ဖြစ်သူထံ လာပြောသဖြင့် အမှုဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူကို သီပေါမြို့ နယ်စည်းမခြား ပရဟိတအသင်းက ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၅၀၄)ခြေမြန်တပ်ရင်း(သီပေါ)မှ တပ်သားအား စုံစမ်းအရေးယူနိုင်ရန် ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၄၀၆/၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
နောင်အန်းကျေးရွာမှာ ကျောက်မဲမြို့နှင့် (၁၀)မိုင်ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - နယ်စည်းမခြား

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~